အမျိုးသားတွေက သူတို့ရွေးချယ်မဲ့ အမျိုးသမီးအပေါ်မှာ လျှို့ဝှက်တဲ့ စမ်းသပ်မှုတွေ အသုံးပြုတယ်

ဒီနေ့မှာ အမျိုးသားတွေက သူတို့ရွေးချယ်မဲ့ အမျိုးသမီးအပေါ်မှာ လျှို့ဝှက်တဲ့ စမ်းသပ်မှုတွေ အသုံးပြုတယ်ဆိုတဲ့ အကြောင်းပြောပြပေးမှာဖြစ်ပါတယ်။

            အမျိုးသားတွေက သူတို့စိတ်ဝင်စားတဲ့ သူအကြောင်းကို သေသေချာချာ စုံစမ်းတယ်။ ကြည့်တယ်။ ဒီလို အပြုအမူတွေက သူတို့ကိုယ်တိုင် မသိလိုက်တဲ့ မသိစိတ်ကနေ လက်တွေ့ အကောင်အထည်ဖော်တတ်ကြတာပဲဖြစ်တယ်။

            အခုသင်ကော မသိလိုက်ပဲ အမျိုးသားတစ်ယောက်ရဲ့ စမ်းသပ်မှုမှာ ကျရှုံးသွားပြီလား?

            လျှို့ဝှက်တဲ့ စမ်းသပ်ချက်တွေနဲ့ ပုန်းရှိုး၊ ကွယ်ရှိုးနည်းလမ်းတွေနဲ့ စိတ်ဝင်စားတဲ့သူကို အရေးပေါ်တိုင်းတာတတ်ကြတယ်။ မနှစ်သက်ခဲ့ရင်လည်း ဘာတစ်ခွန်းမှ မပြောပဲ သိမ်မွေ့စွာနဲ့ပဲ တွန်းထုတ်တတ်ကြတယ်။ ထားခဲ့ကြတယ်။

            အဲ့ဒီလိုအချိန်မှာ ဒီအမျိုးသမီးက သူ့ကိုဘာဖြစ်လို့ထားခဲ့ပါလိမ့်၊ သူဘာများ မှားသွားလို့လဲ တွေးနေမိမှာပဲ၊ သူ့စိတ်ထဲမှာလည်း ဒီအမျိုးသားကို ဆက်ပြီး ချဉ်းကပ်ရမှာလား၊ ထွက်ခွာရမှာလား၊ ဇဝေဇဝါဖြစ်နေမှာ အမှန်ပါပဲ။

            ဒီမိန်းကလေး ဒီအမျိုးသားရဲ့ စမ်းသပ်မှုမှာ မသိလိုက်ပဲ ရှုံးသွားပြီလား?

            စမ်းသပ်ချက်မှာ ဒီအမျိုးသမီးရဲ့ တုန့်ပြန်မှုတွေက အနာဂတ် relationship မှာ ဒီအမျိုးသား အတွက် အားမစိုက်ရပဲ သဘာဝအတိုင်း သိသင့်တာတွေ သိလာရနိုင်ပါတယ်။

            ဒီလိုအချိန်မှာ ဒီအမျိုးသားက ဒီအမျိုးသမီးကို စိတ်ဝင်စားမှု နည်းနေမယ်။ သူမသူ့ကို ဘယ်လို တုန့်ပြန်မလဲ စောင့်ကြည့်နေတတ်တယ်။

            သူမက ဆောက်တည်ရာမရ ထိန်းသိမ်းမရအောင်ဖြစ်နေလား၊ ဒီအမျိုးသားရဲ့ နောက်ကို ပြန်လိုက်နေလား၊ သူမရဲ့ ရှိရင်းစွဲ တန်ဖိုးကို ကြိုးစားထိန်းသိမ်းပြီး ပြန်သက်သေပြနေလား၊ သူမက ဆက်ပြီး တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းပဲလား၊ မိမိကိုယ်မိမိ ထိခိုက်မှုမရှိပဲ ယုံကြည်မှု အပြည့်နဲ့ရှိနေလား၊ ဒီလိုအကြောင်းအရာတွေက အမျိုးသမီးတစ်ယောက်ကို test လုပ်တဲ့အခါမှာ မသိလိုက်မသိဘာသာ ကျရှုံးသွားတဲ့ အရာတွေပါ။ အမျိုးသားတစ်ယောက်က အမျိုးသမိးရဲ့ တုန့်ပြန် မှုကို ကြည့်တာထက် ဒီအဖြစ်အပျက်မှာ တည်ငြိမ်မှုရှိရဲ့လားဆိုတာကို ပိုပြီး သိချင်တာပါ။

            အမျိုးသမီးရဲ့ မိမိကိုယ်မိမိ ယုံကြည်မှုက ဒီအမျိုးသားရဲ့ အာရုံစိုက်မှုပေါ် မူတည်နေလား၊ ဒါမှ မဟုတ် ဒီအမျိုးသမီးရဲ့ ကိုယ်ပိုင်တန်ဖိုးက ဒီအမျိုးသားရဲ့ အကျင့်စရိုက်ကို မစာနာ ဂရုမစိုက်ဘဲ ရှိ နေလား၊ ဒီအမျိုးသားရဲ့ test လုပ်တာကို သူမက reaction တုန့်ပြန်မှုမရှိ၊ စိုးရိမ်မှုမရှိဘဲ သူ့ဘဝသူ ဆက်လျှောက်လှမ်းနေမယ်ဆိုရင် ဒီအမျိုးသားဆီက ရှားပါးတဲ့ ချီးမွမ်းမှုကို ရမှာအမှန်ပါပဲ၊ ဒါ့အပြင် ဒီအမျိုးသမီးက အမျိုးသားရဲ့ Pressure အောက်မှာ မရှိတာ၊ သူ့နောက်ကို ပြန်လိုက်တာ၊ ဒါတွေကို အမျိုးသားတွေက သိချင်တာပါ။

            ဒီအမျိုးသမီးက confident အပြည့်ရှိတဲ့အတွက်  စိတ်ခံစားမှုဆိုင်ရာခွန်အားက ဒီအမျိုးသား ကို ဆွဲဆောင်သွားစေပါတယ်။

            အမျိုးသားတစ်ယောက်ရချင်တာက သူ့ဘဝမှာ ရှိမဲ့အမျိုးသမီးက စိတ်ခံစားချက် တည်ငြိမ် အေးဆေးတဲ့သူ၊ သူယုံကြည်စိတ်ချရလောက်တဲ့ သူဖြစ်ဖို့ပါပဲ၊ ဒီတော့ စိုးရိမ်ကြောင့်ကြပေမယ့် သဘာဝတရားနဲ့ဆိုင်တဲ့ test တွေကို လုပ်ကြတာပါ။

            ပြီးတော့ အခုလို ကောက်ချက်ချပါလိမ့်မယ်။ တခြားအမျိုးသမီးတွေနဲ့ မတူပါလား၊ အမြဲတမ်း အထောက်အထားပြပြီး အဖြစ်ရှာဖွေနေတဲ့သူမဟုတ်ပါလားဆိုတာ သိလာပါတော့တယ်။

            ဒါတွေကို အမျိုးသားတွေက သူမနဲ့အတူ အေးအေးချမ်းချမ်းရှိတဲ့ စိတ်ခံစားချက်မျိုး ရချင်ကြ တယ်။ The feels at peace with her.

            ဒါကြောင့် အမျိုးသားတစ်ယောက်ရဲ့ လွတ်လပ်မှုကိုလေးစားနားလည်ပေးတဲ့ အမျိုးသမီးက ဒီအမျိုးသားရဲ့ နက်ရှိုင်းတဲ့ သစ္စာစောင့်သိမှုကို ရရှိမှာအမှန်ပါပဲ။

            နောက်ထပ် test တွေမလုပ်တော့ပဲ ဒီအမျိုးသမီးဆီကို ပြန်လာပြီး ခိုင်မာတဲ့ relationship ကိုတည်ထောင်မှာပါ။

            အမျိုးသားတစ်ယောက်က အခုလို test လုပ်တာကလည်း နာကြင်စေလိုတဲ့ ဆန္ဒမဟုတ်ပါ ဘူး၊ ဒီအမျိုးသမီးရဲ့ ကိုယ်ပိုင်တန်ဘိုးကို ယုံကြည်မှုရှိရဲ့လား သိချင်တာပါ။ ဒီလို test တွေ စမ်းသပ် ချက်တွေမှာ တည်တည်ငြိမ်ငြိမ်ရှိနေတာက ဒီအမျိုးသမီးကို အမျိုးသားက ပိုပြီး နီးနီးကပ်ကပ် စွဲဆောင်စေပါတယ်။

            ဒါဆိုရင် အမျိုးသားတစ်ယောက်ရဲ့ အချစ်မှာ အမှန်တရားကို ရချင်တာ သိလာမယ်။

            ဘာကြောင့် အမျိုးသားတွေက တွန်းထုတ်တာလဲ၊ အမျိုးသားတွေရဲ့ စိတ်ဓာတ်ရေးရာကို သိလာမယ်၊ နားလည်လာမယ် အမျိုးသားတစ်ယောက်ရဲ့ လျှို့ဝှက်တဲ့ စမ်းသပ်ချက်ကို ဘယ်လို ကျော်ဖြတ်မလဲ၊

            အမျိုးသားတစ်ယောက်အနေနဲ့ ဘာကြောင့် အမျိုးသမီးကို ထားခဲ့တာလဲ၊ ဘာကြောင့် ပြန်နီးကပ်အောင်လုပ်သလဲ၊ အမျိုးသားတွေရဲ့ မသိစိတ်ကနေ ကျူးလွန်တတ်တဲ့ test တွေ တန်ဘိုးရှိ တဲ့ အမျိုးသမီးအနေနဲ့ relationship မှာ ဘယ်လိုပြုမူရမယ် အမျိုးသားတွေမှာ မသိစိတ်ကနေ အမျိုး သမီးတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်ကို တန်ဖိုးဖြတ်တတ်တယ်၊ သစ္စာရှိတယ်၊ စိတ်ခံစားချက်နဲ့ အမျိုးသမီးနဲ့ ဆက်သွယ်မှုရှိတယ်၊ ရည်ရှည် မိမိနဲ့ အံဝင်ဂွင်ကျတဲ့ လိုက်ဖက်မဲ့ အမျိုးသမီးကို စိတ်ဓာတ်ရေးရာ ဆုံးဖြတ်ချက် test တွေနဲ့ အသုံးပြုတတ်ကြတယ်ဆိုတာကို အမျိုးသမီးတွေသိမယ် ဆိုရင် relationship မှာ အသာစီးကနေ မိမိလိုရာကို အရယူနိုင်ပါတယ်ဆိုတဲ့ အကြောင်း တင်ပြရင်း ဒီနေ့အတွက် အဆုံးသတ်လိုက်ပါတယ်။  

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *