
ကျွန်ုပ်တို့သည်ခရစ္စတူးသခင်နှင့်ပျော်ရွှင်စွာလျှောက်လှမ်းရမည့်သူများဖြစ်ကြသည်ဟုရဟန်းမင်းကြီးမိန့်ကြား။

ကျွန်ုပ်တို့သည်သနားခြင်း၊ နှစ်သိမ့်ခြင်း၊ ငြိမ်းချမ်းရေးနှင့်ဆိုင်သောဧ၀ံဂေလိတရားတော်ကို ကမ္ဘာ ကြီးအားဟောကြားသက်သေခံရန်ခေါ်တော်မူခြင်းခံထားရသောခရစ္စတူးသခင်၏သာသနာ၊သူ၏ခန္ဓာ တော်၊ သူ၏အဂ်ါအစိတ်အပိုင်းများဖြစ်ကြသည်။
ယနေ့သည် စိန့်ဂျွန်၏ဘုရားကျောင်းကြီးပွဲနေ့ဖြစ်သည်။ ဤနေ့၌သာသနာတော်ကြီးသည် စည်းလုံး ခြင်း၏နက်နဲချက်၊ ကမ္ဘာပေါ်ရှိကက်သလစ်သာသနာတစ်ခုလုံး၏ယုံကြည်ခြင်းလမ်းစဉ်ကိုဂရုစိုက် လမ်းညွှန်ပေးနေသော ရောမ သာသနာတော်ကြီးနှင့်ပေါင်းစည်းနေသည့် အကြောင်းကိုထောက်ရူ ရမည်ဖြစ် သည်။ ဘုရားကျောင်းတော်ကြီး၏အစဉ်အလာကြီးမားသောသမိုင်းကြောင်း၊ ရင်သပ်ရူ မောဖွယ်ဗိသုကာ လက်ရာနှင့်ဘာသာရေးအမွေအနစ်များနှင့်အတူတပည့်တော်ကြီးတို့မှ လက်ဆင့် ကမ်းသယ်ဆောင်၊ ထိန်း သိမ်း၊ ချန်ရစ်ပေးခဲ့သောယုံကြည်ခြင်းကိုရာစုအဆက်ဆက် ဆက်လက် ရှင်သန်နေစေရန်တွန်းအား၊ အသိ ဖြစ်စေကြောင်း၊ ကြီးမားသောနက်နဲချက်ကိုဘုရားကျောင်းကြီး၏ ဗိသုကာလက်ရာများကိုလေ့လာကြည့် လျှင်သိနိုင်ကြောင်း၊ ဘုရားကျောင်းကြီး၏အလယ် ဗဟို၌ တမန်တော်ကြီး (၁၂) ပါး၏ဆင်းတုတော်ကိုတွေ့ ရပြီး၊ ဤအပြင်အဆင်သည်၀ိညာဉ် ရေးအမြင် ကိုဖော်ပြနေကြောင်း၊ အပေါ်ယံအမြင်မှနက်ရှိုင်းစွာထိုး ဖောက်မြင်ရန်လိုကြောင်း၊ ဘုရားကျောင်း ၏နက်နဲမှုကိုနားလည်ရန်မှာ ဘုရားကျောင်းသည်ရိုးရှင်းသောနေ ရာတစ်ခု၊ အဆောက်အဦး တစ်ခု ထက်ပို၍သာလွန်သည်ကိုသိရမည်။
ဧ၀ံဂေလိကျမ်းစာလာသည့်အတိုင်းယေဇူးသခင်ဂျေရုဆလင်ဗိမာန်တော်ကိုရှင်းလင်းချိန်၌မိန့်ကြားသောစကားသည် အမှန်တကယ်ဘုရားသခင်စံပ္ပါယ်သောဗိမာန်တော်မှာသေပြီးရှင်ပြန်ထမြောက် သောယေဇူးသခင်ပင်ဖြစ်သည်။
ယေဇူးသခင်သည်တစ်ပါးတည်းသောကြား၀င်ဖြန်ဖြေပေးသူဖြစ်သည်။တစ်ပါးတည်းသောကယ်တင်ရှင်ဖြစ်သည်။ လူအဖြစ်ကိုခံယူ၍လူသားနှင့်ပေါင်းစပ်ရင်းသူ၏ချစ်ခြင်းဖြင့်ပြု ပြင်ပြောင်းလဲပေးသူ၊ ခမည်းတော်ဘုရားဆီသို့ရောက်ရှိနိုင်ရန်ကျယ်၀န်းစွာဖွင့်နေသောတံခါး၀နှယ်ခိုင်းနှိုင်း ၍ရသည်။
