
ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် လူ့သမိုင်း၏ မှောင်မိုက်ခြင်းဆီသို့ မျှော်လင့်ခြင်းအလင်းယူ ဆောင်လာပေးခြင်းဖြစ်သည်။
အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် ပုပ်ရဟန်းမင်းကြီး၏ အထွေထွေဩဝါဒခံယူခြင်းတွင်
ပုပ်ရဟန်း မင်းကြီး လီယို (၁၄) က ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝ များကို လမ်းညွှန်ဦးတည်ချက် ပေးနိုင်ကြောင်း၊ ဘဝအဓိပ္ပာယ်အတွက် တောင့်တမှုကို ဖြည့်ဆည်း ပေးနိုင်ကြောင်း၊ ကမ္ဘာကြီးကို မျှော်လင့်ချက် ပေးနိုင်ကြောင်းကို မီးမောင်းထိုးပြခဲ့ပါသည်။
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က နိုဝင်ဘာလ ၅ ရက်နေ့၊ စိန့်ပီတာရင်ပြင်ရှိ၌ အပတ်စဥ် ဗုဒ္ဓဟူးနေ့ တိုင်း
လူထုတွေ့ ဆုံခြင်းနှင့် ပုပ်ရဟန်းမင်းကြီး၏ အထွေထွေဩဝါဒခံယူခြင်းတွင်ကျွန်ုပ်တို့၏ လက်ရှိ အချိန်ကာလသည်ပင် လက်ဝါးကားတိုင်များစွာဖြင့် ပြည့်နှက်နေပြီး၊ ပါစကားပွဲ မျှော်လင့်ချက်၏ အရုဏ်ဦးကို တောင်းတနေကြသည်ဟု မိန့်ကြားခဲ့သည်။
ဘာသာတရား သွန်သင်ချက်တွင် ပုပ်ရဟန်းမင်းကြီးက ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည်
စိတ်ကူးမဟုတ်၊ သီအိုရီမဟုတ်ဘဲ၊ ယုံကြည်ခြင်း၏ အခြေခံဖြစ်သော ဖြစ်ရပ်တခု" အဖြစ်
ရှင်းပြခဲ့ပါသည်။
ကျွန်ုပ်တို့၏ နေ့စဉ်ဘဝတွင် ရှင်ပြန်ထမြောက်ခြင်းကို စစ်မှန်စွာ ယုံကြည်ခြင်းဆိုသည်မှာ ကျွန်ုပ်တို့
၏နေ့စဥ်ဘဝနေ ထိုင်ပုံကို တော်လှန် ပြောင်လဲပြစ်ခြင်းဖြစ်ကြောင်း၊ ဤပြောင်းလဲမှုသည်
ခရစ်ယာန် မျှော်လင့်ချက်၏ နူးညံ့ပြီး ရဲရင့် သော စွမ်းအားဖြင့် ကမ္ဘာကြီးကို ပြောင်းလဲရန် ကူညီပေးနိုင် ကြောင်း။
လူ့သမိုင်းတလျှောက် ဘုရားရှင်၏အလင်းရောင်ကို မမြင်ရသည့် နေရာများ၌ပင် ကျွန်ုပ်တို့သည် ကိုယ်
တော်၏ သက်သေများ ဖြစ်နိုင်ကြောင်းပါစကား မျှော်လင့်ချက်သည် စိတ်ပျက်အားငယ်စေမည် မဟုတ်
ဟု ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါသည်။
ရှုပ်ထွေးနေသောဘဝများအတွက် လမ်းပြကြယ်
သခင်ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း၌ကျွန်ုပ်တို့၏ ဘဝအဓိပ္ပာယ်အတွက် တောင့်တမှုကို အဖြေ ရှာတွေ့နိုင် ကြောင်း အထူးသဖြင့် ဘဝအဓိပ္ပါယ်ကိုနားလည်ရခက်သသည့် အခြေအနေများ ရင်ဆိုင်ရ သည့်အခါတွင် သခင်ခရစ် တော်၏ ရှင်ပြန်ထမြောက်ခြင်းကကျွန်ုပ်တို့ဘဝ ကို မီးမောင်းထိုးပြပါသည်။
ကျွန်ုပ်တို့သည် ရှုပ်ထွေးနေပုံရသော ဘဝများကို ဦးတည်ရာ ရှာဖွေနိုင်သည့် လမ်းပြကြယ်ကို အမြဲတမ်း
