မြန်မာနိုင်ငံမှစစ်ဘေးသင့်နေသော ပြည်သူများကိုမေ့မထားကြရန်ရဟန်းမင်းကြီးလီယို (၁၄)

ရဟန်းမင်းကြီးလီယို (၁၄) သည်ယနေ့ဗုဒ္ဓဟူးနေ့ စိန့်ပီတာရင်ပြင်၌ကမ္ဘာတစ်၀ှမ်းမှဘုရားဖူးများ နှင့်တွေ့ ဆုံစဉ် ကမ္ဘာ တစ်၀ှမ်းမှပဋိပက္ခဖြစ်နေသောဒေသမှ စစ်ဒဏ်သင့်အပြစ်မဲ့ပြည်သူ များအတွက် သတိရ ဆုတောင်း ပေး ခဲ့သကဲ့သို့ကမ္ဘာ ကြီးအားလည်း၄င်းတို့အတွက်တောင်းဆိုပေးခဲ့သည်။

ကမ္ဘာကြီးအားလည်းသူနှင့်အတူဆု တောင်းရန် ဖိတ်ခေါ်ခဲ့ပြီး ။ပြည်တွင်းစစ်ဘေးကြောင့် အတိဒုက္ခ ရောက်နေရသည့် မြန်မာပြည်သူများကို နိုင်ငံတကာက မေ့မထားကြရန်နှင့် ပစ်မထားကြရန်၊ လိုအပ်နေသောလူသားချင်းစာနာသည့်အကူအညီများကိုကူညီထောက်ပံ့ပေးကြရန် ပုပ်ရဟန်းမင်းကြီး လီယို က မိန့်ကြားမေတ္တာရပ်ခံလိုက်သည်။

ယမန်နေ့ နိုဝင်ဘာ ၅ ရက်နေ့ စိန့်ပီတာရင်ပြင်တွင် ပြုလုပ်သည့် အပတ်စဉ် ဗုဒ္ဓဟူး နေ့တိုင်း လူထု တွေ့ဆုံ ခြင်းနှင့် နေ့ခင်း ဆုတောင်းမေတ္တာရွတ်ဆိုခြင်းတွင် ပုပ်ရဟန်းမင်းကြီး လီယိုက အထက်ပါ အတိုင်း မိန့်ကြားမေတ္တာရပ်ခံ ခဲ့ခြင်းဖြစ်ပါသည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပြည်တွင်းစစ်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ် ချက်များကြောင့် ဒုက္ခရောက်နေရသော မြန်မာနိုင်ငံသားများကို မစွန့်ပစ်ရန်နှင့် မေ့မထားကြရန် ၊

အကူအညီများပေးကြရန်နှင့် ဆုတောင်း ပေးကြရန် ၎င်းက မေတ္တာရပ်ခံတိုက်တွန်းခဲ့သည်။

“ကမ္ဘာ့ဒေသအသီးသီးမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေရသူတွေအတွက် ဆုတောင်းပေးဖို့ ကျွန်ုပ်နှင့်အတူ ပါဝင်ဖို့ ဖိတ်ခေါ်လိုပါတယ်။ ကျွန်ုပ်အနေနဲ့ မြန်မာနိုင်ငံအကြောင်း အထူးစဉ်းစားနေပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူတွေကို မမေ့ဖို့နဲ့ လိုအပ်တဲ့

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ကြဖို့ တိုက်တွန်းပါတယ် ဟု

ပုပ်ရဟန်းမင်းကြီးက ဝတ်ပြုဆုတောင်းပွဲ တက်ရောက်လာသူ ဘုရားဖူးထောင်ပေါင်းများစွာရှေ့တွင်

မိန့်ကြားခဲ့ပါသည်။

လက်နက်ကိုင်ပဋိပက္ခများ၊ အတင်းအကျပ်နေရာရွှေ့ပြောင်းခံရခြင်း နှင့် အခြေခံအရင်းအမြစ်များ

ချို့တဲ့ခြင်းတို့ကြောင့် ဆက်လက်ဒုက္ခခံစားနေရသည့် မြန်မာပြည်သူများအတွက် ပ်ရဟန်းမင်း ကြီးလီ ယိုကစိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်မိန့်ကြားခဲ့ခြင်း ဖြစ်ပါသည်။

Fr. Clement Ate

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *