ငွေတိုးချေး အတိုးကြီး စားခြင်းသည်လူ၏နှလုံးသားကိုဖျက်ဆီးပြီး ဆင်းရဲသာများကို ကျွန်ဖြစ်စေသည်။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က အတိုးကြီးစားလုပ်ငန်းကို ဆင်းရဲသာများအာ’ကျွန်ပြုသောလုပ်ရပ် လူ၏နှလုံးသားကို ဖျက်ဆီးသော ဆိုးရွားသည့် အပြစ်ကြီးတစ်ခုအဖြစ် ရှုတ်ချပြစ်တင်လိုက်ပြီး၊ တရား မျှတမှုနှင့် ကရုဏာစိတ်ကို အသစ်တဖန် ကတိပြုကြရန် တောင်းဆိုလိုက်ပါသည်။ ထို့ပြင် ဘုရားသခင်၏ နှစ်မြတ်ပွဲတော် (Jubilee Year) တွင် မျှော်လင့်ခြင်း လက္ခဏာအဖြစ် အသင်းတော်၏ အတိုးကြီးစား တိုက် ဖျက်ရေးကြိုးပမ်းမှုများကို ချီးမွမ်းလိုက်ပါသည်။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် အတိုးကြီးစားလုပ်ငန်းကို လူ့အသက်၊ မိသားစုနှင့် လူ့အဖွဲ့ အစည်း များကို ဖျက်ဆီးသော “ဆိုးရွားသည့် အပြစ်ကြီး” တစ်ခုအဖြစ် ပြစ်တင်ရှုတ်ချခဲ့ပြီး၊ ၎င်းသည် “လူသား ၏ နှလုံးသားကို ဖျက်ဆီးခြင်း” ဖြစ်ကာ အားနည်းသူများကို ခေါင်းပုံဖြတ်ပြီး လူသား ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုမိန့်ကြားခဲ့ပါသည်။

စနေနေ့တွင် အီတလီနိုင်ငံတော် အတိုးကြီးစား တိုက်ဖျက်ရေး ကောင်စီ (National Anti-Usury Council) အဖွဲ့ဝင်များနှင့် စကားပြောဆိုရာတွင် ပုပ်ရဟန်းမင်းကြီးက အတိုးကြီးစား လုပ်ငန်း၏ သားကောင် များအား အကူအညီပေးရန်နှင့် ကျင့်ဝတ်ဆိုင်ရာ စီးပွားရေး လုပ်ထုံးလုပ်နည်းများကို မြှင့်တင်ရန်အတွက် နှစ်သုံးဆယ်ကြာ ကြိုးပမ်းဆောင်ရွက်ခဲ့မှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

အတိုးကြီးစားလုပ်ငန်းသည် တစ်ဦးချင်းအဆင့်နှင့် ကမ္ဘာလုံးဆိုင်ရာအဆင့် နှစ်ခုလုံးတွင်“နာကျင်စေပြီး ရှေးကျသော ဒဏ်ရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေကာ” ဆင်းရဲသားနှင့် ဖယ်ကျင်းခံရသူများကို ဆက်လက် ဒုက္ခပေးနေကြောင်း ကိုလည်း သတိပေးခဲ့ပါသည်။

အတိုးကြီးစားခြင်းသည် စာရင်းအင်းဆိုင်ရာ ပြဿနာတစ်ခုမျှသာ မဟုတ်ပါ“အတိုးကြီးစားခြင်းရဲ့ ဖြစ်စဉ်ဟာ လူသားရဲ့ နှလုံးသား ဖောက်ပြန်ပျက်စီးမှုကို ညွှန်ပြနေပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးက ပရောဖက် ဟေရှာယ (Isaiah) ၏ စကားကို ကိုးကား၍ သမ္မာကျမ်းစာက ခေါင်းပုံဖြတ်မှုကို ရှုတ်ချပြီး ယုံကြည်သူများကို “မတရားမှု၏ သံကြိုးများကို ဖြတ်၍ ဖိနှိပ်ခံရသူများကို လွတ်မြောက်စေရန်” တောင်းဆိုထားကြောင်းပြန်လည်အမှတ်ရစေခဲ့သည်။

