

ရဟန်းမင်းကြီးလေအို (၁၄) သည်အာမေးနီးယားနိုင်ငံသမ္မတအားလက္ခံတွေ့ဆုံ။

ယခုတစ်ပတ်တနင်္လာနေ့ (အောက်တိုဘာ ၂၀) နံနက်၌ ရဟန်းမင်းကြီးသည် အာမေးနီးယား သမ္မတ Mr. Nikol Pashinyan အားဗာတီကန်ရှိရဟန်းမင်းကြီးရုံး၌လက္ခံတွေ့ဆုံခဲ့သည်။ ၄င်းနောက်ဗာတီ ကန်၏ အတွင်းရေးမှူးကာဒီနယ် Pietro Parolin၊ နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာတာ၀န်ခံဂိုဏ်းချုပ်ဆ ရာတော် Paul Richard Gallagher တို့နှင့်လည်းတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ်ဗာတီကန်နှင့်အာမေးနီးယားနှစ်နိုင်ငံကြားကောင်းမွန်သောဆက်ဆံရေးအ တွက်ကျေနပ် ရပါကြောင်းထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အာမေးနီးယားနိုင်ငံသည် ခရစ်ယာန်ယဉ် ကျေးမှုအ မွေအနှစ် များကိုရှေးယခင်ကပင်လက်ဆင့်ကမ်းစောင့်ထိန်းလာခဲ့သောနိုင်ငံတစ်နိုင်ငံဖြစ်သည်။
အာမေးနီးယားနိုင်ငံအတွင်းရှိကက်သလစ်သာသနာတော်၏အချို့သောအပိုင်းများကိုလည်း ထုတ်ဖော် ပြော ဆိုသုံးသပ်ခဲ့ကြသည်။ ၄င်းအပြင်နှစ်ဦးနှစ်ဖက်စိတ်၀င်စားပြီး၊ နိုင်ငံအတွက်အကျိုးရှိသောအ ကြောင်းအရာများ၊အထူးသဖြင့်ကော့ကေးဆပ်တောင်ပိုင်း၌အဓွန့်ရှည်သောငြိမ်းချမ်းရေးကိုတည်ဆောက် နိုင်ရေးသည်လည်းအရေးကြီးကြောင်းတို့ကိုဆွေးနွေးပြောဆိုခဲ့ကြောင်း ဗာတီကန်သတင်းဌာန မျထုတ်ပြန် ထားပါသည်။
ဘာသာပြန် Fr. Clement Ate
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

