
စိန့်ဂျွန်ဟင်နရီနူးမန်းသည်အူဘာနီအားနားတက္ကသိုလ်အားမှိုင်းမသောရဟန္တအဖြစ်ဂုဏ်ပြုခံရ။

စိန့်ဂျွန်ဟင်နရီနူးမန်းသည်အဘယ်သူနည်း။ သူ၏ဘ၀အတ္တုပ္ပတ္တိသည်လွန်စွာစိတ်၀င်စားစ ရာကောင်း သည်။ သူ့အား (ဖေဖော်၀ါရီ ၂၁၊ ၁၈၀၁) အဂ်လန်နိုင်ငံ၌မွေးဖွားခဲ့သည်။ (၁၈၂၅) ၌အင်္ဂလန်အ သင်းတော် ၏ဘုန်းတော်ကြီးအဖြစ်သိက္ခာခံယူခဲ့သည်။ အင်္ဂလန်အသင်းတော်၏ဘုန်းတော်ကြီးအဖြစ်နှစ် ပေါင်း (၂၀) ထမ်းဆောင်ပြီးနောက် (၁၈၄၅) ၌ကက်သလစ်ဘာသာသို့ပြန်လည်ကူးပြောင်းလာခဲ့သည်။ ကက် သလစ်ဖြစ်လာပြီးနှစ်ပေါင်း (၃၄) နှစ်ကျော်အကြာ (၁၈၇၉) ၌ရဟန်းမင်းကြီးလေအို (၁၃) မှကာဒီနယ် အဖြစ်ရွေးချယ်ခန့်အပ်ခဲ့သည်။
သူသည်သက်တော် (၈၉) နှစ်၌ပျံလွန်သွားခဲ့သည်။ သူသည်အဂ်လန်အသင်း တော်၌ရှိနေစဉ်ကလည်း အလွန်အရေးပါအရာရောက်သောဘာသာရေးခေါင်းဆောင်တစ်ပါးဖြစ်ခဲ့သည်။ ကက်သလစ်သာသနာ မှဓမ္မပါရဂူအဖြစ်သတ်မှတ်ကြေညာသည့်မစ္ဆားတရား၀တ်ပြုခြင်း၌ အဂ်လန်အစိုးရ ကိုယ်တိုင်တက် ရောက်ခဲ့သည်။ ဤသည်ကားသူ၏ဘ၀အတ္တုပ္ပတ္တိအကျဉ်းဖြစ်သည်။
နို၀င်ဘာ (၁) ရက်နေ့သည် ရဟန္တာအပေါင်းပွဲနေ့ဖြစ်သည်။ ထိုနေ့၌ကက်သလစ်သာသနာ အနေဖြင့် စိန့်ဂျွန်ဟင်နရီနူးမန်းအားအူဘာနီအားနား (Urbaniana) တက္ကသိုလ်အားမှိုင်းမသောရဟန္တာအဖြစ် ကြေ ညာသတ်မှတ်လိုက်သည်။ ဤဆုံးဖြတ်ချက်ကိုကမ္ဘာ့ပညာရေး ဂျူဗလီမစ္ဆားပူဇော်သည့် စိန့်ပီ တာဘာစီး လီကာဘုရားကျောင်းကြီး၌ပူဇော်စဉ်ကြေညာခဲ့ခြင်းဖြစ်သည်။ ဤသို့ကြေညာနိုင်ရန် Urbaniana တက္က သိုလ်၏အဓိပဓိချုပ်ဖြစ်သောကာဒီနယ်လွီစ်တာကလေ၊ Urbaniana တက္ကသိုလ်၏ကျောင်းအုပ်အာဏာရရှိ ထားသူတို့မှဦးဆောင်တောင်းဆိုခဲ့သည်။
ထို့ကြောင့် ရဟန်းမင်းကြီးက စိန့်ဂျွန်ဟင်နာရီနူးန်းအားသာသနာ၏ဓမ္မပါရဂူအဖြစ်ကြေညာ ခဲ့သည်။ သူ့အားရဟန္တာအဖြစ် အောက်တိုဘာ (၁၃၊ ၂၀၁၉) ၌တင်မြောက်ခဲ့သည်။ တက္ကသိုလ်အားမှိုင်းမ သောရ ဟန္တာအဖြစ်ကြေညာသတ်မှတ်ခံရခြင်းဖြင့် တက္ကသိုလ်အတွက်၊ တက္ကသိုလ်၌ပညာသင်ယူရင်းအမှန် တရားကိုဖွေရှာနေကြသောကျောင်းသူ၊ ကျောင်းသားများအတွက်၊ ပညာရေးစနစ်၊ တက္ကသိုလ် ကျောင်း ၏ လုံခြုံမှုအတွက်မြင်နိုင်သော၊ မမြင်နိုင်သောဘေးအန္တာရယ်ပေါင်းတို့မှကင်းဝေး ကြစေရန်အထူးကြား ၀င် ဆုတောင်းပေးမည့်ရဟန္တာဖြစ်လာသည်။
ရဟန်းမင်းကြီးလေအို (၁၄) ၏နို၀င်ဘာလ (၁) ရက်နေ့မစ္ဆားတရားအတွင်းဟောကြားသော ဩ၀ါဒ၌ စိန့်ဂျွန်ဟင်နရီနူးမန်း၏ယဉ်ကျေးမှု၊ ၀ိညာဉ်ရေးကျင့်စဉ်အပေါ်ထားရှိသည့်စိတ်သဘောထားအမြင် သည်အနာဂါတ်မျိုးဆက်အတွက်သင်ယူမှတ်သားစရာဖြစ်သည်။ သူ၏နှလုံးသားထဲ၌ စစ်မှန်သော ဘုရားကို ဆာငတ်ရှာဖွေနေခဲ့သည်။ သူ၏ရှာဖွေမှု၊ အသိပညာတို့ဖြင့်ထိုဘုရားဆီသိုအရောက် သွားသော ခရီးလမ်းကိုအ ခက်အခဲများကြားမှအရောက်လျှောက်ခဲ့သူဖြစ်သည်ဟု မီးမောင်းထိုးဟော ကြားခဲ့ သည်။