ယေဇူးသခင်နှင့်ပေါင်းစည်းနေခြင်းအားဖြင့် ကျွန်ုပ်တို့သည်လည်း၀ိညာဉ်ရေးအဆောက်အ ဦးကြီး၏ အသက်ရှင်သောကျောက်တုံးများ၊ ခရစ္စတူးစံပ္ပါယ်သောဗိမာန်တော်၊ သူ၏ခန္ဓာတော်ဖြစ်လာသည်။ ထို့ကြောင့် ယေဇူးသခင်၏ဧ၀ံဂေလိတရားနှင့်သနားခြင်းက ရုဏာအကြောင်းကိုကျွန်ုပ်တို့၏ နေ့စဉ် အသက် တာဖြင့်သက်သေခံရမည်ဖြစ်သည်။
ညီအစ်ကိုမောင်နှမအပေါင်းတို့ ၀ိညာဉ်ရေးအမြင်ရှိရန်ကျွန်ုပ်တို့၏စိတ်နှလုံးကိုပြုပြင်ထုဆစ် ရမည်။ သို့သော်အခါအားလျှော်စွာ ခရစ်ယာန်တို့၏အမှား၊ ကျရှုံးမှုများ၊ တိမ်းညွှတ်မှုများ၊ အစွဲအလန်းများ သည်ကျွန်ုပ်တို့အားကြွယ်၀သောဗိမာန်တော်၏နက်နဲရာကိုဖမ်းဆုပ်နိုင်ရန်အဟန့်အတားဖြစ်စေကြောင်းရဟန်းမင်းကြီးကစိတ်မကျေမချမ်းမိန့်ကြားခဲ့သည်။
သို့သော် ဗိမာန်တော်၏သန့်ရှင်းမြင့်မြတ်ခြင်းသည်ကျွန်ုပ် တို့လုပ်ဆောင်သောကောင်းမှုများနှင့် မဆိုင်ပေ။ ဘုရားသခင်၏လက်ဆောင်မွန်သက်သက်ဖြစ်သည်။ ဘယ် တော့မှပြန်လည်း ရုတ်သိမ်း ခြင်းမပြု။ မည်သို့သော်အခြေအနေဖြစ်နေစေကာမူ သူစံပ္ပါယ်ရာဗိမာန်တော်အဖြစ် ၀ိရောဓိ (သူကောင်းမှကိုယ်ကောင်းမည်ဟုဖြစ်ရမည်ဖြစ်သော်လည်းထိုသို့မဟုတ်သည်ကိုဆိုလိုသည်။) ဆန်သောအချစ်ဖြစ်သည်။ လူတို့၏လက်၊ ခန္ဓာသည်ညစ်ပတ်ပေရေနေသော်လည်းစံပ္ပါယ်သည်။ သူ့ကိုကိုင် တွယ်ခွင့်ပြုသည်ဟုရဟန်းမင်းကြီးဘေနေဒစ် (၁၆) ၏ ‘Introduction to Christianity’ (ခရစ်ယာန်တရား ကိုမိတ်ဆက်ခြင်း) စာအုပ်မှအကြောင်းအရာကိုကိုးကားမိန့်ကြားခဲ့သည်။
ရဟန်းမင်းကြီးသည် သူ၏ဩ၀ါဒအဆုံးသတ်၌ ကျွန်ုပ်တို့သည်ဘုရားသခင်၏ရွေးကောက် ခြင်းခံ ရသောသန့်ရှင်းသောလူမျိုးတော်အဖြစ်ပျော်ရွှင်စွာလျှောက်လှမ်းကြစို့။ သာသနာအားမှိုင်းမသောမယ် တော်၏ကူညီမှိုင်းမခြင်းကိုလည်းတောင်းခံ၍ကျွန်ုပ်တို့သည်ခရစ္စတူးသခင်ကိုထိုက်တန်စွာလက်ခံနိုင်ရန်နှင့်သူ၏ကြား၀င်ဆုတောင်းပေးခြင်းအားဖြင့်ကျွန်ုပ်တို့နှင့်အတူအစဉ်ရှိနေစေရန်တောင်းခံကြပါစို့ဟုတိုက်တွန်း၍ဩ၀ါဒကိုအဆုံးသတ်လိုက်သည်။

