
တချို့သောမိဘတွေက သားသမီးအပေါ်မှာ အုပ်ချုပ်မှု အဆိပ်ပြင်းတယ်လို့ ယူဆရလောက်တဲ့ ဆက်ဆံမှုမျိုးပြုတတ်သည်
ဒီနေ့မှာ မိဘနဲ့ သားသမီး ဆက်ဆံရေးမှာ တချို့သောမိဘတွေက သားသမီးအပေါ်မှာ အုပ်ချုပ်မှု အဆိပ်ပြင်းတယ်လို့ ယူဆရလောက်တဲ့ ဆက်ဆံမှုမျိုးမှာ ထူးခြားတဲ့ လက္ခဏာတချို့ကငို ပြောပြပေးသွားမှာပါ။
ကျွန်မတို့ ပတ်ဝန်းကျင်မှာ ကြားနေ့ရပါတယ်။ တချို့မိဘတွေက သားသမီးကို ပါးစပ်ပိတ် ထား တိတ်တိတ်နေ ငါတို့က လိုအပ်တာတွေက အကောင်းဆုံးလုပ်ပေးထားတယ်။ နင်တို့က ကျေးဇူးမသိတတ်ဖူး။ အဲ့ဒီလိုစကားစုမျိုးတွေက သားသမီးကို ထိုးနှက်သလိုဖြစ်သွားစေပါတယ်။
မိဘနဲ့ သားသမီး Love and relationship ၅၂၈ မေတ္တာနဲ့ ဆက်နွယ်မှုတွေမှာ အဲ့ဒီလို ဆက်ဆံခံရတဲ့ သားသမီးတွေက နားလည်မှုတွေ တဖြည်းဖြည်း လစ်ဟာလာပြီး စိတ်နဲ့ဆိုင်တဲ့ လိုအပ်ချက်တွေ စိတ်ဒဏ်ရာတွေ မှားယွင်းတဲ့ စိတ်ခံစားချက်တွေနဲ့ adult ကြီးကောင်ဝင်အရွယ် ရောက်လာတဲ့အခါမှာ toxic ဆိုတဲ့ မိဘဆီက အဆိပ်သဖွယ် ခံစားချက်အကျိုးဆက်တွေ ရရှိလာပါ တယ်။
မိဘတွေ ဒီအလို အထူးလွန်ကဲတဲ့ အုပ်ချုပ်မှုတွေရှိတဲ့အခါမှာ သားသမီးတွေက ဘယ်လို အကျိုးဆက်တွေဖြစ်လာသလဲ။
မိဘဆိုတာ သားသမီးကိုဝေဖန်ပြောဆိုတာက သာမန်ကိစ္စတစ်ခုပါ။ သားသမီးကလည်း မိဘ ပြောဆိုဆုံးမမှုကို အလိုက်သင့်ပြုမူနေထိုင်ကြတာပါ။ ဒါပေမယ့် ထပ်ခါတလဲလဲ ပြောဆိုတဲ့အခါမှာ သားသမီးအတွက် အန္တရာယ်တွေဖြစ်လာပါတယ်။ adult အရွယ်ရောက်လာတဲ့အခါမှာ သားသမီး က ကြမ်းတမ်းရက်စက်တတ်တဲ့ အတွင်းစိတ်တွေရှိလာပြီး မိဘလိုဖြစ်လာပါတော့တယ်။
အဲ့ဒီလို အဆိပ်သဖွယ်စိတ်ခံစားချက်ရှိတဲ့ မိဘတွေက သားသမီးရဲ့ အတွင်းစိတ်ခံစားချက် ထုတ်ဖော်ဖို့ တင်ပြဖို့ ခွင့်မပြုဘူး၊ သားသမီးကို နားလည်သဘောမပေါက်ဘူး၊ သားသမီးကို အထင် အမြင်သေးပြီး နှိမ့်ချဆက်ဆံတဲ့အခါမှာ နောက်ဆုံးသား သမီးရဲ့ စိတ်ခံစားချက်မှာ စိတ်အားငယ် လာတယ်။ စိတ်ဓာတ်ကျလာတဲ့ သားသမီးမျိုးဖြစ်လာပါတော့တယ်။
ယူဆချက်တွေ အုပ်ချုပ်မှုပြင်းထန်တဲ့ မိဘတွေက သားသမီးကို မိဘနဲ့ ပြိုင်တယ်လို့ ယူဆ တတ်ကြတယ်။ မိမိရဲ့ Goat ရည်ရွယ်ချက်တွေဆီ အရောက်လှမ်းဖို့ Confident အပြည့်ရှိနေတယ့် သားသမီးကို သူတို့ဖြစ်ချင်တဲ့ သူတို့လိုချင်တဲ့ ပုံစံဖြစ်အောင် အတင်းအဓမ္မလုပ်ယူတဲ့အခါမှာ သားသမီးတွေရဲ့ အိမ်မက်တွေက ပျောက်သွားကုန်ပါတယ်။
အဲ့ဒီလို မိဘတွေရဲ့ စိတ်ထဲမှာ သားသမီးက မိမိတို့ရဲ့ ကိုယ်ပွားဖြစ်တယ်။ မိဘတွေ ခြေလှမ်း လှမ်းသလို လှမ်းဖို့စိတ်ကူးရှိရမယ်။ သူတို့ပုံစံအတိုင်း ပြုမူနေထိုင်ရမယ်။ သားသမီးတွေကို မိမိဖာသာ ရပ်တည်ပြီး မိဘရင်ခွင်ကနေ ထွက်သွားမှာကို စိုးရွံတယ်။ အဲ့ဒီလိုမဖြစ်အောင် ကာကွယတဲ့အနေနဲ့ သူတို့ မလိုလားတဲ့ ဘယ်အပြုအမူမျိုးကိုမဆို အဆိုးလို့ပဲမြင်ပြီး သားသမီးကို ဦးစားမပေးဘူး၊ တဖြည်းဖြည်းနဲ့ adult အရွယ်ရောက်လာတဲ့အခါမှာ ကိုယ်ပိုင်အရည်အသွေးတွေမရှိတော့ပဲ၊ သူတို့ကိုယ်သူတို့ ငါကဘယ်လိုလူလဲ လို့ တွေးပြီး တခြားသူငယ်ချင်းတွေနဲ့ သီးခြားနေတတ်တဲ့ ကလေးတစ်ယောက်ဖြစ်လာပါတယ်။
သာမန်မိဘတွေဆိုရင် ကိုယ့်သားသမီးကို မုန့်ဖိုးပေးမယ်။ လက်ဆောင်ပေးမယ်။ သားသမီး ပျော်ရွှင်ဖို့ ဦးစားပေးမယ်။ အကြမ်းဖက်ပြောဆိုတာမရှိဘူး။ အဆိပ်သဖွယ် အုပ်ချုပ်တတ်တဲ့ မိဘ တွေကတော့ သာသမီးလိုချင်တာကိုပေးမယ်။ သူတို့လိုချင်တဲ့ ဖြစ်ချင်တဲ့ အရာကို demand ပြန်တောင်းဆိုတယ်။ မိဘဖြစ်စေချင်တာကို သားသမီးက ပြန်မလုပ်ပေးနိုင်တဲ့အခါမှာ မိဘကို ကြောက်လာမယ်။ အကူအညီတောင်းလာရတယ်။ လိုအပ်ချက်ကိုလည်း တောင်းရတယ်။ အဲ့ဒီလို တောင်းရတဲ့အခါမှာ သူတို့ကိုပြန်လုပ်ပေးရတာကို သူတို့က လိုချင်တာပဲ ဖြစ်ပါတယ်။
အဲ့ဒီလို မိဘတွေက မိမိသားသမီးတွေဆီကနေ အပြုသဘောဆောင်တဲ့ relationship ကို မရနိုင်ပါဘူး။
မိဘတိုင်းမဟုတ်ပေမဲ့ တချို့သော မိဘတွေက သူတို့ သားသမီးများရဲ့ စိတ်ခံစားချက်ကို မကြာခဏ ထုတ်ဖော်ပြောဆိုတဲ့အခါမှာ အဆိပ်သဖွယ်ဖြစ်စေတဲ့ သရုပ်မျိုး ဖြစ်သွားပါတော့တယ်။ အဲ့ဒီတော့ သားသမီးက စိတ်ခံစားချက် အစစ်အမှတ်ကို မဖော်ပြရဲသလို အဲ့ဒီလို မဖော်ပြနိုင်အောင် မိဘအရှိန်နဲ့ ထိန်းထားလေ့ရှိတယ်။ ဒီလိုမိဘမျိုးကနေ ကြီးပြင်းလာတဲ့ သားသမီးက သူတို့ရဲ့ လိုအပ်ချက် စိတ်ခံစားချက်တွေကို ဖုံးကွယ်ထားတတ်ပြီး လိပ်ညာတတ်တဲ့ ကလေးဖြစ်လာပါတော့ တယ်။
အဆိပ်သဖွယ်ရှိတဲ့ မိဘမျိုးက သားသမီးရဲ့ အာရုံဏိုက်မှုနဲ့ တုန့်ပြန်မှုကို လိုလိုလားလား ရချင်တာ၊ ဒီတော့ သားသမီးကို အတင်းအဓမ္မတောင်းဆိုတတ်ကြတယ်။ သားသမီးကလည်း အရွယ် ရောက်လာတဲ့အခါ မိဘအကြိုက်ပဲ မလုပ်ချင်ပေမယ့် လုပ်ရတဲ့အတွက် မိမိမှာ အပြစ်ရှိတာပဲလို့ လိပ်ပြာမလုံဖြစ်တတ်ကြပါတယ်။ သားသမီးရဲ့ မကျေနပ်ချက်ကို ထုတ်ဖော်နိုင်ဖို့ အခွင့်အရေး မပေးတဲ့အခါမှာ သားသမီးက စိတ်ဖိစည်းမှုတွေရလာပါတယ်။ စိတ်ခံစားချက်မှာလည်း မိဘအပေါ် အမှားလုပ်တယ်လို့ ထင်လာပြီး သူတို့ကြီးပြင်းလာတဲ့အခါမှာ ရင်ထဲမှာ မကြေနပ်ချက်တွေက တိတ်ဆိတ်စွာနဲ့ ရှိနေတတ်ကြပါတယ်။
တချို့မိဘတွေက သားသမီးနဲ့ မိဘကြား စည်းဘောင်ခြားထားတဲ့အခါမှာ သားသမီးကို မိမိ ကိုယ်မိမိ self-respect ကို အလိုအလျောက် ဆင်ပေးလိုက်တာပဲဖြစ်တယ်။
တချို့မိဘတွေကျတော့ စည်းဘောင်ဆိုတာလဲ မသိဘူး။ သားသမီးကို လေးစားမှုလည်းမရှိ ဘူး၊ မိဘဆိုပြီး ကြီးမားတဲ့ တွန်းအားတွေပေးတယ်။ ဒီတော့ ဒီလို သားသမီးကြီးပြင်းလာတဲ့အခါမှာ သူတစ်ပါးကို နားလည်ပေးနိုင်မှု၊ အရိုအသေပေးနိုင်မှု နည်းတဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်း လာပါတယ်။
ဒါကြောင့်မို့ သားသမီးတွေ အဲ့ဒီလိုမဖြစ်ရလေးအောင် မိဘတွေအနေနဲ့ အချိန်တွေပေးရ တယ်။ အချိန်တွေအများကြီး ယူရတယ်။ သားသမီးနဲ့မိဘ ဆက်ဆံရေးမှာ အလုပ်တွေအများကြီး သတိထားလုပ်ကြပါတယ်။ ဒီလိုမိဘက လုပ်ရတဲ့အတွက် နောင်တချိန် သားသမီးတွေ အရွယ်ရောက် လာတဲ့အခါမှာ ရည်ရွယ် reward သားသမီးကောင်းလေးတွေ ပြန်ရပါတယ်ဆိုတဲ့အကြောင်း တင်ပြ ပေးလိုက်ပါတယ်။

