သားတစ်ယောက်အပေါ်ဖခင်၏ ဆုံမစကား။

Father Arrived  

            ဒီနေ့မှာ Tech Pantha ရဲ့ လူငယ်များအတွက် ဆုံးမစကားကို တဆင့် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

            သားဖချင်းပြောတဲ့ Dialogue ကို တိုက်ရိုက်ပဲ တင်ပြပေးသွားပါ့မယ်။

            သားရေ – အဖေပြန်လာပြီ၊ သားတစ်နေကုန်အဆင်ပြေလား?

            ဟုတ်အဖေ – ပြန်ရောက်ပြီလား၊ သားတစ်နေလုံးအေးဆေးပဲ၊

            သားကျောင်းမှာအဆင်ပြေရဲ့လား၊ ဒီနေ့ကော သားကျောင်းမှာ ဘာတွေလုပ်ခဲ့လဲ၊

            ဒီနေ့က ကျောင်းပိတ်တယ်လေ ဘာဖြစ်လို့လဲ၊ ဘာလို့ရပ်နေတာလဲ အထဲလာလေ။

            သားဘယ်တုန်းက ညာတတ်သွားတာလဲ၊ အဖေ့ဆီကို ကျောင်းကနေ ဖုန်းဆက်တယ်။ သားပြောတာက ကျောင်းမှာ အရေးကြီးလက်တွေ့သင်တန်းရှိတယ်ဆို၊ သားပြောတာကျတော့ ကျောင်းပိတ်တယ်တဲ့၊ သားက ဘာကို ဆိုလိုချင်တာလည်း၊ သားမှာ ဘာအခက်အခဲရှိလို့လဲ အဖေ့ကို ပြောပြပါအုံး။

            အဖေရယ် အမှန်က သားကျောင်းမသွားချင်လို့ပါ။

            အော်….ဒါလား။

            ဒါသားရဲ့စိတ်ကို ကျောင်းသွားချင်စိတ်ရှိအောင် လုပ်ရမှာပေါ့၊ ကိုယ်ကိုကိုယ် သတိပေးနေရ မှာ ကိုယ့်စိတ်မှာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချတတ်ရမယ်။

            အဖေ့၊ အဖေသားကိုပြောတော့ သားမငယ်တော့ဘူး၊ တာဝန်ယူတတ်ရမယ်ဆို၊ ဒါကြောင့် ဖေဖေရယ် သားကျောင်းမသွားချင်လို့ သားကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်တာ၊ ဒီနေ့လည်း ကျောင်း မသွားချင်လို့မသွားဘူး။ နောက်ရက်နေတွမှာလည်း မသွားချင်တဲ့ရက်တွေမှာဆို မသွားဘဲ နေအုံး မှာပဲ။

            ကလေးကိုတော့ ကလေးနည်းနဲ့ပဲဆုံးမသင့်တယ်။ သားကို ဒီနေ့မနက် မနှိုးဘူးလား၊ ပြီးတော့ အထင်မမှားဘူးဆိုရင် အဖေလည်း အိပ်ယာထ နောက်ကျတယ် ဟုတ်လား၊ ဖေဖေ၊ မဟုတ်ပါဘူးသားရယ်၊ အဖေအိပ်ယာစောစောမထချင်လို့ပါ။

            ဟုတ်လားအဖေ၊ သားဗိုက်ဆာပြီ၊ မနက်စာဘာရှိလည်း မသိဘူး၊ မနက်စာအတွက် မင်းအမေ ဘာမှမလုပ်ထားသေးဘူးတဲ့ကွာ ဘာဖြစ်လို့လဲ အမေနေမကောင်းဘူးလားဗျ။

            မဟုတ်ပါဘူးသားရယ်၊ သူလည်း ဒီအတိုင်း အိပ်ယာကမထချင်သေးလို့ ဆက်ပြီးတော့ အိပ်နေတာဖြစ်မှာပေါ့။

            ဖေဖေခါတိုင်းဆို ဖေဖေအလုပ်သွားဖို့ပြင်ပြီးနေပြီ အလုပ်သွားဖို့ အချိန်နီးနေပြီ ကနေအလုပ် မသွားဘူးလား။

            သားရယ် ဒီနေ့မသွားချင်လို့ မသွားတော့ဘူး၊ မသွားချင်လို့ ဖေဖေရယ် အဖေအလုပ်မသွား ရင် လစာဘယ်လိုလုပ်ရမလဲ၊ ကျွန်တော်တို့ မိသားစု ဘယ်လိုလုပ် စားကြမလဲ၊ ကျွန်တော်ရဲ့ ကျောင်း စရိတ်တွေကော ဘယ်လိုသွားပေးမလဲ။

            ဟုတ်တယ်သာ။ အဖေ အလုပ်သွားဖို့ စိတ်မပါလို့ ဒီနေ့မသွားတော့ဘူး။

            အဖေကလည်း အလုပ်သွားချင်စိတ်ဖြစ်အောင် ကိုယ်ကို သတိပေးနေရမှာပေါ့၊ ကိုယ့်စိတ်မှာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချထားရမယ်လေ…။

            အဖေပြောချင်တာလဲ အဲ့ဒါပဲသား၊ စိတ်ကို မပျော့ညံ့အောင် ထားရမယ်။ စိတ်ခိုင်မာအောင် လုပ်ရမယ်။ ဘယ်ကလေးမှ မနက် အစောကြီး အိပ်ယာက ထချင်မှာမဟုတ်ဘူး၊ ဒါပေမယ့် သူတို့ စိတ်တင်းပြီးထကြတာ။ သူတို့ အားတင်းပြီး ရေချိုးခန်းထဲဝင်သွားကြတယ်။ ပြီးတော့ ကလေးတွေ တစ်နေကုန် ဖုန်းထဲမှာ ဂိမ်းတွေဆော့ကြတယ်။ ဖုန်းကို လက်ထဲက မချချင်ဘူး၊ ဒါပေမယ့် မချချင်၊ ချချင်နဲ့ စိတ်တင်းပြီး လက်ထဲက ချသွားကြတယ်။ စာလုပ်ချင်စိတ်ဖြစ်အောင် ပြီးတော့ တဖက်က စိတ်အားတင်းပြီး စာထိုင်လုပ်ကြတယ်။ ပြီးတော့ အခုလည်း ကြည့်သား အမေ မနက်စာမလုပ်ထား ဘူး။ သားဘယ်လောက်စိတ်ပူသွားလဲ၊ သားဗိုက်စာတဲ့အခါ သားစားချင်တာ မစားရဘူးလေ၊ ဗိုက် အရမ်းဆာနေပြီမဟုတ်လား၊ ပြီးတော့ အဖေက ဒီနေ့အလုပ်ကို မသွားချင်လို့ မသွားပဲနေတာ၊ သားဘယ်လောက် စိတ်ပူသွားလဲ၊ မိသားစုဘယ်လိုစားမလဲ၊ ကျောင်စရိတ်ဘယ်လိုပေးရမလဲ၊ သားစိတ်ပူသွားတယ်မဟုတ်လား။ အဲ့ဒီလိုပဲ သားက ဒီနေ့ကျောင်းမသွားချင်လို့ မသွားတာကို ကြည့်ပြီး အဖေတို့ သားနောင်ရေးအတွက် ဘယ်လောက်စိတ်ပူသွားမလဲ၊ ဒါကြောင့်စိတ်ကို ခိုင်အောင်ထား ဟိုဟိုဒီဒီ မလွင့်စေနဲ့ ဟုတ်ပြီလား၊ ကျောင်းသွားဖို့အတွက် ပြင်ဆင်တော့ ပန်းတိုင်ကို ရောက်အောင်လျှောက်နော်….။

            Sorry ပါ ဖေဖေ ကျွန်တော် ထင်ထားတာက ကိုယ်နဲ့ပတ်သက်တဲ့အရာကို ကိုယ်တိုင် ဆုံးဖြတ်နိုင်ပြီလို့ ထင်ခဲ့တာ ဆုံးဖြတ်ချက်ဆိုတာလည်း အခြေအနေပေါ်လိုက်ပြီး ဆုံးဖြတ်တတ်ရ တယ်ဆိုတာ အခုမှပဲ နားလည်တော့တယ်။ အဖေရှင်းပြတာ အရမ်း လည်တယ်ဗျာ။

            ဘုရားသခင်ထံဆုတောင်းပါတယ်။

            သားတွေ၊ သမီးတွေတိုင်း အဖေ့လို ဖခင်မျိုးရကြပါစေ၊

            ကျေးဇူးပါဖေဖေ

            သားလို သားသမီးမျိုး အဖေတိုင်းရကြပါစေ။

            အဖေရှင်းကြပြတာကို သားနားလည်လွယ်တဲ့အတွက် အဖေကလည်း ကျေးဇူးတင်ပါတယ် သား။    

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *