လယ်ယာသစ်တော နှင့် ရေမြေထိန်းသိမ်းခြင်း အပိုင်း ( ၁ )

အားလုံးပဲ မင်္ဂလာပါ။
ဒီတစ်ပတ် ‘ထိန်းသိမ်းကြစေ သဘာဝအမွေ’ အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ ‘လယ်ယာသစ်တော နှင့် ရေမြေထိန်းသိမ်းခြင်း အပိုင်း ( ၁ )’ အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျာ၊ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း စိုက်ပျိုးရေး ထွန်းကားနိုင်ဖို့အတွက် ဝိုင်းဝန်းပြီး ကြိုးစားနေကြတာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး လယ်ယာမြေများ ထွန်းကားလာနိုင်ဖို့အတွက် ရေသယံဇာတများ အဓိကကျတယ်ဆိုတာ တောင်သူလယ်သမားများ အသိဖြစ်ပါတယ်။

လူသားများ အသက်ရှင်နေထိုင်နိုင်ဖို့၊ စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ရေဟာ အဓိကကျတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီလို ရေလို့ဆိုလိုက်ရင် မိုးရေဟာ အဓိကကျလှပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ မိုးလေဝသ အခြေအနေအရ ပုံမှန်တိုင်းဆိုရင်တော့ မုတ်သုန်လေမိုးဟာ သူ့ရွာသွန်းရာ ရာသီမှာ ငါးလခန့် တိတိရွာသွန်းလေ့ရှိပါတယ်။

ဒီလို မိုးကာလ ရောက်ရှိပြီဆိုရင်တော့ နိုင်ငံတစ်ဝန်းက တောင်သူများဟာ မိမိတို့ သီးနှံများကို စိုက်ပျိုးကြပါတယ်။ ထိုကာလဟာ တစ်နှစ်ပတ်လုံး သီးနှံစိုက်ပျိုးတဲ့ အများဆုံးကာလပဲ ဖြစ်ပါတယ်။ ဒီလို ရာသီမှာ ရွာချလာတဲ့ မိုးရေတွေကို အကျိုးရှိရှိ သိုလှောင်ထားပြီး အသုံးပြုခြင်းဟာ ကောင်းမွန်လှတဲ့ လုပ်ငန်းတစ်ခုပဲ ဖြစ်ပါတယ်။

မိုးရေကို အလွယ်တကူ မစီးဆင်းနိုင်အောင် ကာကွယ်ပေးနိုင်တဲ့ သစ်တော သစ်ပင်များ ရှိဖို့ရာ အဓိကကျပါတယ်။ မိုးကာလတွေ ရွာချလိုက်တဲ့ မိုးရေတွေကို မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ မြေထုအတွင်းမှာ စုပ်ယူ၍ ထိန်းနိုင်ဘူးဆိုရင် မိုးရေများဟာ အပေါ်ယံပဲ စီးဆင်းသွားပြီး မြစ်ချောင်းတွေကနေတစ်ဆင့် ပင်လယ်ထဲကို တိုက်ရိုက် စီးဆင်းသွားမှာပဲ ဖြစ်ပါတယ်။ ပင်လယ်ထဲသို့ စီးဆင်းသွားတဲ့ ထိုမိုးရေဟာ အနံ့ဓာတ်တွေနဲ့ ပြည့်ဝသွားတဲ့အခါ စိုက်ပျိုးရေးအတွက် အသုံးပြုလို့ရမှာ မဟုတ်တော့ပါဘူး။ ဒါ့ကြောင့် ဒီလို မိုးရေများ အလွယ်တကူ ပင်လယ်ထဲသို့ စီးဝင်သွားမှု မဖြစ်ရအောင် မြေဆီလွှာထဲမှာ ထိန်းသိမ်းထားနိုင်လောက်အောင် ကျွန်တော်တို့ သစ်ပင်တွေ များစွာ လိုအပ်ပါတယ်။

ဒါကြောင့် ဒီဗီဒီယိုလေးထဲမှာ သစ်ပင်များ ဘယ်လောက်ထိ အရေးပါပြီး မိုးရေများကို မည်သို့ ထိန်းသိမ်းရမလဲဆိုတာနှင့် ကျွန်တော်တို့အတွက် အရေးပါတဲ့ လယ်ယာမြေများကို ဘယ်လို ထိန်းသိမ်းပြီး ပြုစုစောင့်ရှောက်ရမလဲဆိုတာကို ရှင်းပြပေးလိုက်ပါတယ်။

တင်ဆက် – ဝီလျံ ဇော်နိုင်ဦး
တည်းဖြတ် – စတီဗင်

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *