
ရဟန်းမင်းကြီးသည်လက်ဘနွန်၀န်ကြီးချုပ်အားလက္ခံတွေ့ဆုံ။

ရဟန်းမင်းကြီးလီယို (၁၄) သည် အောက်တိုဘာ (၂၅) ရက်နေ့ကလက်ဘနွန်၀န်ကြီးချုပ် Nawaf Salam အားဗာတီကန်၌လက်ခံတွေ့ဆုံခဲ့သည်။ ၀န်ကြီးချုပ်နှင့်အတူဒု၀န်ကြီး Tarek Mitri လည်းပါ သည်။ ထို့အတူ ဗာတီကန်၏အတွင်းရေးမှူးဖြစ်သောကာဒီနယ် Pietro Parolin၊ နိုင်ငံတကာအသက်းအဖွဲ့များဆိုင်ရာဆက်ဆံရေးတာ၀န်ခံအတွင်းရေးမှူးဂိုဏ်းချုပ်ဆရာတော် Paul Richard Gallagher တို့နှင့် လည်းတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံခြင်းသည် လွန်စွာနွေးထွေးပြီး၊ နှစ်နိုင်ငံကြား ကောင်းမွန်သောဆက်ဆံရေးအ ကြောင်းနှင့် ရဟန်းမင်းကြီးမကြာမီကြွရောက်မည့် လက်ဘနွန်တမန်တော်ခရီးစဉ်အကြောင်းများကို ဆွေး နွေးပြော ဆိုခဲ့ကြောင်း ဗာတီကန်သတင်းဌာနကထုတ်ပြန်ထားပါသည်။ ရဟန်းမင်းကြီးလီယို (၁၄) ၏ပထမ ပြည်ပ တမန်တော်ခရီးစဉ်ကို လာမည့်နို၀င်ဘာလ (၂၇၊ ၂၀၂၅) မှ ဒီဇင်ဘာ (၂၊ ၂၀၂၅) ရက်နေ့ အထိလက် ဘနွန်နှင့်တူရကီနိုင်ငံများသို့ကြွရောက်မည်ဖြစ်သည်။ လက်ဘနွန်၌မှု နို၀င်ဘာ (၂၇) မှ ဒီဇင်ဘာ (၂) ရက် နေ့အထိသီတင်းသုံးမည်ဖြစ်သည်။
ယခုကဲ့သို့နှစ်နိုင်ငံကြားတွေ့ဆုံစဉ်၌ လက်ဘနွန်ပြည်သူများ၏ပြုပြင် ပြောင်းလဲရေးနှင့်နိုင်ငံအားပြန် လည်တည်ငြိမ်အေးချမ်းရေးမျှော်လင့်ချက်ဖြင့်လုပ်ဆောင်နေ သောလုပ်ငန်း စဉ်များအကြောင်းကို လည်းထည့်သွင်းပြောဆိုခဲ့ကြသည်။ ထိုမျှော်လင့်ချက်သည်လည်းမုချဧကန်ဖြစ် မြောက်အောင်မြင် မည်ဟုလည်းယုံကြည်ကြောင်းဖြင့်၀န်ကြီးချုပ်ကပြောကြားခဲ့သည်ဟုဗာတီ ကန်သတင်းဌာနမှ သိရပါ သည်။
ဘာသာပြန် Fr. Clement Ate
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

