ကိုယ့်အမှားကို ဝန်ခံဖို့ မကြောက်ပါနဲ့။

တနင်္ဂနွေနေ့ အန်န‌ဂျေလုစ် (Angelus) ဆုတောင်းမေတ္တာရွတ်ဆိုခြင်း၌ ပုပ်ရဟန်းမင်းကြီး လီယို (Leo) က ဖာရိရှဲ (Pharisee) နှင့် အခွန်ခံ (tax collector) တို့၏ ဥပမာကို ထောက်ရှုပြီး၊ ယုံကြည်သူ ဘာသာ ဝင်များအား ဘုရားသခင်နှင့် ဆက်ဆံရေးတွင် နှိမ့်ချမှု နှင့် စိတ်ရင်းမှန် ကို မွေးမြူရန် ဖိတ်ခေါ်ခဲ့သည်။

ရဟန်းမင်းကြီးနန်းတော်၏ ပြတင်းပေါက်မှ မိန့်ကြားရာတွင် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Pope Leo XIV) က ထိုနေ့ ဧဝံဂေလိကျမ်းစာပါ ဆန့်ကျင်ဘက် ပုဂ္ဂိုလ်နှစ်ဦးကို ပြန်လည်အမှတ်ရစေခဲ့ပြီး မိမိ၏ ဖြောင့်မတ်ခြင်းကို ယုံကြည်စိတ်ချသော ဖာရိရှဲနှင့် မိမိ၏အပြစ်ကို သတိပြုမိသော အခွန်ခံတို့ အကြောင်းကိုဝေမျှခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီး လီယိုက ဂုဏ်ယူဝါကြွားခြင်းနှင့် ဝိညာဉ်ရေး မာနထောင်လွှားခြင်းကို အာရုံစိုက်ထား သည့် ဖာရိရှဲ၏ ဆုတောင်းချက်သည် ပညတ်တော်ကို တင်းကြပ်စွာ လိုက်နာမှုကို ထင်ဟပ်စေသော် လည်း၊ မေတ္တာကင်းမဲ့ပြီး ပေးကမ်းခြင်း၊ အကြွေးများနှင့် အကြွေးရှင်များပေါ်တွင် တည်ဆောက်ထား သည့်အပြင် ကရုဏာလည်း နည်းပါးသည် ဟု ရှင်လင်းပြောကြားခဲ့သည်။

ယင်းနှင့်ဆန့်ကျင်ဘက်အနေဖြင့် အခွန်ခံ၏ ဆုတောင်းချက်ကမူ ကျေးဇူးတော်အတွက် ဖွင့်ထားသော နှလုံးသားကို ဖော်ပြသည်အို ဘုရားသခင်၊ အကျွန်ုပ်အပြစ်သားကိုသနားတော်မူပါ ဟူ၍ ဖြစ်သည်။

နှိမ့်ချမှုသည် အမှန်တရား နှင့် ကုစားခြင်းလမ်းစဉ် ဖြစ်သည်

ပုပ်ရဟန်းမင်းကြီး လီယိုက အတိတ်နှင့် ဂုဏ်သတင်းတို့ကြားမှပင် ဘုရားသခင်ရှေ့မှောက်၌ ရပ်တည်ရန် ရဲရဲဝံ့ဝံ့ ရှိခဲ့သည် အခွန်ခံ၏ ရဲစွမ်းသတ္တိ ကို အလေးပေးပြောကြားခဲ့သည် သူသည် မိမိ၏ ကမ္ဘာထဲတွင် မိမိကိုယ်ကို ပိတ်လှောင်မထားပါ သူလုပ်ခဲ့သည့် မကောင်းမှုအတွက် လက်လျှော့အရှုံးမပေးခဲ့ပါဟု ပုပ်ရဟန်းမင်းကြီးက ရှင်းပြသည်။