“လူတွေကို ကျွန်မဖြစ်မချင်း ဖိနှိပ်တဲ့ သဘောထားမျိုးဟာ ဘုရားသခင်နဲ့ ဘယ်လောက်တောင် ဝေးကွာ လိုက်ပါသလဲ” ဟု ပုပ်ရဟန်းမင်းကြီးက ထိတ်လန့်တုန်လှုပ်စွာ မိန့်တော်မူခဲ့သည်။

“အတိုးကြီးစားခြင်းဟာ စာရင်းအင်းဆိုင်ရာ ပြဿနာတစ်ခုမျှသာ မဟုတ်ပါဘူး၊ ဒါဟာ မိသားစုတွေကို ဖျက်ဆီးနိုင်ပြီး၊ စိတ်နဲ့ နှလုံးကို လောင်ကျွမ်းစေကာ လူတွေကို စိတ်ပျက်အားငယ်မှု ဒါမှမဟုတ် ကိုယ့် ကိုယ်ကို သတ်သေသည်အထိ ဖြစ်စေနိုင်တဲ့ ဆိုးရွားတဲ့ အပြစ် တစ်ခုပါပဲ”။

အတိုးကြီးစားလုပ်ငန်းသည် စီးပွားရေးအခက်အခဲရှိသူများအား အကူအညီပေးနေသလို ဟန်ရှိသော် လည်း “၎င်း၏ အစစ်အမှန်သဘောက လည်ပင်းညှစ်သည့် ဝန်ထုပ်ဝန်ပိုးဖြစ်ကြောင်း” ပုပ်ရဟန်း မင်းကြီးက သတိပေးခဲ့ပါသည်။ ၎င်း၏ အကျိုးဆက်များသည် အထူးသဖြင့် “လောင်းကစားစွဲနေသူများ၊ ပျက်စီးလွယ်နေပြီးဖြစ်သူများ၊ ဆေးဘက်ဆိုင်ရာ ငွေကြေးအရေးပေါ်အခြေအနေများနှင့် ရင်ဆိုင်နေ ရသော မိသားစုများအပေါ်” ကျရောက်ကြောင်း ပုပ်ရဟန်းမင်းကြီးကသတိပေးခဲ့ပါသည်။

လူမျိုးများ တစ်ရပ်လုံး ကျွန်ဖြစ်နိုင်သည် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် သူ၏ သတိပေးချက်ကို တစ်ဦးချင်းကိစ္စများထက် ကျော်လွန်၍ “လူမျိုးများ တစ်ရပ်လုံးကို ဒူးထောက်စေနိုင်သည့် အတိုးကြီးစား

ငွေကြေးစနစ်များကို” ရှုတ်ချခဲ့ပါသည်။

ကက်သလစ်အသင်းတော်၏ ဓမ္မအဆုံးအမ (Catechism of the Catholic Church) ကို ကိုးကား၍ “ကုန် သွယ်မှုတွင် လူသားချင်း ညီအစ်ကိုမောင်နှမများအကြား ငတ်မွတ်ခြင်းနှင့် သေခြင်းကို ဖြစ်စေသော အတိုးကြီးစားသည့် ကုန်သည်ကြီး စီးပွားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် ပါဝင်သူများ” ကို သတိပေးခဲ့သည်။

ထိုသို့သော လုပ်ရပ်များသည် “အပြစ်၏ ဖွဲ့စည်းပုံများ” ကို ဖန်တီးကာ “ဆိုးရွားသော တာဝန်ဝတ္တရား များ” ကို သယ်ဆောင်လာသည်ဟု ရဟန်းမင်းကြီးက ဆိုထားပါသည်။ သူက ပြတ်ပြတ်သားသား မေးခွန်းထုတ်ခဲ့သည်- “ကံမကောင်းသူတွေဟာ လူသားတွေ မဟုတ်ဘူးလား။ အားနည်းသူတွေဟာ ကျွန်ုပ်တို့နဲ့ အတူတူပဲ ဂုဏ်သိက္ခာကို မပိုင်ဆိုင်ဘူးလား။

အခွင့်အလမ်း နည်းပါးစွာ မွေးဖွားလာသူတွေဟာ လူသားတွေအနေနဲ့ တန်ဖိုးနည်းသလား၊ သူတို့ဟာ အသက်ရှင်သန်ရုံအတွက်သာ ရည်ရွယ်ထားတာလား”“ဒီမေးခွန်းတွေရဲ့ အဖြေဟာ ကျွန်ုပ်တို့ရဲ့ လူ့အဖွဲ့ အစည်းတွေနဲ့ ကျွန်ုပ်တို့ရဲ့ အနာဂတ်ရဲ့ တန်ဖိုးကို ဆုံးဖြတ်ပေးပါတယ်” “ကျွန်ုပ်တို့ဟာ ကိုယ့်ရဲ့ ကိုယ် ကျင့်တရားနဲ့ ဝိညာဉ်ရေးရာ ဂုဏ်သိက္ခာကို ပြန်လည်ရယူမယ်၊ ဒါမှမဟုတ်ရင် အညစ်အကြေးတွင်းထဲကို ကျရောက်လိမ့်မယ်”။ (Dilexi te, 95) ဟု ပုပ်ရဟန်းမင်းကြီးက အတည်ပြုပြောကြားခဲပါသည်။

ကရုဏာစိတ်၌ အမြစ်တွယ်သော သာသနာပြုလုပ်ငန်း

အတိုးကြီးစား တိုက်ဖျက်ရေး ကောင်စီ၏ ဆက်လက်လုပ်ဆောင်နေသော ဝန်ဆောင်မှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားရင်း၊ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ၎င်းတို့၏ လုပ်ငန်းကို ဤ သန့်ရှင်းသော နှစ်မြတ်ပွဲတော် (Holy Year) တွင် “မျှော်လင့်ခြင်း လက္ခဏာ” အဖြစ် ဖော်ပြခဲ့ပြီး၊ ကရုဏာတော် နှစ်မြတ်ပွဲတော် (Jubilee of Mercy) ၏ စိတ်ဓာတ်နှင့် အပြည့်အဝ ကိုက်ညီသည်ဟု ဆိုသည်။

ဧဝံဂေလိကျမ်းထဲးက ဇာခေဦး (Zacchaeus) ၏ ဇာတ်လမ်းကို ဆင်ခြင်သုံးသပ်ရာတွင် ပုပ်ရဟန်းမင်း ကြီးက ဘုရားသခင်၏ အခမဲ့ချစ်ခြင်းမေတ္တာ (gratuitous love) ကို ကြုံတွေ့ရသည့်အခါ အခွန်ခံ၏ ပြောင်းလဲခြင်းကဲ့သို့ပင် အပြစ်မှနောင်တရခြင်း (conversion) သည် ဖြစ်နိုင်‌ကြောင်း။

“အကျိုးအမြတ်က ကျွန်ုပ်တို့ရဲ့ ပန်းတိုင်ဖြစ်လာတဲ့အခါ” “အခြားသူတွေက သူတို့ရဲ့ဂုဏ်သိက္ခာကို ဆုံး ရှုံးပြီး ခေါင်းပုံဖြတ်ခံရမယ့် အရာဝတ္ထုတွေ ဖြစ်လာကြပြီး။ နောက်ဆုံးမှာတော့ ကျွန်ုပ်တို့ ကိုယ်တိုင် လည်း ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်စိတ်ဝိညာဉ်ကိုဆုံးရှုံးသွားကြရတယ်”။

“အတိုးကြီးစားခြင်းကြောင့် ဒုက္ခရောက်ရသူတွေအပေါ် သာသနာတော်ကနီးစပ်စွာကူညီကယ် တင်နေ သလို အတိုးကြီးစားလုပ်သူတွေရဲ့ နောင်တရရှိခြင်းဟာလဲ ပဲ အရေးကြီးပါတယ်” ဟုသူက ထပ် လောင်းပြောကြားခဲ့သည်။ သူ၏ မိန့်ခွန်းကို နိဂုံးချုပ်အနေဖြင့် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် အတိုးကြီးစား တိုက်ဖျက်ရေးတွင် ပါဝင်သူများအား အသင်းတော်ခေါင်းဆောင်များ၏ အားပေးမှု နှင့် ဧဝံဂေလိတရား၏ အလင်းပြမှု ဖြင့် သတ္တိရှိရှိနှင့် စည်းလုံးညီညွတ်စွာ ဆက်လက်ကြိုးပမ်းတိုက် ဖျက်သွားရန် တိုက်တွန်းခဲ့ပါသည်။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *