
နောင်တော်ကြီးတို့၏ခြေလှမ်းကိုပထမစလှမ်းလိုက်သောရဟန်းမင်းကြီးလီယို (၁၄)။

ရဟန်းမင်းကြီးဘေနေဒစ် (၁၆) ၏လက်ထက်မှ စ၍ ကက်သလစ်ရဟန်းတော်များ၏လွိင် ပိုင်းဆိုင် ရာကျူးလွန်မှုများကိုစတင်ဖော်ထုတ်အရေးယူခဲ့သည်။ ထိုသို့ဆို၍အမှုအတော်များများသည်သူသာ သနာကိုဦးဆောင်နေစဉ်ကအမှုများမဟုတ်ဘဲ ယခင့်ယခင်ဆယ်စုနှစ်များစွာကအမှုများကိုတောင်းဆို လာကြခြင်းဖြစ်သည်။
ထို့အတူ ရဟန်းမင်းကြီးလေအို (၁၄) သည်များမကြာမီက ‘ဒဏ်’ (scourge) ဟုအ မည်ပေးထားသော အကြောင်းအရာကိုမိန့်ကြားခဲ့သည်။ ထိုအကြောင်းအရာကားကက်သလစ်ရဟန်းတော် များ၏လိင်ပိုင်း ဆိုင်ရာပြစ်မှုကျူးလွန်မှုများကိုဖော်ထုတ်အရေးယူခြင်းဖြစ်သည်။ ဤအကြောင်းအရာနှင့်စပ် လျင်း၍ ရဟန်းမင်းကြီးလေအို (၁၄) သည် အောက်တိုဘာလ (၂၀) ရက်နေ့၊ တနလ်ာနေ့ကသူ၏ရဟန်းမင်း ကြီးရုံးတော်၌အဖွဲ့တစ်ဖွဲ့ကိုလက္ခံတွေ့ဆုံခဲ့သည်။ အဆိုပါအဖွဲ့သည်လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရပြီးဆက် လက်အသက်ရှင်ကျန်နေသူများနှင့် ထိုအမှုကိုစစ်ဆေးစုံစမ်းဖော်ထုတ်ပေးနေသူများပါ၀င်သည်။ ရဟန်း မင်း ကြီးလေအို (၁၄) အနေဖြင့်ဤအဖွဲ့နှင့်ယခုကဲ့သို့လက္ခံတွေ့ဆုံခြင်းသည် ပထမဦးဆုံး အကြိမ်ဖြစ် သည်။
ဤအဖွဲ့၌ (၆) ဦးပါသည်။ ဤအဖွဲ့ကို ‘ECA Global ’ ဟုအတိုကောက်ခေါ်ပြီး အရှည် ကောက်မှာ ‘Ending Clergy Abuse’ (ရဟန်းတော်များ၏မဖွယ်မရာမှန်သမျှရပ်တန့်ကြ) ဟုဆိုလိုသည်။ ကမ္ဘာ့တိုက် ကြီး (၆) ခုမှနိုင်ငံပေါင်း (၃၀) ကျော်၏လူ့အခွင့်အရေးအဖွဲ့၀င်များပါ၀င်ကြသည်။ ဤအဖွဲ့ကို (၂၀၁၈) ကဖွဲ့စည်းခဲ့သည်။ အထူးသဖြင့်အမေရိကန်ပြည်ထောင်စု၌လွန်စွာတက်ကြွသည်။ ဤအဖွဲ့ကိုတည် ထောင်ရခြင်းမှာ ကက်သလစ်သာသနာတော်ကြီးအနေဖြင့် (၂၀၁၄) ကကုလမှထုတ်ပြန်သော ‘လုံး၀သီးခံ မည်မဟုတ်’ (zero tolerance) ကြေညာချက်ကိုလက္ခံပူးပေါင်းကြောင်းပြသခြင်းဖြစ်သည်။
ရဟန်းမင်းကြီးနှင့်ပထမဦးဆုံးအကြိမ်တွေ့ဆုံခွင့်ရသောအဖွဲ့၀င်များ၏မှတ်ချက်၌ သမိုင်း၀င် ပြီး၊ မျှော် လင့်ချက်အပြည့်ဖြင့်ရှေ့ဆက်ပူးပေါင်းလုပ်ဆောင်မည့်တွေ့ဆုံခြင်းဖြစ်ကြောင်းသတင်းစာရှင်းလင်း ပွဲ၌ဖြေကြားခဲ့သည်။
အဖွဲ့၀င် (၆) ဦးမှာ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးမှကိုယ်တိုင်လွိင်ပိုင်းဆိုင်ရာကျူးလွန် ခံရသူက နေဒါနိုင်ငံမှ Gemma Hickey၊ အမေရိကန်ပြည်ထောင်စုမှ Timothy Law၊ ကနေဒါမှ Evelyn Korkmaz၊ ဂျာမနီမှ Matthias Katsch၊ ယူဂန္ဓာမှ Janet Aguti၊ အာဂျင်တီးနားမှ Sergio Salinas တို့ဖြစ်ကြသည်။ ၄င်းတို့သည်မတူညီသောနောက်ကြောင်းနှင့်ယဉ်ကျေးမှုမှဖြစ်ပြီး၊ တူညီ သောဦးတည်ချက် အတွက်စုဖွဲ့ ထားခြင်းဖြစ်သည်။ မတရားသောလွိင်မှုဆိုင်ရာကျူးလွန်မှုဆက်လက်မဖြစ် ပေါ်ရေးသာသနာတော် ကြီးနှင့်လက်တွဲလုပ်ဆောင်ခြင်းကိုတိုးမြှင့်ဆောင်ရွက်ခြင်းဖြစ်သည်။
ရဟန်းမင်းကြီးနှင့်တွေ့ဆုံခဲ့သောအဖွဲ့၀င် (၆) ဦးသည် ရဟန်းမင်းကြီး၏စိတ်နေသဘော ထား၊ ချဉ်းကပ် မှု၊ စိတ်၀င်တစားနားထောင်ခြင်း၊ နွေးထွေးမှုများအပေါ်လွန်စွာကျေနပ်အားရကြောင်းနှင့်ပွင့် လင်းသူ၊ ပျော်တတ်သူ၊ နှိမ့်ချသူလည်းဖြစ်ကြောင်းမှတ်ချက်ပေးခဲ့ကြသည်။
ယခုတွေ့ဆုံဆွေးနွေးခြင်းသည်လွန်စွာအဓိပ္ပါယ်ရှိကြောင်း၊ တရားမျှတခြင်း၊ ကုသခြင်း၊ နည်းလမ်း မှန် ကန်စွာပြုပြင်ပြောင်းလဲရန်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မတရားကျူးလွန်ခံရသော သူများ အနေဖြင့် ယခုကဲ့သို့စားပွဲ၀ိုင်းထိုင်၍ဖြစ်ကြောင်းကုန်စင်ကိုပြောပြ ချင်ခဲ့သည်မှာယနေ့ စတင်လေပြီ ဟုHickey ကသုံးသပ်ခဲ့သည်။
ယခုအဖွဲ့အနေဖြင့်တရားခံနှင့်တရားလိုကြားပေါင်းကူးတံတားအဖြစ် အမှန်တရား၊ တရားမျှ တခြင်းနှင့် ကုသခြင်းအတွက်ယှဉ်တွဲရှေ့ဆက်မည်ဖြစ်ကြောင်း၊ လက်ရှိ၌ဤအမှုများသည် လွန်စွာပျံ့နှံ့နေ ချိန်အ ကောင်းဆုံးမှထိုင်၍ပြောဆိုဆွေးနွေးခြင်းသည်ဇစ်မြစ်ကိုကိုင်တွယ်ခြင်းဖြစ်ကြောင်း၊ ရဟန်းမင်းကြီး အနေဖြင့်လည်းရှေ့ဆက်လျှောက်လှမ်းရန်အပြုသဘောဆောင်ကြောင်း၊ ပွင့်လင်းကြောင်းအဖွဲ့၀င်များ က ပြောကြားခဲ့သည်။
ယခုအဖွဲ့အနေဖြင့်၄င်းတို့၏စိတ်၀င်စားမှုသက်သက်ကိုသာထုတ်ဖော်ပြောဆိုရန်သာမဟုတ်ဘဲကမ္ဘာတစ်၀ှမ်း၌အရွယ်မရောက်သေးသောကလေးသူငယ်များ၊ မိမိကိုယ်ကိုမကာကွယ်နိုင်သောအခြေအ နေ၌ရှိ နေသူများကိုအကာအကွယ်ပေးနိုင်သည့်နည်းလမ်းများကိုအတူတကွလက်တွဲလုပ်ဆောင်ရန်ဖြစ်ကြောင်းယူဂန္ဓာမှ Janet Aguti ကပြောကြားခဲ့သည်။
ကနေဒါနိုင်ငံမှသားကောင်ဖြစ်ခဲ့ဖူးသော Gemma Hickey အနေဖြင့်လည်း ယခုကဲ့သို့ထုတ် ဖော်ပြော ဆိုရခြင်းမှာနာကြင်မှုကိုမဖြေနိုင်၍မဟုတ်ဘဲ ပွင့်လင်းမြင်သာမှုနှင့်ပြုပြင်ပြောင်းလဲစေရန်ရည်ရွယ် ခြင်း ဖြစ်ကြောင်း၊ ဤအခြေအနေမျိုးကိုကြုံတွေ့ဖြတ်သန်းခဲ့ရသောအရွယ်မရောက်သေးသောကလေးသူ ငယ်များ၊ ဆယ်ကျော်သက်များ၊ မိမိတို့ကိုယ်ကိုမကာကွယ်နိုင်ခဲ့သူများအနေဖြင့်ထိုဒဏ်ရာဒဏ်ချက်များ ကြားဆက်လက်ရှင်သန်နေကြသောသတ္တိအပေါ်သာသနာအနေဖြင့်တာ၀န်ခံမှုရှိစွာဖြင့်ပွင့်လင်းမြင်သာမှုနှင့်အကြင်နာများပြသစေရန်ရည်ရွယ်ကြောင်း၊ ဤအဖွဲ့၏ရည်ရွယ်ချက်မှာ အထက်ကဆို ခဲ့သော အခြေအနေ ကိုကြုံတွေ့ခံစားခဲ့ရသူများအားကာကွယ်ရန်၊ မိမိ၏ဂုဏ်သိက္ခာကိုယုံကြည်စွာ ပြန်လည် တည်ဆောက်ရန် ဖြစ်ကြောင်းပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စု၌ECA အဖွဲ့ကိုပူးပေါင်းတည်ထောင်သူဖြစ်သော Tim Law က ယခုအဖွဲ့သည် အတိုက်အခံလုပ်ရန်မဟုတ်။ တာ၀န်ယူမှု၊ ပွင့်လင်းမြင်သာမှုနှင့်ပူးပေါင်းလုပ်ဆောင်၍အဖြေ ကိုရှာဖွေ ရန်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ယခုကဲ့သို့စတင်နိုင်ခြင်းသည်ကျွန်ုပ်တို့အားကာကွယ်ပေးရမည့် အဖွဲ့ စည်း၏ပြစ်မှုကျူးလွန်ခံရခြင်းကြောင့်နှစ်ပေါင်းများစွာနာကြင်ခံစားရင်းရှင်သန်ဖြတ်သန်းခဲ့သည့်စိတ်ဒဏ်ရာကိုနည်းလမ်းမှန်ကန်စွာဖော်ထုတ်ပြီး၊ ပြန်လည်ကျေအေးကြရန်ဖြစ် ကြောင်းကိုယ်တိုင် ကျူးလွန် ခံရ သည့်ကနေဒါနိုင်ငံသူ Evelyn Korkmaz ကပြောကြားခဲ့သည်။
အဖွဲ့အနေဖြင့်ရဟန်းမင်းကြီးအားတောင်းဆိုခဲ့သည်မှာ ‘မျှော်လင့်ချက်’ ဟုဆိုရာ၌ အခြေအ နေကိုနား လည်ရန်၊ တရားမျှတခြင်း၊ စာနာနားလည်ခြင်းနှင့်ကလေးသူငယ်များ၊ အကာအကွယ်မဲ့ဆယ် ကျော် သက်များအားကာကွယ်ပေးရန်ကိုဆိုလိုကြောင်း၊ ကျူးလွန်ခံရသူများအားထုတ်ဖော်ပြောဆိုစေပြီး၊ လူ့အသိုင်းအ၀ိုင်းအနေဖြင့်နားထောင်ပေးရုံမျှဖြင့်မလုံလောက်တော့ကြောင်း၊ ဤပြစ်မှုမျိုးနောက် နောင် မ ဖြစ်ပွားစေရန်မှာ သာသနာကသာမဟုတ်။ လူမှုအသိုင်းတစ်ခုလုံးကလည်းကိုယ်တိုင် ကြုံတွေ့ခဲ့ သောသူများ ၏ပြောပြချက်များကိုနားထောင်၍သင်ယူအသိရှိရှောင်ရှားရမည်။

