တရုတ်မြေအောက်ကက်သလစ်သာသနာ၏အုတ်မြစ်နှင့်တူသောဆရာတော်သက်တော် (၉၁) နှစ်၌ပျံလွန် ။

ကက်သလစ်သာသနာသည် တရုတ်နိုင်ငံသို့ (၁၃) ရာစု (၁၂၉၃)၊ ယွန်မင်းဆက်လက် ထက်ဖရန်စစ္စကင် သာသနာပြုများနှင့်အတူစတင်ရောက်ရှိသွားခဲ့သည်။

အဆိုပါဖရန်စစ္စကင်သာသနာပြုအဖွဲ့ကိုဦးဆောင်သွားခဲ့သူမှာ ဖာသာရ် Giovanni da Montecorvino

ဖြစ်သည်။ သို့သော် တရုတ်နိုင်ငံ၌ခ ရစ်ယာန်များရှိနေခဲ့သည့်သမိုင်းနောက်ခံမှာယခုထက်ပင်စောပြီး၊ တန်မင်းဆက်လက်ထက် (၇) ရာစု၊ နက်စတိုးရီယံမှသာသနာပြုများစေလွှတ်သည့်အချိန် ကတည်းက ပင်ရှိခဲ့သည်ဟုသိရပါသည်။ (၁၆) ရာစု မင်မင်းဆက်လက်ထက်၌ ဂျက်ဆွီစ်သာသနာပြုဘုန်း တော်ကြီး Matteo Ricci တို့ကတဖန်ပြန်လည်၀င်ရောက်လာခြင်းနှင့်အတူ ခရစ်ယာန်တရားအမြစ် တွယ်ခိုင်မြဲ လာခဲ့သည်။

တရုတ်နိုင်ငံ၌ ခရစ်ယာန်တရားတော်သည်ထိုသို့သမိုင်းကြောင်းရှည်လျားစွာတည်ရှိနေခဲ့ရာမှ တစ်ခု တည်းသောကက်သလစ်သာသနာသည် (၁၉၅၇) အရောက်၌ မြေပေါ်၊ မြေအောက်ဟုအ လွယ်ခေါ်သော အဖွဲ့နှစ်ဖွဲ့ကွဲသွားခဲ့သည်။ မြေပေါ်အသင်းတော်၏အရှည်ကောက်မှာ ‘The Chinese Catholic Patriotic Association (CCPA) (သို့) patriotic church’ (တရုတ်မျိုးချစ်ကက်သလစ်အသင်းတော်) ဟုဖြစ်သည်။

ဤမြေပေါ်ကက်သလစ်အသင်းတော်ကိုတရုတ်အစိုးရကတရား၀င်ကျောထောက် နောက်ခံပေး ထား သည်။ ထိုသို့ကျောထောက်နောက်ခံပေးထား၍လည်း အစိုးရ၏ချုပ်ကိုင်ချယ်လဲသမျှကို ခေါင်းညိမ့် နာခံရသည်။ အစိုးရကြိုးဆွဲရာကရသောရုပ်သေးရုပ်ဖြစ်လာသည်။ ထို့ကြောင့်ဘုရားသခင် ကိုနာခံ သည်ထက်နိုင်ငံကိုအုပ်ချုပ်သောအစိုးရ၏အလိုအကြိုက်လိုက်ရသောအသင်းတော်ဖြစ်လာခဲ့သည်။

မြေအောက်ကက်သလစ်အသင်းတော်ဟုခေါ်သောသာသနာမှာမူ နိုင်ငံ၏အစိုးရချုပ်ကိုင်ချယ်လဲသည် ကိုလက်မခံ။ သစ္စာမခံ။ ရဟန်းမင်းကြီးကိုသာသစ္စာခံသောအဖွဲ့ဖြစ်သည်။ ထို့ကြောင့်အစိုးရ ၏ပြစ်မှု အမျိုးမျိုးဆွဲချက်တင်ဖမ်းဆီးထောင်ချခံရမှု၊ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဘာသာရေးကိုလွတ်လပ်စွာလုပ် ပိုင်ခွင့် များဆိုင်ရာပိတ်ပင်နှောက်ယှက်မှု၊ ဖိနှိပ်ညှဉ်းဆဲမှုအမျိုးမျိုးကိုခံနေရသောအသင်းတော်ဖြစ်သည်။ ထို့ကြောင့် ၄င်းတို့၏ယုံကြည်ခြင်းနှင့်ရဟန်းမင်းကြီးအပေါ် သစ္စာစောင့်သိခြင်းကိုပေါ်ပေါ်တင်တင် ထုတ်မပြသနိုင်ဘဲငုပ်လျှိုးနေရသည်ကိုတင်စား၍ မြေအောက်ကက်သလစ်အသင်းတော်ဟုခေါ်‌ဝေါ ခြင်းဖြစ်သည်။

ထိုမြေအောက်ကက်သလစ်အသင်းတော်အား မတရားဖိနှိပ်ညှဉ်းဆဲမှုအမျိုးမျိုးကြားမှရိုးမြေ ကျသည့် အထိ အမိကက်သလစ်သာသနာအပေါ်၊ ရဟန်းမင်းကြီးအပေါ်သစ္စာစောင့်သိရိုသောခဲ့ကြသော၊ ရိုသေ နေကြသောဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဘာသာတူများစွာရှိနေပါ သည်။ ၄င်းတို့အနက်လွန်စွာစိတ်မချမ်းမြေ့ဖွယ်သတင်းတစ်ပုဒ်ကိုအောက်တိုဘာ (၂၉၊ ၂၀၂၅) ၌ ကြားသိခဲ့ရ ပါသည်။

 ထိုသတင်းကား မြေအောက်ကက်သလစ်သာသနာ၏ဆရာတော်တစ်ပါးဖြစ်သော Zhengding ဂိုဏ်း အုပ်သာသနာပိုင်ဆရာတော် Julius Jia Zhiguo သည် သက်တော် (၉၁) နှစ်၌ပျံလွန်သွားခဲ့သည့် သတင်း ဖြစ်ပါသည်။

သူ၏စျာပနမစ္ဆားကိုသူသာသနာပိုင်ဖြစ်ခဲ့သော Zhengding သာသနာ၌ လာမည့်အောက် တိုဘာ (၃၁) တွင်ကျင်း ပမည်ဖြစ်ကြောင်းအတွင်းသတင်းမှကြားသိရသည်။ ဆရာတော်အား Wuqiu ရွာ ၌မွေးဖွား ခဲ့သည်။ဆရာတော်၏မမှိန်မသုန်သောယုံကြည်ခြင်းကို (၁၉၆၃) ၌ပထမဦးဆုံးအကြိမ်မျက်၀ါးထင်ထင်မြင်တွေ့ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ရဟန်းမင်းကြီးအားသစ္စာမခံရန်ဖိအားပေးခံရသည် ကိုလုံး ၀လက်မခံခဲ့သောကြောင့် (၁၅) နှစ်တိုင်တိုင်အကျဉ်းကျခံခဲ့ရသည်။

ဆရာတော်သည် (၁၉၈၀) ၌ရဟန်းသိက္ခာကိုထပ်ခဲ့သည်။ထို့နောက်ဆရာတော်သိက္ခာကိုမူလူသိရှင်ကြားမကျင်းပနိုင်ဘဲ အကျဉ်းချုံး၍သာ Zhengding ၏သာသနာပိုင်ဆရာတော် အဖြစ် Baoding သာသနာပိုင် ဆရာတော် Joseph Fan Xueyan မှသိက္ခာထပ်ပေးခဲ့သည်။ နောက်ပိုင်း၌နိုင်ငံ တော်အစိုးရ၏ဘာသာ ရေး၌၀င်ရောက်ချယ်လဲစွပ်ဖက်ခြင်းကိုကန့်ကွက်ဆန့်ကျင်တွန်းလှန်သောဆရာတော်အဖြစ်လူသိများလာခဲ့သည်။

ဆရာတော်အဖြစ်အမှုထမ်းခဲ့သောသက်တမ်းတစ်လျှောက်လုံး၌ဆရာတော်သည်အန္တာရယ်ကြီးမားလှသော်လည်း မြေပေါ်ကက်သလစ်အသင်းတော်နှင့်ပူးပေါင်းရန်ကိုလုံး၀အလျော့မပေးငြင်း ဆန်ရပ်တည် ခဲ့သည်။ ထို့ကြောင့်လည်း ဆရာတော်သည်တရုတ်အစိုးရ၏အကြိမ်ကြိမ်အခါခါဖမ်းဆီး ထောင်ချ ခြင်းကိုခံခဲ့ရသည်။ သူ၏အကျဉ်းထောင်အခန်းအားရေများဖြည့်တင်း၍ရေတော်ထဲ၌ကာလကြာ ရှည် နေထိုင်စေ၍ညှဉ်းဆဲခဲ့သည်။ ထိုအဖြစ်ကြောင့်ဆရာတော်သည် အရိုးပွသည့်‌ေ၀ဒနာကို တစ်သက် လုံးခံစားခဲ့ရသည်။

သူသည် (၁၀) ကြိမ်ထက်မနည်းတရုတ်အစိုးရ၏ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။ (၂၀၀၄) ခုနှစ်ကလည်းထပ်မံဖမ်းဆီးခံခဲ့ရသည်။ယခုတစ်ကြိမ်ဖမ်းဆီးခံရခြင်းသည် Hebei ပြည်နယ်မှပျောက်ချင်းမလှပျောက်သွားခဲ့ရာ နိုင်ငံတကာသတင်းစာမျက်နှာ၌လည်းဖော်ပြခံရသည်အထိကမ္ဘာကသတိထားမိသွားခဲ့ပြီး၊ ထိတ် လန့်သွားစေခဲ့သည်။

 ယခုတစ်ကြိမ်၌မူ ထိုသို့ဖမ်းဆီးခံရပြီးတစ်ပတ်အကြာပြန်လည်လွတ်မြောက်လာခဲ့သည်။ အဘယ် ကြောင့်ဆိုသော်ကာဒီနယ် Kung အဖွဲ့အစည်းမှဆရာတော်၏သတင်းကိုပြည်တွင်းပြည်ပမှသတိထားမိလာအောင်၊ သိအောင်ဖြစ်နိုင်သမျှသတင်းစာမျက်နှာများပေါ်တွင်ဖော် ပြခဲ့သောကြောင့်ဖြစ်သည်။ တဖန် (၂၀၀၈) ၌တစ်ကြိမ်၊ (၂၀၀၉) ၌တစ်ကြိမ်၊ (၂၀၂၀) ဩဂုတ်လ အမိမယ်တော်ကောင်း ကင်ဘုံသို့ ပင့်ဆောင်ခံရသည့်ပွဲမတိုင်မီ၌တစ်ကြိမ်အသီးသီးဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ဆရာတော်သည် အသက်ဘေးနှင့်အကြိမ်ကြိမ်ကြုံတွေ့ခဲ့သော်လည်း အကျဉ်းထောင်မှလွတ် မြောက် နေချိန်တိုလေး၌ မဆုတ်မနစ်သောသိုးထိန်းကောင်းစိတ်အပြည့်ဖြင့် စွန့်ပစ်ခံမိဘမဲ့ကလေးငယ် များခို ရာဂေဟာတစ်ခုကို Hebei ၌ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

ထိုမိဘမဲ့ဂေဟာကိုအစိုးရ၏ခွင့်ပြုချက်မပါဘဲဆောက်လုပ်သည်ဟုစွပ်စွဲကာ (၂၀၂၀) တွင်ဖျက်ဆီးခံခဲ့ရသည်။Hebei ပြည်နယ်အတွင်းရှိ Zhengding သာသနာ၌ကက်သလစ်ဘာသာ၀င် (၁) သန်းခွဲခန့်ရှိသည်။ တရုတ်နိုင်ငံအတွင်း ကက်သလစ်ဘာသာ၀င်ဦးရေအများဆုံးပြည်နယ်လည်းဖြစ်သည်။ ဤသာသနာ သည်တရုတ်ကွန်မြူနစ်အစိုးရ၏ဖိနှိပ်မှုကိုဤမျှခံရသော်လည်း ယနေ့ထိတိုင် မြေအောက်ကက် သလစ်သာ သနာအဖြစ်အသက်ကိုရင်း၍ယုံကြည်ခြင်းကိုဆက်လက်ရှင်သန်သက်သေခံနေကြသည်။

အ မှန်မှာ ရဟန်းမင်းကြီးဖရန်စစ်၏ဦးဆောင်မှုအောက် (၂၀၁၈) ခုနှစ်က ဗာတီကန်နှင့်တရုတ်ကွန်မြူနစ် အစိုးရတို့ကြား တရုတ်နိုင်ငံရှိခရစ်ယာန်များ၏အကျိုးကိုရှေ့ရူ၍ အစမ်းသဘောဖြင့် (၂) နှစ် တစ်ကြိမ် ပြန် လည်ဆန်းစစ်သုံးသပ်သည့်သဘောတူညီချက်ကိုရေးထိုးခဲ့သော်လည်း တရုတ်ကွန်မြူနစ် အစိုးရသည်ထိုသဘောတူညီချက်ကိုမျက်ကွယ်ပြု၍ဒေသအတွင်းရှိခရစ်ယာန်များ၏လွတ်လပ်စွာသက်၀င်ယုံကြည်မှုအခွင့်အရေးများကိုဆက်လက်ဖိနှိပ်လျှက်ရှိသည်။ 

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *