ရဟန်းမင်းကြီးလေအို (၁၄) ပါလက်စတိုင်းသမ္မတအားဗာတီကန်၌လက်ခံတွေ့ဆုံ

ကြာသပတေးနေ့ကရဟန်းမင်းကြီးလေအို (၁၄) သည် ပါလက်စတိုင်းသမ္မတ Mahmoud Abbas အားဗာတီကန်၌လက်ခံတွေ့ဆုံခဲ့ပြီးဂါဇာ၌အရေးတကြီးကူညီရန်လိုအပ်သောလူသားချင်းဆိုင်ရာ အကူအညီအကြောင်းဆွေးနွေးခဲ့ကြသည်။ ရဟန်းမင်းကြီးလီယို (၁၄) ရဟန်းမင်းကြီးအမှုတော်ကိုစတင် ထမ်းဆောင်ပြီးနောက်ပုဂ္ဂိုလ်ကြီးနှစ်ဦးကြား ဖုန်းဖြင့် ချိပ်ဆက်စကားပြောဆိုခြင်းများရှိခဲ့သော်လည်း လူချင်း တွေ့ဆုံသည်မှာပထမဦးဆုံး အကြိမ်ဖြစ်သည်။

နွေးထွေးသောယခုတွေ့ဆုံမှု၌ဂါဇာဒေသမှပြည်သူများအပြင်အီစ္စရေးနှင့်ပါလက်စတိုင်းနှစ် ပြည်ထောင်၏ပဋိပက္ခကိုလည်းအရေးတကြီးကိုင်တွယ်ဖြေရှင်းရန်ဆွေးနွေးခဲ့ကြသည်။

သမ္မတသည်ရဟန်းမင်းကြီးလီယို (၁၄) နှင့်မတွေ့ဆုံမီ စိန့်မေရီမေဂျာရှိရဟန်း မင်းကြီး ဖရန် စစ်၏အုတ်ဂူဆီသို့သွားရောက်ဂါရပြုခဲ့သည်။ သမ္မတသည်ရောမသို့ပြီးခဲ့သော ဗုဒ္ဓ ဟူးနေ့ကရောက်ရှိလာခဲ့ သည်။ ယခုတစ်ကြိမ်ရောမသို့ရောက်ရှိလာပြီးနောက်ပထမဦးစွာ လုပ်ဆောင်ခဲ့သောအမှုမှာရဟန်းမင်းကြီးဖ ရန်စစ်၏အုတ်ဂူသို့သွားရောက် ပြီးဂါရပြု ခဲ့သည်။

အဘယ်ကြောင့်ဆိုသော်ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့်ပါ လက်စတိုင်းနိုင်ငံနှင့် ပါလက် စတိုင်းပြည်သူများအတွက်လုပ်ဆောင်ပေးခဲ့သည်များကိုမမေ့နိုင်ပေ။ ရဟန်း မင်းကြီး ဖရန် စစ်သည် အဘယ်သူ၏ဖိအား၊ ပရောဂါမပါဘဲပါလက်စတိုင်းကိုနိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြု ခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်၏အုတ်ဂူသို့သွားရောက် ဂါရ၀ပြုချိန်၌ သမ္မတနှင့်အတူအီဂျစ်လူမျိုးဖရန်စ္စစ ကင် Ibrahim Faltas လည်းလိုက်ပါလာသည်။ အုတ်ဂူ၌ (၁၅) မိနစ်ကြာဂါရ၀ပြုခဲ့ပြီး၊ သမ္မတသည်ပန်း စည်းတစ်စည်းကိုလည်း ချထား ခဲ့သည်။

ပါလက်စတိုင်းသမ္မတယခုကဲ့သို့ဗာတီကန်သို့လာရောက်လည်ပတ်ခြင်းသည် ရဟန်းမင်း ကြီးဖရန်စစ်၏အုတ်ဂူအားဂါရ၀ပြုရန်ဖြစ်သကဲ့သို့ ယခုနှစ်သည် ဗာတီကန်နှင့်ပါ လက်စ တိုင်းနိုင်ငံတို့ကြား သဘောတူညီမှုတည်ဆောက်သည့် (၁၀) နှစ်ပြည့်နှစ်ပတ်လည်နှစ် လည်းဖြစ်သည်။ အဆိုပါသဘောတူစာ ချုပ်ကို (ဇွန် ၂၆၊ ၂၀၁၅) ကလက်မှတ်ရေး ထိုးခဲ့သည်။ ထိုသဘောတူညီချက်များအနက် ဂျေရုဆလင်သည် ဂျူး၊ ခရစ်ယာန် နှင့်မွတ် စလင်များအတွက်လည်းအမှတ်လက္ခဏာတစ်ခုဖြစ်သကဲ့သို့ ၀ိညာဉ်ရေးအနှစ်သာရ လည်းဖြစ်သည်ဆိုသည့်သဘောတူညီချက်လည်းတစ်ချက်ပါသည်။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *