
အသင်းတော်တွင် မည်သည့်အကြမ်းဖက်မှုကိုမျှ သည်းခံမည်မဟုတ်”

“အသင်းတော်တွင် မည်သည့်ပုံစံမျိုးဖြင့်မဆို အကြမ်းဖက်မှုအတွက် သည်းခံခြင်းမရှိနိုင်ပါ” ဟု ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော တနိုင်ငံလုံး ဆိုင် ရာ ဘေးအန္တရာယ်ကင်းရှင်းရေး ညီလာခံသို့ ပေးပို့သည့် သတင်းစကားတွင် အလေးပေး ပြောကြား ခဲ့ သည်။
“အသင်းတော်တွင် မည်သည့်ပုံစံမျိုးဖြင့်မဆို အကြမ်းဖက်မှုအတွက် သည်းခံခြင်းမရှိနိုင်ပါ”။
ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်မှ ၂၄ ရက်နေ့အထိ ဖိလစ် ပိုင်နိုင်ငံ၊ ကလပ်ခ်-အန်ဂျယ်လ်စ် (Clark-Angeles ) တွင် ကျင်းပသည့် အမျိုးသား ဘေးအန္တရာယ်ကင်းရှင်းရေး ညီလာခံသို့ ပေးပို့သော သတင်းစကားတွင် ဤသို့ အခိုင်အမာ ပြော ကြားခဲ့ပါသည်။
ပုပ်ရဟန်းမင်းကြီး ၏ သတင်းစကားကို ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဗာတီကန် သံတမန် ဂိုဏ်း ချုပ်ဆရာတော် ချားလ်စ် ဂျေ ဘရောင်း Charles J. Brown က ပုပ်ရဟန်းမင်းကြီး ကိုယ်စား ဖိလစ်ပိုင်နိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ ချုပ်၏ အရွယ်မရောက် သေးသူများ ကာကွယ်စောင့်ရှောက်ရေးရုံး ဥက္ကဋ္ဌ၊ စန်ဖာနန်ဒိုသာသနာ ဂိုဏ်းချုပ်ဆရာ တော်ကြီး ဖလော်ရန်တီနို ဂျီ လာဗာရီးယပ်စ် Florentino G. Lavarias ထံသို့ ပေးပို့ခဲ့ပါသည်။
ဘေးအန္တရာယ်ကင်းရှင်းရေး ညီလာခံအပေါ် ကျေနပ်အားရမိကြောင်း ဖော်ပြပြီးနောက် ပုပ်ရဟန်း မင်းကြီး လီယိုသည် ထိရောက်သော ကာကွယ်စောင့်ရှောက်ရေးအတွက် ပြင်းပြင်းထန်ထန် တောင်း ဆိုခဲ့ပါသည်။
မည်သည့်အကြမ်းဖက်မှုကိုမျှ သည်းခံမည်မဟုတ်
“သာသနာတော်သည် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာ အိမ်ဖြစ်ပြီ သာသနာတိုက်နယ် အုပ်စုတိုင်း နှင့် သာသနာအုပ်စုဆိုင်ရာ လုပ်ဆောင်မှုတိုင်းသည် ဘုရားသခင်၏ဘုန်းဂုဏ် တော် နှင့် အခြားသူများ၊ အထူးသဖြင့် ကလေးသူငယ်များနှင့် ထိခိုက်လွယ်သူများကို ဂရုစိုက် ရမည့် နေရာဖြစ်သည်” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။
“ဤအကြောင်းအရာနှင့် ပတ်သက်၍ သာသနာတော်တွင် မည်သည့်ပုံစံမျိုးဖြင့်မဆို အကြမ်းဖက်မှုအတွက် သည်းခံခြင်းမရှိနိုင်ပါ” ဟု ပုပ်ရဟန်းမင်းကြီး လီယိုက ဆက်လက် ပြောကြား ခဲ့သည်။
ပွင့်လင်းမြင်သာမှုကို သေချာစေမည့် မူဝါဒများနှင့် လုပ်ဆောင်ချက်များ လိုအပ်ခြင်း။
ထို့ကြောင့် ပုပ်ရဟန်းမင်းကြီးက ၎င်းတို့၏ “ဆွေးနွေးညှိနှိုင်းမှုများသည် အမှုအခင်းများကို ကိုင်တွယ် ရာတွင် ပွင့်လင်းမြင်သာမှုကို သေချာစေရမည့်၊ ကာကွယ်တားဆီးရေး ယဉ်ကျေးမှုကို မြှင့်တင်ပေး ရမည့်၊ သခင်ဘုရား၏ ‘these little ones’ ‘ဤကလေးငယ်များ’ ကို ကာကွယ်စောင့် ရှောက်ရမည့် မရှိမဖြစ်လိုအပ်သော မူဝါဒများနှင့် လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်ရန် ဦးတည်လိမ့်မည်ဟု” မျှော်လင့်ကြောင်း ဖော်ပြခဲ့ပါသည်။
“ထိုသို့ပြုလုပ်ခြင်းအားဖြင့် ဖိလစ်ပိုင်နှင့် အခြားနိုင်ငံများရှိ သာသနာတော်သည် သိုးများကို အမြဲချစ်ခင်စောင့်ရှောက်သော သိုးထိန်းကောင်းဖြစ်သည့် ခရစ်တော်၏ ပိုမိုစစ်မှန်သော သက်သေခံ တစ်ဦး ဖြစ်လာလိမ့်မည်” ဟု ပုပ်ရဟန်းမင်းကြီး လီယိုက အားပေးခဲ့ပါသည်။
နောက်ဆုံးတွင် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် ညီလာခံသို့ တက်ရောက်လာသူများကို သန့်ရှင်းသော အမိမယ်တော်၏ အကာအကွယ်နစောင့်ရှောက်မှုအောက်တွင် အပ်နှံ ကြောင်းနှင့် တမန်တော်ဆိုင်ရာ ပုပ်ရဟန်းမင်းကြီး၏ ကောင်းချီးမင်္ဂလာ ကိုပေးသနားခဲ့ကြောင်း ဗာတီကန် သတင်းဌါနက ဖော်ပြထားပါသည်။
ဘာသာပြန် Fr. peter Kyi Maung
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

