ရဟန်းမင်းကြီးလေအို (၁၄) သည်တစ်ရက်တည်း၌သမ္မတနှစ်ဦးအားလက္ခံတွေ့ဆုံခဲ့။

ရဟန်းမင်းကြီးလေအို (၁၄) သည်တစ်ရက်တည်း၌သမ္မတနှစ်ဦးအားလက္ခံတွေ့ဆုံခဲ့။

အာဗီအေမြန်မာ၊၃၊၁၁၊၂၀၂၅။

ရဟန်းမင်းကြီးသည် အောက်တိုဘာ (၃၀) ရက်၊ ကြာသပတေးနေ့နံနက်ပိုင်း၌ ဖီဂျီနိုင်ငံ၏ သမ္မတ Ratu Naiqama Tawakecolati Lalabalavu အားဗာတီကန်ရှိရဟန်းမင်းကြီးရုံးတော်၌လက္ခံတွေ့ ဆုံခဲ့သည်။ ထို့နောက်ဖီဂျီသမ္မတသည် သံတမန်တို့၏လုပ်ထုံးအတိုင်းပင်ရဟန်းမင်းကြီးနှင့်တွေ့ဆုံပြီး နောက်ဗာတီ ကန်၏အတွင်းရေးမှူးကာဒီနယ် Pietro Parolin၊ ဗာတီကန်၏နိုင်ငံတကာအဖွဲ့အစည်းများ ဆိုင်ရာလက် ထောက်တာ၀န်ခံမွန်ဆီညှော် Daniel Pacho တို့နှင့်လည်းတွေ့ဆုံခဲ့သည်။

 ဗာတီကန်သတင်းဌာန၏ထုတ်ပြန်ချက်အရ တွေ့ဆုံစဉ်၌ နိုင်ငံ၏အတွင်းတည်ရှိနေသော ကောင်းမွန် သည့်ဆက်ဆံရေးအတွက်ကျေနပ်ရပါကြောင်း၊ ဖီဂျီနိုင်ငံအတွင်းကက်သလစ်သာသနာတော်ကြီး ၏အ ခြေအနေမှာလည်းကျေနပ်ဖွယ်ရာဖြစ်ကြောင်း၊ ၄င်းအပြင်နိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ သ ဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်နိုင်ငံကျော်ဖြတ်၍ရာဇ၀တ်မှုများကျူးလွန်နေမှုများကို ဆန့်ကျင့်ဟန့်တားတိုက်ဖျက်ရန်တို့ကိုဆွေးနွေးခဲ့ကြောင်းသိရပါသည်။

 ဖီဂျီနိုင်ငံသည်ပစီးဖိတ်သမုဒ္ဒရာ၏တောင်ပိုင်းတွင်တည်ရှိသောအပူပိုင်းဇုံ၌ကျရောက်နေ သည့်ကမ်းရိုး တန်းကျွန်းနိုင်ငံတစ်ခုဖြစ်သည်။ ကျွန်းစုပေါင်း (၃၃၀) ရှိသည်။ ထိုကျွန်းစုများစွာအနက် လူ နေထိုင်ရန် အလုံခြုံဆုံးလည်းဖြစ်သောကြောင့် နိုင်ငံ၏လူဦးရေအများဆုံးနေထိုင်သောကျွန်းစု (၂) ခုမှာ Viti Levu နှင့် Vanua Levu တို့ဖြစ်သည်။ နိုင်ငံ၏မြို့တော်မှာ Viti Levu ကျွန်း၌တည်ရှိသော Suva မြို့ဖြစ် သည်။ နိုင်ငံ၏သဘာ၀အလှတရားများကြောင့် အထူးသဖြင့်ပင်လယ်ကမ်းခြေများ၊ သန္တာကျောက် တန်းများ၊ မုန်သုန်တောများ၊ ဌာနေတိုင်းရင်းသားတို့၏ယဉ်ကျေးမှု၊ နွေးထွေးဖော်ရွေရိုးသားသော ပျူဌာ မှုများကြောင့် လူသိများကျော်ကြားသည်။           

 ထို့အတူ ရဟန်းမင်းကြီးသည်ထိုနေ့တစ်ရက်တည်း၌ပင် Gabon နိုင်ငံ၏သမ္မတ Brice Clotaire Oligui Nguema အားလည်းဗာတီကန်ရှိရဟန်းမင်းကြီး၏ရုံးတော်၌လက္ခံတွေ့ဆုံခဲ့သည်။ ထို့ နောက် သံတမန်ဆက်ဆံရေးလုပ်ထုံးအတိုင်း ဗာတီကန်၏အတွင်းရေးမှူးကာဒီနယ် Pietro Parolin၊ ဗာ တီကန် ၏နိုင်ငံ တကာအဖွဲ့အစည်းများဆိုင်ရာလက်ထောက်တာ၀န်ခံမွန်ဆီညှော် Daniel Pacho တို့နှင့် လည်း တွေ့ဆုံခဲ့ သည်။

 ထိုရင်းနှီးသောတွေ့ဆုံခြင်း၌ နိုင်ငံကြားဆက်လက်မြဲခိုင်ကောင်းမွန်နေသောဆက်ဆံရေးအ ကြောင်း၊ Gabonese နိုင်ငံ၏ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးအခြေအနေများနှင့်အထူးသဖြင့်နိုင်ငံအတွင်း ရှိကက်သလစ်သာသနာတော်နှင့်လက်တွဲ၍ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံအတွင်းရှိလူငယ် များအား ဘက်စုံ လွှမ်းခြုံသောအသိ၊ အတတ်ပညာကျွမ်းကျင်မှုနှင့်ဆိုင်သောပူးပေါင်းလုပ်ဆောင်မှု များအ ကြောင်းကိုဆွေး နွေးခဲ့ကြကြောင်း၊ တွေ့ဆုံစဉ်အတွင်းဒေသအတွင်းအခြေအနေနှင့်နိုင်ငံတကာ အခြေ အနေနှင့်စပ်လျင်း၍နှစ် ဖက်အမြင်များ၊ သဘောထားများကိုလည်းဖလှယ်ခဲ့ကြောင်း၊ အထူးသဖြင့် ပဋိပက္ခများဖြစ်နေသောလူမျိုး၊နိုင်ငံများကြားတွေ့ဆုံဆွေးနွေးခြင်းနှင့်ရင်ကြားစေ့ရေးတို့သည်အရေးကြီးသကဲ့သို့၊ တိုးမြှင့်လုပ်ဆောင်ရန်တို့ ကိုလည်းရင်းနှီးပွင့်လင်းစွာဖလှယ်ခဲ့ကြောင်းဗာတီကန် သတင်း ဌာနကထုတ်ပြန်ထားပါသည်။   

 Gabon နိုင်ငံသည် အာဖရိကအလယ်ပိုင်းဒေသ၌ရှိပြီး အတ္တလန်တိတ်သမုဒ္ဒရာကမ်းရိုးတန်း ၌တည်ရှိ သောနိုင်ငံတစ်ခုဖြစ်သည်။ Gabon နိုင်ငံသည် အီကွေတော်ရီရယ်ဂီနီနှင့်မြောက်ဖက်၌ကင်မရွန်း နိုင်ငံနှင့်နယ်နိမိတ်ထိစပ်သောနိုင်ငံတစ်ခုဖြစ်သည်။ Gabon ၏မြို့တော်မှာ  Libreville ဖြစ်သည်။  

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *