
ယနေ့အိမ်ထောင်သည်များအတွက်ပုံအတုယူဖွယ်စံပြရဟန္တာဇနီးမောင်နှံ။

ရဟန်းမင်းကြီးလေအိုမှစံပြဇနီးမောင်နှံအဖြစ်တင်စားဂုဏ်ပြုခံရသောသူများမှာလွီစ်နှင့်ဇက်လီအေမာတင်း (Louis နှင့် Zélie Martin) တို့ဖြစ်ကြသည်။ ၄င်းတို့ဇနီး မောင်နှံအားယနေ့လူငယ်မောင်နှံများကြား ရှုပ်ထွေးသောအိမ်ထောင်ရေးကိုအဘယ်သို့ရှင်သန်ရမည်ကိုချပြလိုက်ခြင်းဖြစ်ပါသည်။
ဤဇနီးမောင်နှံသည် ရဟန္တာများအဖြစ်တင်မြောက်ခံခဲ့ရသည်မှာ (၁၀) နှစ်ပင်ပြည့်ပြီဖြစ်သည်။ အထက် ကစာကြောင်းသည်ရ ဟန်းမင်းကြီးလီယို (၁၄) မှ၄င်းတို့၏ရဟန္တာတင်မြောက်ခြင်း (၁၀) နှစ်ပြည့်နေ့ ဖြစ်သောအောက်တိုဘာလ (၁၈) ရက်နေ့ကပြင်သစ်ဘာသာဖြင့်သတင်းစကားပါးခဲ့သောစာမှဖြစ်သည်။ ဤရဟန္တာဇနီးမောင်နှံသည် အောက်တိုဘာလ (၁) ရက်နေ့က သာသနာမှအမှတ်ရကျင်းပသောပွဲနေ့ရှင် သူငယ်တော်ယေဇူး၏စိန့်ထ ရေးဇာ၏မိဘနှစ်ပါးဖြစ် သည်။
ယနေ့ခေတ်အခါ၌ အိမ်ထောင်ရေးအသက်တာသည်ပြဿနာပေါင်းစုံ၊ ရှုပ်ထွေးမှုမျိုးစုံဖြင့် ပြည့်နက် ရောပြွမ်းနေပြီး မကြာခဏထွက်ပြေးခြင်း၊ ဖာတိဖာသာနေထိုင်ခြင်း၊ မိမိတို့၏အတ္တကိုဦးစားပေး ဆုံး ဖြတ်ခြင်း၊ နာကြင်မှုများဖြင့်မျိုးသိပ်နေခြင်း၊ နောက်ဆုံး၌အိမ်ထောင်သည်ဘ၀ကိုစိတ်ပျက်သွားစေ သည်။
ဤအခြေအနေများအားလုံးသည် ယနေ့ခေတ်လူငယ်များတွေ့ကြုံနေရသည်။ ဤအခြေအနေများ သည်မိသားစုဘ၀ကိုငြီးငွေ့စေသည်။ ခေတ်နောက်ပြန်ဆွဲသည်ဟုထင်မှတ်စေသည်။ အမှန်မှာဤ အခြေ အ နေသည် မိသားစုကိုဖန်ဆင်းသည့်ဖန်ဆင်းရှင်၏အလိုတော် မဟုတ် ပေ။ ဤရဟန္တာ ဇနီး မောင်နှံ အနေဖြင့်ယနေ့မိသားစုတွေ့ကြုံနေရသည့် အတိုင်းပျော်ရွှင်မှုမဲ့သောဘ၀မ ဟုတ်ကြောင်း၊ ၄င်းတို့သည်တစ်ဦးကိုတစ်ဦးအသက်ပေးထားပြီး၊ ယုံကြည်ခြင်းကိုမောင်နှံကြား၌သာမဟုတ် ဘဲ ကလေး များထံလက်ဆင့်ကမ်းမျှေ၀ပေးခြင်း၊ ၄င်းတို့၏သမီးများ (၄င်းတို့၌သားတစ်ဦးမျှမထွန်းကားခဲ့ ပေ)သည်ဘုရားသခင်၏စောင့်ရှောက်မှုအောက်၌ကြီးထွားလူလားမြောက်လာသည်ကိုမြင်တွေ့ရခြင်းများ သည်မိသားစုကိုအလွန်ပျော်ရွှင်စေသည်။
ရဟန်းမင်းကြီးသည် ဤသ၀န်လွှာကို အောက်တိုဘာလ (၁) ရက်နေ့ကလက်မှတ်ရေးထိုးခဲ့ သည်။ အောက်တိုဘာ (၁) ရက်နေ့သည် ဤဇနီးမောင်နှံ၏သမီးများအနက်တစ်ဦးဖြစ်သော ကားလ်မဲလိုက် ရသေ့သီလရှင်အသင်း၀င်သူငယ်တော်ယေဇူး၏စိန့်ထရေဇားပွဲနေ့ဖြစ်သည်။
ဤသ၀န်လွှာကိုရဟန္တာဇနီး မောင်နှံတို့၏မွေးရပ်မြေလည်းဖြစ်၊ ဂူသင်္ချိုင်းရှိသည့်နေရာ၏ သာသနာပိုင် ဆရာတော် Bruno Feillet အား ပါးလိုက်သည်။ အဆိုပါသာသနာကို Séez ဟုခေါ်သည်။
ဤဇနီးမောင်နှံတို့အား (၂၀၁၅) ခုနှစ်၌ ရဟန်းမင်းကြီးဖရန်စစ်မှရဟန္တာတင်မြောက်ပေးခဲ့ သည်။ ဤဇနီး မောင်နှံသည် ကက်သလစ်သာသနာတော်ကြီး၏သမိုင်း၌မောင်နှံနှစ်ဦးလုံးတစ်ချိန်တည်း၊ တစ်ရက် တည်း၊ တစ်နှစ်တည်း၌ရဟန္တာတင် မြောက်ခံရသည့်ပထမဦးဆုံးမောင်နှံဖြစ်သည်။
ယခုနှစ်ပတ်လည်နေ့သည် အသက်နှင့်ယှဉ်ပြမရသောမောင်နှံတို့၏မင်္ဂလာအသက်တာကို ဆင်ခြင်ရင်း ဘုရားသခင်အတွက်တန်ဖိုးမဖြတ်နိုင်သော်လည်းအခါအားလျှော်စွာထိလွယ်ရှလွယ်ပြီး၊ စုံစမ်း နှောက် ယှက်မှုလည်းလွန်စွာများပြားကြီးမားသည်။ မည်သို့ပင်ခက်ခဲစေကာမူ ဤရဟန္တာမောင်နှံတို့၏ကူညီ တောင်းလျှောက်ပေးသောကောင်းချီးတော်ကြောင့် မိသားစု၏ဘ၀ခရီးကိုဆက်လက်လျှောက် လှမ်းရန် ဖြစ်သည်။
ရဟန္တာမောင်နှံတို့၏အသက်တာကိုစံပြအိမ်ထောင်သည်အသက်တာကိုထူထောင်ရန်တွန့်ဆုတ်နေသောလူငယ်များကိုအဘယ်သို့ရှင်သန်ရမည်ကိုမီးမောင်းထိုးပြထားခြင်းဖြစ်သည်။ စိန့်ထရေးဇာ၏ မိဘသည် မိမိတို့ပြုခဲ့သောလက်ထပ်ထမ်းမြှားခြင်းကတိသစ္စာကိုမချိုးမဖောက်ဘဲသစ္စာရှိစွာစောင့်ထိန်းခြင်း၊ တစ်ဦးကိုတစ်ဦးဂရုစိုက်ခြင်း၊ ယုံကြည်ခြင်း၌ခိုင်မြဲခြင်း၊ သားသမီးများအားမိမိတို့ဘာသာ တရား၏ ယုံကြည် ချက်များကိုသင်ကြားပေးခြင်း၊ ချစ်ခြင်းမေတ္တာကိုရက်ရောစွာပြသခြင်း၊ လူမှုရေးတရားမျှတ မှုနှင့်အခက်အခဲ များ၊ စိန်ခေါ်မှုများကြုံရချိန်၌ယုံကြည်မှုရှိခြင်း စသည်တို့၏စံပြဖြစ်သည်။
ဤစံပြမောင်နှံတို့သည် မိသားစုအပေါ် ဘုရားသခင်ပေးသနားသောသူမတူသည့်ပျော်ရွှင် ခြင်း၊ ၀မ်းမြောက်ခြင်းကိုသက်သေခံထားသည်။ အထူးသဖြင့် ဘုရားပေါင်းဖက်သောအသက်တာ၌သစ္စာ ကတိတည်ကြည်ဖြူစင်စွာဆက်ကပ်ရှင်သန်လျှင်ခံစားရမည်ဖြစ်သည်။
မိသားစု၏နေ့စဉ်အသက်တာကိုငဲ့စောင့်ကြည့်မည်ဆိုပါက တနဂ်နွေနေ့၌စု၍ဘုရားကျောင်း တက်ခြင်း၊ မစ္ဆားပူဇော်ပြီးနောက်အိမ်ပြန်ရောက်သောအခါ ထမင်းစား၀ိုင်း၌အတူ၀ိုင်းဖွဲ့စားသောခြင်း၊ မိ သားစု၀င် တစ်ဦးဆီတစ်နေ့တာတွေ့ကြုံဖြတ်သန်းခဲ့သည့်ပျော်စရာ၊ ၀မ်းနည်းစရာများကိုမိသားစု၀င်များ အားပြန် လည်ဝေမျှဖလှယ်ခြင်း၊ မိသားစု၀င်တစ်ဦးစီ၏အစီအစဉ်၊ အနာဂါတ်၏မျှော်လင့်ချက်များကိုထုတ် ဖော် ပြောပြခြင်း၊ အတူတကွဆုတောင်းခြင်း၊ မိသားစု၀င်တစ်ဦးဦး၏မွေးနေ့၊ ပွဲနေ့၊ ဂုဏ်ယူရသောနေ့များရှိ ကအတူတကွနွှဲပျော်ကျင်းပလေ့ရှိသည်။ မည်သည့်အခြေအနေ၌မဆို အထူးသဖြင့်စုံစမ်းနှောက်ယှက်မှု၊ အ ခက်အခဲများနှင့်တွေ့ကြုံရချိန်မျိုး၌ မိသားစု၀င်များစုဆုံနိုင်သမျှစု၍အားပေးကျော်ဖြတ်ခြင်း၊ ဆုတောင်း ခြင်းဖြင့်ယေဇူးသခင်၏လက်၀ါးကပ်တိုင်တော်နှင့်ပေါင်းစပ်ခြင်းသည် စိတ်ဓာတ်ခွန် အားကို တိုးစေသည်။ လောကရှိမိသားစု၌စည်းလုံးစွာနေထိုင်သကဲ့သို့ တစ်နေ့သ၌ကောင်းကင်၌ လည်းပျော်ရွှင် ၀မ်းမြောက်စွာဘုရားသခင်ဘုန်းတော်ဂုဏ်တော်၌ဆုံဆည်းမည်ဟုလည်းမျှော်လင့်၍ပျော်ရွှင်စွာလက္ခံဖြတ်သန်းနိုင်ကြသည်။
ဤဇနီးမောင်နှံသည် ရဟန္တာဖြစ်ရန်ရည်ရွယ်၍ကြိုးစားရှင်သန်ခဲ့ကြသည်မဟုတ်။ သန့်ရှင်း ရိုးသားစွာ ခရစ်ယာန်အသက်တာကိုရှင်သန်ခဲ့သည်။ သားသမီးတို့ကိုလည်းလူမှုရေးနယ်ပယ်၌တန်ဖိုးရှိစွာနေထိုင် နိုင်ရန်ပညာရေးကိုလည်းကောင်း၊ ဘုရားသခင်၏တရားတော်နှင့် အညီနေထိုင်နိုင်ရန်ဘာသာရေး အသိ များကိုသင်ကြားပေးခဲ့သည်။
ဤလုပ်ဆောင်ချက်များသည် သားသမီးရှိသောမိဘတိုင်းပြုရမည့်သာမန်၀တ္တ ရားများသာဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်၏အဆိုအမိန့်တစ်ခုဖြစ်သော ‘မိဘတို့၏အသက်တာသည်ရ ဟန္တာဖြစ်ရန်ခြေ လှမ်းနေသည်’ ဟုကိုးကားထားသည်။
ဤမောင်နှံတို့သက်ရှိနေထိုင်ခဲ့သောအိမ်သို့သွားရောက်လည်ပတ်ဖူးကြမည့်ဘုရားဖူးများ အားရဟန္တာ မောင်နှံတို့နေ့စဉ်သွားလာနေထိုင်ခဲ့သောနေရာထိုင်ခင်းတို့ကိုကောင်းစွာကြည့်ရူသတိပြုခဲ့ကြရန် ၄င်းတို့ ပတ်၀န်းကျင်ရှိသူများအားလည်း မိသားစုအသက်တာ၊ ယုံကြည်ခြင်း၊ နေ့စဉ်လုပ်ကိုင်ရသောအလုပ် အကိုင်များ၊ လိုအပ်သူများကိုရှိစုမဲ့စုမှကူညီပေးတတ်မှုများ၊ ၄င်းတို့၏မိတ်ဆွေကောင်းများကို အဘယ် သို့ လမ်းကောင်းပြခဲ့သည်တို့ကိုမျက်ခြေမပြတ်လေ့လာခဲ့ရန်၊ ဤမိသားစု၏ရိုးရှင်းသောနေ့စဉ်အသက် တာသည် ဘုရားသခင်ထူးခြားစွာရှင်သန်နေကြောင်းကိုဖော်ပြသောမိသားစုအသက်တာဖြစ်ကြောင်း၊ မိသားစုအတွင်း ၌ဘုရားသခင်သည်ပထမဆောင်ပုဒ်ကိုဦးထိပ်ပန်ဆင်ထားကြောင်း၊ ထို့ကြောင့် လက်ထပ်ထိမ်းမြှားခြင်းစက္ကရာမင်တူးသည်လည်းတရားတော်၌ရှင်သန်လျှင်မိသားစု၏သန့်ရှင်းခြင်းကိုပို့သောလမ်းကြောင်းဖြစ်ကြောင်းမိန့်ကြားထားသည်။
ရဟန်းမင်းကြီးသည် ဤမောင်နှံတို့ကိုပုံတုယူလျှက် အိမ်ထောင်သည်များအား ၄င်းတို့အစပြုခဲ့ကြ သောခရီးကိုစိတ်ရှည်သီးခံ၍သတ္တိရှိရှိရှင်သန်ကျော်ဖြတ်ရန်၊ တစ်ခါတစ်ရံ၌ခက်ခဲမည်၊ စိန်ခေါ်မှုများရှိ မည်မှာငြင်းစရာမရှိကြောင်း၊ သို့သော်တရားအလင်းတော်၌ခွန်အားယူလျှောက်လှမ်းရန်၊ အထူးသဖြင့် ထိုသို့ သော်အခြေအနေမျိုး၌ ယေဇူးသခင်ကိုမိသားစု၊ မိမိတို့၏လုပ်ဆောင်မှုများ၊ ဆုံးဖြတ် ချက် များ၏ ဗဟိုချက်မ ၌ထားရှိပါ။ သင်တို့၏ကလေးများအားလည်း ဘုရားသခင်၏ကြီးမားသောချစ်ခြင်း၊ ကြင်နာ သနားခြင်းကို နားလည်သဘောပေါက်အောင်သင်ကြားပေးပါ။ ဘုရားနှင့်ထိုက်တန်သောချစ်ခြင်းမျိုးဖြင့် ချစ်တတ်အောင် သင်ကြားပေးပါ။ ဤမောင်နှံတို့၏သမီးဖြစ်သော စိန့်ထရေးဇာသည် ယေဇူးသခင်အား လည်းကောင်း၊ အမိ မယ်တော်အားလည်းကောင်းနှစ်နှစ်ကာကာ၊ မှန်မှန်ကန်ကန်ချစ်တတ်အောင် ငယ်စဉ်တောင်ကျေးလူမမယ် အရွယ်မှစ၍သူ၏ရဟန္တာမိဘများထံမှမသင်ယူခဲ့လျှင် ကျွန်ုပ်တို့အား လည်းမည်သို့လက်ဆင့်ကမ်းသင်ကြား ပေးနိုင်မည်နည်း။ ဤအချက်သည် ဤရဟန္တာဇနီးမောင် နှံထံမှ ယနေ့အိမ်ထောင်သည်မိဘများနှင့်သာသနာ တော်ကြီးအထူးသင်ယူရမည့်သင်ခန်းစာဖြစ်သည်။ အထူးလို အပ်သောသင်ခန်းစာလည်းဖြစ်သည်ဟုမိန့် ကြားရင်းသူ၏သ၀န် လွှာကိုနိဂုံးချုပ်ထား သည်။
ဘာသာပြန် Fr. Clement Ate
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

