
ရဟန်းမင်းကြီးလေအို (၁၄) ရဟန်းမင်းကြီးဖရန်စစ်၏အုတ်ဂူသို့ကြွရောက်ဆုတောင်းပေးခဲ့။

ရဟန်းမင်းကြီးလေအို (၁၄) သည်နွေရာသီစခန်းရှိသည့် Castel Gandolfo သို့မကြွရောက်မီ ည (၈း၅) အချိန်၌ ရောမမြို့ရှိစိန့်မေရီဘာစီးလီကာသို့ကြွရောက်၍အဆိုပါဘာစီးလီကာထဲ့၌မြှုပ်နှံထား သောရ ဟန်းမင်းကြီးဖရန်စစ်၏အုတ်ဂူဆီသို့သွား၍ဆုတောင်းပေးခဲ့သည်။ ထို့နောက်နှင်းဆီဖြူပန်းစည်းကို လည်းချထားပေးခဲ့သည်။
ရဟန်းမင်းကြီးဖရန်စစ်၏စကျင်ကျောက်အုတ်ဂူပေါ်၌နှင်းဆီဖြူတစ်ပွင့်ကိုထွင်း ထုထားပေးသည်။ ထို နှင်းဆီဖြူသည် သူငယ်တော်ယေဇူး၏စိန့်ထရေးဇာအားရည်စူး၍ထွင်းထုထားခြင်းဖြစ် သည်။ အဘယ် ကြောင့်ဆိုသော်စိန့်ထရေးဇာသည် သူပျံလွန်သွားပြီးနောက်၌ကောင်းကင်မှဘုရားသခင်၏ ကောင်းချီး တော်ကိုနှင်းဆီပန်းပွင့်ကဲ့သို့တောင်းလျှောက်ချပေးမည်ဟုပြောကြားခဲ့ဖူးသည်ကိုအမှတ်ရစေရန်၊ ဆုတောင်းခြင်းတောင်းခံရန်ရည်ရွယ်ခြင်းဖြစ်သည်။
ရဟန်းမင်းကြီးဖရန်စစ်၏အုတ်ဂူသည် Sforza နှင့် Pauline ဘုရားကျောင်းဆောင်ငယ်ကြား ၌ရိုးရှင်း အေးချမ်းစွာလျောင်းစက်ထားစေသည်။ ဘာစီးလီကာဘုရားကျောင်းကြီးများထဲ၌ မစ္ဆားပူဇော်နိုင် သော ပလ္လင်အသေးလေးများစွာဆောက်လုပ်ထားသည်။ ထိုမစ္ဆားပလ္လင်နှင့်အကန့်များကိုဘုရားကျောင်း ဆောင်ငယ်ဟုခေါ်ဝေါ်သုံးနှုန်းလေ့ရှိသည်။ စိန့်မေရီဘာစီးလီကာဘုရားကျောင်းကြီးသည် ‘ရောမမြို့သူ မြို့ သားတို့၏ကျန်းမာခြင်းကိုစောင့်ရှောက်သောမယ်တော်’ (Salus Populi Romani) ကိုဂုဏ်ပြု ဆောက်လုပ် ထားသည်။ ဤဘာစီးလီကာဘုရားကျောင်းကြီးသို့ ရဟန်းမင်းကြီးဖရန်စစ် သက်ရှိ ထင် ရှားရှိစဉ်က နိုင်ငံတ ကာသို့တမန်တော်ခရီးမကြွမီ၊ ကြွရောက်ပြီးနောက်၌လည်းကောင်း၊ ကျန်းမာရေး အရဆေးရုံတက်ရောက်ကု သပြီးပြန်လည်ဆင်းခွင့်ရပြီးနောက်လည်းကောင်း ရဟန်းမင်းကြီး ဖရန်စစ် သည်မပြတ်တမ်းကြွရောက်၍ ကျေးဇူးဆုတောင်းခဲ့သည့်ဘုရားကျောင်းကြီးဖြစ်သည်။ ရဟန်းမင်းကြီး လီယို (၁၄) အဆိုပါ ‘Salus Populi Romani’ မယ်တော်၏ပုံတော်ရှေ့၌လည်းဒူးထောက်ဆုတောင်းခဲ့ပြီး နွေရာသီသီတင်းသုံးသောကျောင်း တိုက်ဆီသို့ခရီးဆက်သွားခဲ့သည်။
ရဟန်းမင်းကြီးလီယို (၁၄) သည်ရဟန်းမင်းကြီးဖရန်စစ်အတွက်မစ္ဆားပူဇော်ပေးခဲ့
ရဟန်းမင်းကြီးလီယို (၁၄) အောက်တိုဘာ (၃) ရက်နေ့မနက်အစောပိုင်း၌ စိန့်ပီတာဘာစီး လီကာဘုရား ကျောင်းကြီးထဲရှိစိန့်ပီတာ၏အုတ်ဂူပေါ်ဆောက်လုပ်ထားသောမစ္ဆားပလ္လင်ပေါ်၌ ယခုနှစ်အ တွင်းဘုရား သခင်ပြန်လည်ခေါ်ဆောင်သွားခဲ့ကြသော ရဟန်းမင်းကြီးဖရန်စစ်၊ ကာဒီနယ်များနှင့်ဆရာတော် များ အတွက်မစ္ဆားပူဇော်ဆုတောင်းပေးခဲ့သည်။
ရဟန်းမင်းကြီးလီယို (၁၄) သည် ချစ်ခြင်းများစွာဖြင့်သူ၏အရိုက်အရာကိုဆက်ခံခွင့်ရခဲ့ သောရ ဟန်း မင်းကြီးအတွက်ဆုတောင်းပေးခဲ့သည်။ မစ္ဆားတရားအတွင်း၏ဩ၀ါဒ၌လည်း ရဟန်းမင်းကြီးဖ ရန်စစ် သည် သန့်ရှင်းသောဂျူဗလီနှစ်တံခါးကိုဖွင့်လှစ်ပြီးနောက်မှလည်းကောင်း၊ (၂၀၂၅) ခုနှစ်၏ပါစကား ကောင်းချီးကိုရောမဂိုဏ်းချုပ်သာသနာအတွင်းရှိမြို့သူမြို့သားများနှင့်ကမ္ဘာတစ်၀ှမ်းမှကမ္ဘာသူကမ္ဘာသားများအားပေးနိုင်ခဲ့ပြီးမှသာဘုရားသခင်သည်သူ့ကိုပြန်လည်ခေါ်ဆောင်သွားခဲ့သည့်အတွက်လည်းကျေးဇူးတင်မဆုံးဖြစ်ရပါသည်။ ဂျူဗလီနှစ်အားလည်းကျေးဇူးတင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်ရဟန်းမင်း ကြီးအမှုတော်ကိုစတင်ထမ်းဆောင်ခွင့်ကိုဂျူဗလီနှစ်နှင့်စပြုခဲ့ရသောကြောင့်ဖြစ်ပြီး၊ လွန်စွာအနှစ်သာရရှိသ ကဲ့သို့၊ ခရစ်ယာန်တို့၏မျှော်လင့်ခြင်းကို ဆက်လက်လက်ဆင့် ကမ်းသယ်ဆောင် နေခြင်းဖြစ်ကြောင်း၊ ဤ မျှော်လင့်ခြင်းသည် ယခုနှစ်အတွင်းဘုရားသခင်၏ ပြန်လည်သိမ်းပိုက် ခြင်း ကိုခံခဲ့ကြရသော ရဟန်းမင်းကြီး ဖရန်စစ်နှင့်အခြားသောကာဒီနယ်၊ ဆရာတော်များသက်သေခံခဲ့၊ ရှင် သန်ခဲ့၊ သင်ကြားပေးခဲ့သည်ဟုမိန့် ကြားခဲ့သည်။
ရဟန်းမင်းကြီးလေအို (၁၄) အနေဖြင့်စိန့်မေရီမေဂျာဘာစီးလီကာသို့ ရဟန်းမင်းကြီးအမှု တော်ထမ်း ဆောင်ပြီးနောက် မေလ (၁၀) ရက်နေ့၌လောလောလတ်လတ်ဂူသွင်းသဂြိုလ်သောရဟန်းမင်း ကြီး၏ အုတ်ဂူအားနှင်းဆီဖြူပန်းစည်းချပေး၍ဆုတောင်းခဲ့သည်။ နောက်တစ်ကြိမ်မှာဇွန်လ (၂၂) ကဖြစ်ပြီး ထိုတစ်ကြိမ်သည်ကိုယ်တော်မြတ်ပွဲတော်ကြီး၏၀တ်ပြုခြင်း၌ဦးဆောင်ပါ၀င်ချိန်ဖြစ်သည်။ ယခုတစ်ကြိမ် ဆိုလျှင် (၃) ကြိမ်မြောက်ဖြစ်ပြီးရဟန်းမင်းကြီးဖရန်စစ်၏ ၀ိညာဉ်အတွက် ဆုတောင်း ပေးရင်းနှင်းဆီးဖြူပန်း စည်းသွားရောက်ချပေးခြင်းဖြစ်သည်။
ဘာသာပြန်- Fr. Clement Ate