ကိုယ်တော်၌ ရှာဖွေတွေ့ရှိနိုင်မည့် အာမခံချက်ရှိသည်။ ရှုပ်ထွေးနေသောဘဝများသည် မကြာခဏ ဆိုသလို ရှုပ်ထွေးမှု၊ လက်မခံနိုင်စရာ၊ နားမလည်နိုင်စရာဆိုးကျိုးများ၊ ဆင်းရဲဒုက္ခများ၊ သေခြင်း တရား နှင့် ကျွန်ုပ်တို့တစ်ဦးချင်းစီအပေါ်သက်ရောက်သည့် အဖြစ်အပျက်များဖြင့် သတ်မှတ်ထားခံရတယ်။
ဆက်လက်ပြီး ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ကျွန်ုပ်တို့၏ ထိလွယ်ရှလွယ် ကြေကွဲလွယ် သော လူ သားသဘာဝ ကို ရင်ဆိုင်ရသောအခါ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းဟာ တို့အတွက် ဂရုစိုက်မှုနှင့်
ကုစားခြင်း ဖြစ်လာပြီး၊ ဘဝက ကျွန်ုပ်တို့အား တစ်ဦးချင်းစီ (သို) ကမ္ဘာလုံးဆိုင်ရာအဆင့်တွင် လူသား တို့အား
နေ့စဉ်ပေးအပ်နေသည့် ကြောက်မက် ဖွယ် စိန်ခေါ်မှုများရှေ့၌ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည်
မျှော်လင့်ချက်ကို အားဖြည့်ပေးနေကြောင်း။ ပါစကားရှုထောင့်မှကြည့်လျှင် လက်ဝါးကပ်တိုင် လမ်း သည် အလင်းလမ်းဖြစ်သည်။ ရှင်ပြန်ထမြောက်ခြင်း မတိုင်မီက အခြေနေအားလုံးကို ထိုအလင်း အသစ်ဖြင့် ပြန်လည်ခြေရာခံရန်၊ နာကျင်မှုနောက်ကွယ်မှပျော်ရွှင်မှုကိုအရသာ ခံစားရန် နှင့် ဆင်ခြင်သုံး သပ်ရန်ကို ဘာသာဝင်များအားတိုက်တွန်းခဲ့ပြီး။
ဗျာဒိတ်ကျမ်း (၁:၁၇)ရှိ့ ယေဇူးကိုယ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် လူတိုင်း၏ နေ့စဉ်ဘဝတွင်
မြင်တွေ့နိုင်သော လက်ရှိအဖြစ်မှန်ဖြစ်ကြောင်း ပြသရန်အတွက် အသက်ရှင်သောသူအဖြစ် ကိုယ်ကို ကိုယ် ဖော်ပြပုံကို ပုပ်ရဟန်းမင်းကြီးကအလေးပေးပြောကြားခဲ့ပါသည်။ ရှင်ပြန်ထမြောက် ခြင်းသည် အတိတ်က လက်လှမ်းမမှီသောဖြစ်ရပ် မဟုတ် သခင်ခရစ်တော်၏ ပါစကားသည် လက်လှမ်း မမှီ သောအတိတ်မှ ဖြစ်ရပ်တစ်ခု မဟုတ်၊ လူ့သမိုင်းရှိ အခြားသောဖြစ်ရပ်များစွာကဲ့သို့ အစဉ်အလာထဲတွင် အခြေချသွားပြီဖြစ်ကြောင်း။ သာသနာတော်သည် နှစ်စဉ်ပါစကားပွဲနှင့် နေ့စဉ်ပူဇော်သော ကိုတော်မြတ် စက္ကရမင်းတူးကို ကျင်းပခြင်းဖြင့် ရှင်ပြန်ထမြောက်ခြင်း၏ သက်ဝင်သော အမှတ်ရခြင်း ကို ပြုလုပ်သွန် သင်နေကြောင်း မှတ်ချက်ပြုခဲ့ကာ။
ပါစကား နက်နဲရာအချက်သည် ခရစ်ယာန်ဘဝ၏ အဓိက အုတ်မြစ်ဖြစ်ပြီး၊ အခြားဖြစ်ရပ်အားလုံးသည်
ပါစကား နက်နဲးရာအချက် ပတ်လည်တွင် လည်ပတ်နေသည် ဟု ပြောကြားခဲကာ၊ နေ့တိုင်းသည်
ပါစကားပွဲဖြစ်သည်ဟု ပြောနိုင်သည် ဟု ဖြည့်စွက်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် နာကျင်မှု၊ ဆင်းရဲဒုက္ခနှင့် ဝမ်းနည်းမှု၊ ပျော်ရွှင်မှု၊ အံ့ဩမှုနှင့် စိတ်ငြိမ်းချမ်းမှုတို့ ရောယှက်နေသည့် မတူညီသော အတွေ့အကြုံ များစွာကို အချိန်နှင့်အမျှ တွေ့ကြုံရပြီး။သို့သော်လဲ အခြေအနေတိုင်းကို ဖြတ်သန်းပြီးနောက် လူ့နှလုံး သားသည် ပြည့်စုံမှု၊ နက်နဲသော ပျော်ရွှင်မှုကို တောင့်တကြောင်း ပုပ်ရဟန်းမင်းကြီးက ရှင်းပြ ခဲ့ပါသည်။
အထက်ပါ အယူအဆကို ရှင်းလင်းရန်အတွက် ရဟန်းမင်းကြီးက လူ့ပုဂ္ဂိုလ်၏ နက်နဲချက်ကို နက်နက်နဲနဲ
လေ့လာခဲ့သော စိန့် တေရီဆာ ဘင်နဒစ်တာ (စိန့် အက်ဒစ် စတိန်း) ကို ကိုးကားပြီး၊ တက်ကြွမှု သည်
ပြည့်စုံမှုကို အဆက်မပြတ် ရှာဖွေခြင်းမှ လာကြောင်း သူမက လူပုဂ္ဂိုလ်သည် ကျွန်ုပ်တို့ကို အချိန်အခါက ပေးသည့်အရာနှင့် တစ်ချိန်တည်းတွင် ကျွန်ုပ်တို့ထံမှ ယူသွားသည့်အရာကို ဆွဲထုတ်နိုင်ရန်အတွက်၊ ကျွန်ုပ်တို့အား အဖြစ်သစ်ကို အမြဲတမ်းပေးအပ်စေရန် တောင့်တနေသည် ဟု ရေးသားခဲ့ပါသည်။
ကျွန်ုပ်တို့သည် ကန့်သတ်ချက်များထဲတွင် နစ်မြုပ်နေသော်လည်း၊ ၎င်းတိုကို ကျော်လွန်ရန်လည်း ကြိုးပမ်းနေသည် ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါသည်။ ရှင်ပြန်ထမြောက်ခြင်းသည် အလှဆုံး သောသတင်းဖြစ်သည်
လူ့သဘာဝ၏ အဖြစ်မှန်ကို ရင်ဆိုင်ရသောအခါ ပါစကား ကြေညာချက်သည် သမိုင်းတစ်လျှောက်လုံး တွင်ပဲ့တင်ထပ်ခဲ့ဖူးသမျှ အလှဆုံး၊ အပျော်ရွှင်ဆုံးနှင့် စိတ်လှုပ်ရှားစရာအကောင်းဆုံး သတင်းဖြစ်သည်
၎င်းသည် အပြစ်အပေါ် မေတ္တာတရား၏ အောင်မြင်ခြင်းနှင့် အသက်၏ သေခြင်းအပေါ် အောင်မြင်ခြင်း ကိုသက်သေ ခံသည့် အနှစ်သာရ ဧဝံဂေလိသတင်းကောင်း ဖြစ်သည်၊ ထို့ကြောင့် ကျွန်ုပ်တို့၏ စိတ်နှင့်
နှလုံးသားကို ဒုက္ခပေးသော သေခြင်းတရားအတွက် ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းက
ကျေနပ်စေနိုင်သည့် တစ်ခုတည်းသောအရာဖြစ်သည်။
လူသားများသည် သူတို့အား ဆွဲဆောင်နေသည့် လက်လှမ်းမမှီနိုင်သော အရာတခုဆီသို့ အမြဲတမ်း
ကြိုးပမ်းနေသည်တခဏ သာဖြစ်သော အရာဝတ္ထုတစ်ခုမျှ ကျွန်ုပ်တို့ကို ကျေနပ်မှု မပေးနိုင်ပါ။
အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် အနန္တ နှင့် ထာဝရဆီသို့ ဦးတည်နေကြောင်း။ ကို ပုပ်ရဟန်းမင်း ကြီးလီယိုက မီးမောင်းထိုးပြခဲ့ပါသည်။
အမျိုးသမီးများသည် ကိုယ်တော် လက်ဝါးကပ်တိုင်မှာ အသေခံပြီးနောက် သခင်၏ ရုပ်ကလာပ်ကိုနံ့သာ ဆေးလူးရန် သင်္ချိုင်းသို့ သွားကြသည် သိုသော် ကိုယ်တော်ဤရုပ်ကလာပ်ကို မတွေရပဲ အဖြူရောင် ဝတ်ထားသော ဆန်းကြယ်သော လူငယ်ကို တွေ့ဆုံခဲ့ကြကြောင်း၊ ထိုလူငယ်က လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော နာဇရက်မြို့သား ယေဇူးကို သင်တို့ရှာကြ၏။ ကိုယ်တော်သည် ထမြောက်တော်မူ ပြီ၊ ဤနေရာ၌ မရှိ (မာကု ၁၆:၆) ကိုအကြောင်းပြုပြီး နိဂုံးချုပ်အနေဖြင့်၊ သခင်ခရစ်တော်၏ ရှင်ပြန် ထမြောက်ခြင်းသည် လူ့သမိုင်း၏ လမ်းကြောင်းကို ပြောင်းလဲခဲ့ကြောင်းကို ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါသည်။
Fr. Peter Kyi Maung