သူသည် အခြားသူများက သူကိုကြောက်ရသော၊ မိမိဘဝလုံခြုံသော၊ သူ၏ အာဏာကြောင့် ကာကွယ် ပေးထားသော နေရာများကို စွန့်ခွာလာခဲ့သူဖြစ်ပြီး ။ သူသည် ဝေဖန်မှုများနှင့် တင်းမာသော အကြည့် များကို မမှုဘဲ၊ တစ်ကိုယ်တည်း၊ အစောင့်အရှောက်မပါဘဲ ဗိမာန်တော်သို့ ရောက်လာကာ၊ ခေါင်းငုံ့ကာ နောက်ဆုတ်၍ သခင်ဘုရားရှေ့တွင် ရပ်နေခဲ့သူဟု မိန့်ကြားခဲပြီး။

ဆက်လက်ပြီး ရဟန်းမင်းကြီးက မိမိ၏ ဂုဏ်ကျေးဇူးများကို ထုတ်ပြခြင်းအားဖြင့် ကယ်တင်ခြင်း မခံရ နိုင်သလို၊ မိမိ၏ အပြစ်များကို ဖုံးကွယ်ထားခြင်းဖြင့်လည်း ကယ်တင်ခြင်းမခံရနိုင်ဘဲ၊ ဘုရားသခင်ရှေ့၊ ကိုယ့်ကိုယ်ကိုရှေ့နှင့် အခြားသူများရှေ့တွင် မိမိတို့ ရှိရင်းစွဲအတိုင်း ရိုးသားစွာ တင်ပြခြင်းဖြင့်သာ ကယ်တင်ခံရမည်ဟုလည်း ရှင်းပြခဲ့ပါသည်။

သူတော်စင် ရဟန္တာ ဩဂတ်စတင်း (Saint Augustine) ၏ စကားကို ကိုးကား၍ ပုပ်ရဟန်းမင်းကြီးက ဖာရိရှဲကို မာနကြောင့် သူ၏ဒဏ်ရာများကို ဖုံးကွယ်ထားသော ဖျားနာသူနှင့် နှိုင်းယှဉ်ခဲ့ပြီး၊ အခွန်ခံကိုမူ ကုသခံရန်အတွက် သူ၏ ဒဏ်ရာများကို နှိမ့်ချစွာ ထုတ်ဖော်ပြသသူအဖြစ် နှိုင်းယှဉ်ပြကာသူ၏ နာမကျန်းမှုကို ပြသရန်မရှက်ရသော ဤအခွန်ခံသည် ကုသခြင်းခံရပြီး အိမ်သို့ ပြန်သွားသည်ကို ကျွန်ုပ်တို့ အံ့သြစရာမရှိပါ" ဟူ၍ မိန်ံကြားခဲ့ပါသည်။

ကိုယ့်အမှားကို ဝန်ခံဖို့ မကြောက်ပါနဲ့

ပုပ်ရဟန်းမင်းကြီးက ဆက်လက်၍ ယုံကြည်သူဘာသာဝင်များကို အခွန်ခံ၏ စံနမူနာအတိုင်း မိမိတို့၏ အားနည်းချက်များကို အသိအမှတ်ပြုရန် မကြောက်ရွံ့ ကြဖို့ တိုက်တွန်းခဲ့ပါသည်

ကျွန်ုပ်တို့၏ အမှားများကို ဝန်ခံရန်၊ ယင်းအမှားများအတွက် တာဝန်ယူပြီး ဘုရားသခင်၏ ကရုဏာ တော်သို့ အပ်နှံခြင်းဖြင့် ယင်းတို့ကို ဖေါ်ပြရန် မကြောက်ပါနှင့် ဟူ၍ ဖြစ်ပါသည်။ ပုပ်ရဟန်းမင်းကြီး လီယိုက ဤနှိမ့်ချမှုလမ်းစဉ်သည် စိတ်အတွင်းပိုင်း ကုစားခြင်းနှင့် ဘုရားသခင်၏ နိုင်ငံတော် တိုးပွားခြင်းနှစ်ခုလုံးကို ဖြစ်ပေါ်စေသည်ဟု နိဂုံးချုပ်ပြောကြားခဲ့ကာ ဘုရားသခင်၏ နိုင်ငံတော်သည် မာနကြီးသူများအတွက် မဟုတ်ဘဲ နှိမ့်ချသူများ အတွက်သာ ဖြစ်သည် ဟူ၍ မိန့်ကြာခဲ့ပါသည်။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *