ရဟန္တာသူတော်စင်အသစ် များကို အတုယူရန် စိတ်အားထက်သန်ကြပါဟု ပုပ်ရဟန်းမင်း ကြီးတိုက် တွန်း။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် မကြာသေးမီက သူတော်စင်အသစ်ခုနစ်ပါး ရဟန္တာတင်‌မြောက် ပွဲအတွက် ရောမမြို့သို့ ရောက်ရှိလာကြသော ဘုရားဖူးများကို မိန့်ကြားရာတွင် ၎င်းသူတော်စင်များကို မျှော်လင့်ခြင်း၏ နိမိတ်ပုံများ ယုံကြည်သူအားလုံးအတွက် စံနမူနာများ အဖြစ် ဖော်ပြခဲ့ပါသည်။

တနင်္ဂနွေနေ့က စိန့်ပီတာရင်ပြင်တွင် သူတော်စင်အသစ်ခုနစ်ပါးကို ရဟန္တာတင်‌‌မြောက်ပေးပြီးနောက် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ဤအခမ်းအနားအတွက် ကမ္ဘာအနှံ့မှ လာ‌ရောက်ကြသော ဘုရား ဖူးများကို မိန့်ကြားခဲ့သည်။

ထိုတနင်္ဂနွေနေ့ပွဲတော်သည် “ကာလဒေသမရွေး၊ ဘာသာစကားနှင့် ယဉ်ကျေးမှုတိုင်း၌ရှိသော ယုံကြည် သူအားလုံးကို၏ ပေါင်းစည်းမှုသည် ကျွန်ုပ်တို့ကို ဘုရားသခင်၏ လူမျိုး၊ ခရစ်တော်၏ ခန္ဓာကိုယ်နှင့် သန့် ရှင်းသော ဝိညာဉ်တော်၏ အသက်ရှင်သော ဗိမာန်တော်အဖြစ် ပေါင်းစည်းပေးသည်” ဟူသော အချက်ကို သတိရစေသည်ဟု ဖော်ပြခဲ့ပါသည်။

သူတော်စင်အသစ်များကို ဖော်ပြရာ၌ ပုပ်ရဟန်းမင်းကြီးက ၎င်းတို့၏ဘဝများသည် ခရစ်တော်နှင့် အခြားသူများကို ချစ်ခြင်းမေတ္တာအတွက် ဘဝတစ်ခုလုံးကို ပေးအပ်ခဲ့ကြပြီး ၎င်းတို့သည် “တောက် ပသော မျှော်လင့်ခြင်း၏ နိမိတ်ပုံများ” ဖြစ်သည်ဟု အလေးပေးပြောကြားခဲ့သည်။ “သန့်ရှင်းစင် ကြယ် ခြင်း” သည် လူတိုင်းမျှဝေခံစားရမည့် ခေါ်တော်မူခြင်းဖြစ်သည်ဟုလည်း ထပ်လောင်းပြော ကြားခဲ့ ပါသည်။

သူတော်စင် အီဂနေးရှပ်စ် မာလိုယန် (Saint Ignatius Maloyan)

သူတော်စင်အသစ် တစ်ပါးစီတိုင်းကို ဆင်ခြင်သုံးသပ်ရာတွင် ပုပ်ရဟန်းမင်းကြီး လီယိုသည် အာမေး နီးယားတွင် ဓမ္မအာဇာနည်ဖြစ်ခဲ့သော ဆရာတော်ကြီး အီဂနေးရှပ်စ် မာလိုယန် ကို ဦးစွာ သတိရခဲ့ပြီး ၎င်းအား “ခရစ်တော်၏ နှလုံးသားနောက်သို့ လိုက်သော ဆရာ‌တော်” ဟု ဖော်ပြခဲ့ပြီး။ နှိပ်စက် ညှဉ်း ပန်းခံရချိန်များတွင် ဆရာတော်ကြီးသည် မိမိ၏သိုးစုကို စွန့်ပစ်မည့်အစား ခွန်အားဖြစ် စေခဲ့ သည်ဟု ပုပ်ရဟန်းမင်းကြီးက ရှင်းပြခဲ့ပါသည်။

လွတ်မြောက်ရေးအတွက် မိမိ၏ယုံကြည်ချက်ကို စွန့်လွှတ်ရန် တောင်းဆိုခံရသောအခါ သွေးသား၊ အသက်ပါပေးသည်အထိ ဘုရားသခင်ကိုသာ ရွေးချယ်ခဲ့သူဖြစ်ပြီး “ခိုင်မြဲပြီး မယိမ်းမယိုင်သော ယုံကြည်ခြင်း၏ နိမိတ်ပုံအဖြစ် လက်ဝါးကားတိုင်ကို ကျောက်တုံးပေါ်တွင် ထွင်းထုထားသော အာမေးနီး ယန်းလူမျိုးများ” ကို ဆင်ခြင်သုံးသပ်ရင်း ပုပ်ရဟန်းမင်းကြီးက သူတော်စင် အီဂနေးရှပ်စ်၏ ကြား ဝင်တောင်းပန်မှုသည် ယုံကြည်သူတို့၏ စိတ်အားထက်သန်မှုကို အသစ်ဖြစ်စေပြီး ပြန်လည်သင့်မြတ် ခြင်းနှင့် ငြိမ်းချမ်းခြင်း ကို ယူဆောင်လာပါစေကြောင်း ဆုတောင်းခဲ့ပါသည်။

သူတော်စင် ပီတာ တူ ရော့ (Saint Peter To Rot)

ထို့နောက် ပါပူဝါနယူးဂီနီမှ သူတော်စင်အသစ်ကို ရည်ညွှန်းပြီး ပုပ်ရဟန်းမင်းကြီး လီယိုသည် သူတော်စင် ပီတာ တူရော့ ကို တည်ကြည်ခိုင်မာမှု၏ စံနမူနာ အဖြစ် ဆင်ခြင်သုံးသပ်ခဲ့ကာ ရိုးရိုးသာမန် ဓမ္မဆရာတစ်ဦးဖြစ်သော်လည်း ဒုတိယကမ္ဘာစစ်အတွင်း လျှို့ဝှက်သော ဘာသာတရားလုပ်ငန်းကို ဆက်လုပ်ရန် အသက်စွန့်ခဲ့ပြီး လိုအပ်သည့်အခါ အာဏာရှိသူများကို ရင်ဆိုင်၍ အိမ်ထောင်မင်္ဂလာ၏ သန့်ရှင်းစင်ကြယ်ခြင်းကို မိန်းမများစွာယူခြင်း (polygamy) မှ ကာကွယ်ခဲ့‌ပေးကြောင်း

ထိုသူတော်စင်၏ “ဤအချိန်သည် ကျွန်ုပ်တို့အတွက် အလွန်ဆိုးရွားပြီး ကျွန်ုပ်တို့အားလုံး ကြောက်ရွံ့ကြသည်။ သို့သော် ကျွန်ုပ်တို့၏ အဖဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည်” ဟူသော စကားများကို ပုပ်ရဟန်းမင်းကြီး လီယိုက သတိရစေပြီး၊ ယုံကြည်သူများသည် ယုံကြည် ခြင်း၏ အမှန်တရားများကို ကာကွယ်ရန်နှင့် စမ်းသပ်မှုတိုင်း၌ ဘုရားသခင်ကို မှီခိုအားထားရန် တိုက် တွန်းခဲ့ပါသည်။

ဗင်နီဇွဲလားမှ သူတော်စင်များ

ထို့နောက် ဗင်နီဇွဲလားမှ သူတော်စင် ဂျို့စ် ဂရေဂေါ်ရီယို ဟာနန်ဒက်ဇ် (Saint José Gregorio Hernández) နှင့် သူတော်စင် ကာမန် ရန်ဒီလပ်စ် (Saint Carmen Rendiles) တို့ကို ဂုဏ်ပြုရာ၌ ပုပ်ရ ဟန်းမင်းကြီးက ၎င်းတို့၏ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာဆိုင်ရာ သူရဲကောင်း ဆန် သော ဂုဏ်ကျေးဇူးများကို မီးမောင်းထိုးပြခဲ့ပြီး ယနေ့ခေတ်အတွက် လမ်းညွှန်ချက်အဖြစ် အသုံးပြုရန် ဘုရားဖူးများကို ဖိတ်ခေါ်ခဲ့ကာ။ ယုံကြည်ခြင်း သည် သာမန်ဘဝကို အခြားသူများအတွက် အလင်း အဖြစ် ပြောင်းလဲပေးသည်။

မျှော်လင့်ခြင်း သည် ရုန်းကန်မှုများသည် ခေတ္တခဏအတွက် မဟုတ် ကြောင်း သတိရစေသည်။ ဘုရားသခင်၏ ဆုကျေးဇူးကို ခံယူခြင်းမှ ပေါက်ဖွားလာသော ချစ်ခြင်း မေတ္တာ သည် နာမကျန်းသူ၊ ဆင်းရဲသူနှင့် အနိမ်ကြဆုံးသူများကို အစေခံရန် ကျွန်ုပ်တို့ကို ခေါ်‌နေကြောင်း၊ ဤအချက်ကို စိတ်ထဲထား ၍ မိမိတို့ပတ်ဝန်းကျင်ရှိသူများအား “သန့်ရှင်းစင်ကြယ်ခြင်းသို့ ခေါ်ခံရသည့် ညီအစ်ကိုမောင်နှမများ” အဖြစ် ရှုမြင်ရန်နှင့် ဝမ်းမြောက်ခြင်းဖြင့် ဘုရားသခင်၏ နိုင်ငံတော်ကို တည်ဆောက်ရာ၌ အတူတကွ လျှောက်လှမ်းရန် တိုက်တွန်းခဲ့ပါသည်။

သူတော်စင် မာရီယာ ထရွန်ကတ်တီ (Saint Maria Troncatti) နှင့် သူတော်စင် ဗင်ချန်ဇာ မာရီယာ ပိုလိုနီ (Saint Vincenza Maria Poloni)ထို့ နောက် အီကွေဒေါနိုင်ငံရှိ ဆာလေရှင်း သာသနာပြု သူတော်စင် မာရီယာ ထရွန်ကတ်တီ အကြောင်း ပြောကြားရာတွင် ပုပ်ရဟန်းမင်းကြီး လီယိုက ယုံကြည်ခြင်းနှင့် ဆုတောင်းခြင်းမှ ရရှိသော ချစ်ခြင်းမေတ္တာအားဖြင့် ခန္ဓာကိုယ်နှင့် နှလုံးသားများကို ကုသပေးခဲ့ကြောင်း အလေးပေးပြောကြားခဲ့ကာ သူတော်စင် ဗင်ချန်ဇာ မာရီယာ ပိုလိုနီ၊ သနားကြင်နာခြင်း သီလရှင်များအသင်းကို တည်ထောင်သူသည် နာမကျန်းသူနှင့် ပစ်ပယ်ခံရသူများအပေါ် ခရစ်တော်၏ ကရုဏာတော် ကို ပုံဖော်ပြသခဲ့သည်။ ချို့ယွင်းသူများအား အစေခံရာတွင် သန့်ရှင်းစင်ကြယ်ခြင်း ကိုထွန်းကား စေသည် ကို ပြသသည်ဟု ဆက်လက်ပြောကြားခဲ့ပါသည်။

သူတော်စင် ဘာတိုလို လွန်ဂို (Saint Bartolo Longo)

နောက်ဆုံးတွင် ပုပ်ရဟန်းမင်းကြီးသည် သူတော်စင် ဘာတိုလို လွန်ဂို အကြောင်းကို ဖော်ပြခဲ့ပါသည်။ ယခင်က ယုံကြည်ခြင်းမှ ဝေးကွာခဲ့သော်လည်း မိဘမဲ့၊ ဆင်းရဲသူနှင့် စိတ်ပျက်အားငယ်သူများအတွက် ကရုဏာလုပ်ငန်းများ ကို လုပ်ဆောင်ရန် မိမိကိုယ်ကို ပေးအပ်ခဲ့ပြီး စိပ်ပုတီးစိပ်ဆုတောင်းခြင်းကို မြှင့် တင်ပေးခဲ့သည် ဟု ကိုယ်တော်က ပြောကြားခဲ့သည်။ ပုပ်ရဟန်းမင်းကြီး လီယိုသည် ထိုနေရာ တွင်ရှိသူ အားလုံးကို ဤစံနမူနာကို အသုံးပြု၍ မာရီယာ၏ မျက်လုံးများအားဖြင့် ခရစ်တော်၏ နက်နဲသော အရာ များကို ဆင်ခြင်သုံးသပ်ရန် တိုက်တွန်းခဲ့သည်။

မိမိ၏မိန့်ခွန်းကို နိဂုံးချုပ်အနေဖြင့် ပုပ်ရဟန်းမင်းကြီး လီယိုသည် ယုံကြည်သူများအား “ကျေးဇူးတင် စိတ်အပြည့်နှင့် သူတော်စင်အသစ်များကို အတုယူလိုသော ဆန္ဒဖြင့်” မိမိတို့၏ဇာတိမြေသို့ ပြန်နိုင်ကြ ပါစေကြောင်း ဆုတောင်း ပေးခဲ့ပါသည်။

Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *