
ရဟန်းမင်းကြီးလီယို (၁၄) ၏ပထမဦးဆုံးစာအုပ်နှင့်ဗွီဒီယိုမှတ်တမ်းမကြာမီဖြန့်ချီမည်။

ရဟန်းမင်းကြီးလေအို (၁၄) သည် ရဟန်းမင်းကြီးအမှုတော်ကိုထမ်းဆောင်ခဲ့သည်မှာ (၆) လ စွန်းခဲ့ပြီ ဖြစ်သည်။ သူသည်စာချွန်တော်တစ်စောင်ကိုလည်းအောက်တိုဘာလ (၉) ရက်နေ့ကထုတ်ဝေခဲ့ပြီး ဖြစ် သည်။ ထို့အတူယခုလ နို၀င်ဘာ (၂၁) ရက်နေ့၌လည်းသူ၏ပထမဦးဆုံးစာအုပ်ကိုလည်းထုတ်ဝေဖြန့်ချီ တော့မည်ဖြစ်သည်။ ရဟန်းမင်းကြီး၏အတွေးအမြင်များ၊ လုပ်ဆောင်ချက်များ၊ ရပ်တည်ချက်များကို ရှင်း လင်းပြတ်သားစွာဖတ်ရူနိုင်မည်ဖြစ်၍ဘာသာတူများဖတ်ရူသင့်၊ ဆောင်ထားသင့်၊ လက်ဆောင် ပေးရန်လွန် သင့်သောစာအုပ်တစ်အုပ်ဖြစ်မည်ဟုလည်းယုံကြည်ပါသည်။
ထိုစာအုပ်ထဲ၌ ကျွန်ုပ်တို့သည်အကွက်ချ၍မတရားမှုကျူးလွန်ခြင်းကိုလုံး၀သီးမခံနိုင်။ ချမ်းသာသူ များ သည် ဆက်၍ချမ်းသာနေကြသည်။ ဆင်းရဲသူများသည်ဆင်းရဲမြဲဆင်းရနေကြသည်ဟု ရဟန်းမင်းကြီး ကသူ၏ ပုံနှိပ်ထုတ်ဝေခြင်းမပြုရသေးသောစာအုပ်၌နိဒါန်းပျိုးထားသည်။ ဤစာအုပ်ကို အီတလီ ဘာသာစကား ဖြင့်ရေးသားထားပြီး ‘La forza del Vangelo. La fede cristiana in 10 parole (The Power of the Gospel: The Christian Faith in 10 Words ဧ၀ံဂေလိတရားတော်၏အား၊ ခရစ်ယာန် တို့၏ယုံကြည်ခြင်း ကိုစကား (၁၀) ခွန်းဖြင့်ဖော်ပြခြင်း)’ သည်။ ဤစာအုပ်ကိုဗာတီကန်ပုံနှိပ်တိုက်၌ ရိုက် နှိပ်ပြီး လာမည့်နို၀င် ဘာ (၂၀) ရက်နေ့၌ဖြန့်ချီမည်ဖြစ်သည်။
ဤစာအုပ်ကို Lorenzo Fazzini မှတည်းဖြတ်ထားသည်။ သူသည်ဗာတီကန်ပုံနှိပ်တိုက်၏ အယ်ဒီတာ ဖြစ်သည်။ သူသည်ရဟန်းမင်းကြီးလီယို (၁၄) ၏စာအုပ်ကိုအပိုင်းလိုက်အခန်း (၁၀) ခန်းခွဲ၍ ခရစ်ယာန် အသက်တာအတွက်အရေးကြီးသော ခရစ္စတူး၊ နှလုံး၊ သာသနာ။ သာသနာအမှုတော်၊ ပေါင်းစည်း ခြင်း၊ ငြိမ်းချမ်းရေး၊ ဆင်းရဲနွမ်းပါးခြင်း၊ ထိလွယ်ရှလွယ်ခြင်း၊ တရားမျှတခြင်း၊ မျှော်လင့်ခြင်းဟူ၍အစီအစဉ် တကျပိုင်းခြားထားသည်။
ရဟန်းမင်းကြီးသည် ‘လက်ရှိ၌အမုန်းတရားနှင့်အကြမ်းဖက်မှုများဖြင့်ပြည့်နက်လျှံကျနေသည်။ ရင်နာ ကြေကွဲစရာအဖြစ်များကိုလူတို့ကြားဖြန့်ကျက်လျှက်ရှိသည်’ ဟုလက်ရှိကမ္ဘာကြီး၏အခြေ အနေများ နှင့်အတည်ပြုချက်များဖြင့်နိဒါန်းပျိုးထားသည်။ ထို့အတူဖြစ်နိုင်ချေရှိသောဖြေရှင်းနည်းတစ်ခုကို လည်း တင်ပြထားသည်။ ထိုဖြေရှင်းနည်းကား ‘ပေါင်းစည်းလိုသောဆန္ဒဖြစ်ပြီး ထိုပေါင်းစည်းမှုကားကျွန်ုပ် တို့သည်ညီအစ်ကိုမောင်နှမများဖြစ်ကြသည်ဟူသော အသိအမှတ်ပြုမှုဖြစ်ပြီး၊ အစွန်းရောက်သော ခံစားချက်၊ လုပ်ရပ်များအားလုံးကိုဆန့်ကျင်တွန်းလှန်ရန်ဖြစ်သည်။
ဤစာအုပ်ကို အီတလီနိုင်ငံ၏မြို့များ၌ဗာတီကန်ပုံနှိပ်တိုက်နှင့်အတူဘာသာရေးနှင့်ယဉ် ကျေးမှုအဖွဲ့ အစည်းတို့မှဦးစီး၍ဖြန့်ချီသွားမည်ဖြစ်သည်။ ဖြန်ချီရောင်းချမည့်အစီအစဉ်များမှာ
– နို၀င်ဘာ (၂၁) – ဗီချန်ဇာမြို့၊ ခရေးမိုနာမြို့၊
– နို၀င်ဘာ (၂၅) – ထရင့်မြို့၊
– ဒီဇင်ဘာ (၁) – ဗေရိုးနာမြို့၊
– ဒီဇင်ဘာ (၅) – ဂျေးနိုဗာမြို့၊
– ဒီဇင်ဘာ (၁၅) – ကာလီအားရီမြို့တို့ဖြစ်ကြသည်။
ထိုစာအုပ်အရောင်းမြှင့်တင်ပွဲနှင့်အတူရဟန်းမင်းကြီးလီယို (၁၄) ၏အကြောင်းကိုမှတ် တမ်းဗွီဒီယို ရိုက်ကူးတင်ဆက်ထားသည့် ‘León de Perú (ပီရူးမှလေအို)နှင့် ‘Leo from Chicago (ချီကာ ဂိုမှ လေအို)’ တို့ကိုလည်းတစ်ပါတည်းရောင်းချသွားမည်ဖြစ်သည်။ ဤရဟန်းမင်းကြီးလီယို (၁၄) ၏ဗွီဒီ ယိုအမှတ်တမ်းနှစ်ခုလုံးကို ဗာတီကန်၏လူထုဆက်သွယ်ရေးဌာနမှစီစဉ်ထုတ်လုပ်ခြင်းဖြစ်သည်။ ဗွီဒီယို မှတ်တမ်းတစ်ခုမှာရဟန်းမင်းကြီး၏ပီရူးနိုင်ငံ၌သာသနာပြုခဲ့သည့်ဘ၀ကိုလည်းကောင်း၊ ကျန်တစ်ခုမှာ ရဟန်းမင်းကြီး၏အမေရိကန်ဇစ်မြစ်ကိုလည်းကောင်း သိရှိစေလို၍ဖော်သောဗွီဒီယို မှတ်တမ်းဖြစ် ပါသည်။
Fr. Clement Ate

