
ကိုယ့်ကိုယ်ကို ဝေဖန်တိုက်ခိုက်တာတွေကို ရပ်တန့်ပါ
မိမိကိုယ်ကိုဝေဖန်တိုက်ခိုက်တာကိုရပ်တန့်ပါ
သင့်ကိုယ်သင်အပြစ်တင်ဖို့မလိုပါဘူး။လူတိုင်းအမှားလုပ်မိကြမှာဘဲ။ အမှားနဲ့ကင်းတဲ့လူသားဆိုတာလောကကြီးမှာမရှိပါဘူး။သင့်ကိုယ်သင် အရှုံးသမားလို့မြင်ဖို့မလိုသလို ရည်မှန်းချက်တွေ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ပါ့မလားဆိုပြီး သံသယရှိနေဖို့မလိုပါဘူး။အမြဲ မိမိကိုယ်ကိုအကောင်းမြင်ပါ။ အရာရာတိုင်းဟာ အကောင်းဆုံးဖြစ်လာမှာအသေအချာပါဘဲ
မလိုမုန်းထားသူတွေရဲ့ဝေဖန်အပြစ်တင်သံတွေ၊ အကြံညဏ်တွေကိုမယုံကြည်မိပါစေနဲ့
လူတွေဟာ တယောက်နဲ့တယောက် မကောင်းပြောကြတယ်။ သင့်ကိုမကောင်းပြောသူတွေ၊ ဝေဖန်တိုက်ခိုက်သူတွေရှိလာမှာပါ။ဒါပေမယ့် ဝေဖန်ကဲ့ရဲ့မှုတွေအောက်မှာ ကျရှုံးမသွားစေပါနဲ့။နားမဝင်စေပါနဲ့။သည့်အစား သင်ကဘယ်လောက်ကြံ့ကြံ့ခံနိုင်တယ်၊ ဘယ်လောက် စွမ်းဆောင်နိုင်တယ်ဆိုတာကို သက်သေပြလိုက်ပါ
လွယ်လွယ်အရှုံးပေးတတ်တဲ့အကျင့်ကိုစွန့်လွှတ်ပါ
ဘဝက သင့်ကိုလိမ္မော်သီးပေးရင် လိမ္မော်ရည်လုပ်ပြီး ဖျော်သောက်လိုက်ပါ။ဘဝကအမြဲတမ်း သင့်ကိုစမ်းသပ်နေမယ်၊ စိန်ခေါ်နေမယ်။ဒါပေမယ့် သင်လုပ်ရမှာက ကျောက်ဆောင်လို ကြံ့ကြံ့ခံနိုင်ဖို့ပါဘဲ။ ဘယ်တော့မှအရှုံးမပေးပါနဲ့။ ကြုံလာသမျှအရာရာတိုင်းကိုရင်ဆိုင်လိုက်ပါ။ မိမိဘဝမှာ မိမိသာ ပဲ့ကိုင်ဖြစ်ပါတယ်
မိမိမှာမရှိတဲ့ အရာတွေပေါ်မှာအလေးထား အာရုံစိုက်တာကိုရှောင်ကျဉ်ပါ
သင့်မှာရှိတဲ့အရာတွေနဲ့ကျေနပ်ရောင့်ရဲပါ။ဘဝမှာ သင်လိုသမျှအရာရာတိုင်းရဖို့ဆိုတာမဖြစ်နိုင်ဘူးလေ။သင့်မှာ ဘာတွေရှိသလဲ? အခြားသူတွေမှာ ဘာတွေမရှိဘူးလဲ? တွေးပါ။ သင့်အခြေအနေဘယ်လောက်ဘဲဆိုးနေပါစေ သင့်ထက်ပိုဆိုးတဲ့သူ ကမ္ဘာမှာရှိနေစမြဲပါ
ပျော်ရွှင်ခြင်းကိုဝယ်လို့မရဘူးဆိုတာကိုသိထားပါ
ဘဝမှာဘယ်လောက်ဘဲအောင်မြင်နေပါစေ ကျေကျေနပ်နပ်မနေနိုင်တဲ့သူတွေရှိနေပါတယ်။
ပျော်ရွှင်ခြင်းဟာ ငွေရှိမှရရှိလာတာမဟုတ်ပါဘူး။ရလာတဲ့ဘဝမှာ ပျော်ပျော်နေပါ
မိမိကိုယ်မိမိအတွက်ဝမ်းနည်းအားငယ်တတ်တဲ့အကျင့်ကိုဖျောက်ပါ
မိမိကိုယ်ကိုအရှုံးသမားတယောက်လို့မတွေးပါနဲ့။လူကောင်းတယောက်ဖြစ်လာဖို့အစွမ်းကုန်ကြိုးစားပါ။ အတိတ်ကအမှားတွေဆီကနေသင်ခန်းစာယူရင်းရှေ့ကိုခရီးဆက်ရမယ်။ သန်းခေါင်ထက်ညည့်မနက်တော့ပါဘူး
မိမိပေါ်မကောင်းတဲ့သူတွေ ကိုဘယ်တော့မှအချိန်မပေးပါနဲ့
ဘဝဆိုတာတိုတောင်းလွန်းလှပါတယ်။သင့်အနီးအနားမှာ သင့်ကိုကူညီပေးတဲ့သူတွေ၊ ချီးမြှောက်တဲ့သူတွေ၊ စိတ်ဓာတ်မြှင့်တင်ပေးသူတွေ ၊ လမ်းပြပေးတဲ့သူတွေနဲ့သာဝန်းရံထားပါ။ရည်မှန်းချက်ပြင်းပြင်းပြပြနဲ့ကြံ့ကြံ့ခံနိုင်အောင်ကြိုးစားပါ။ အိမ်မက်တွေကိုလက်တွေ့အကောင်အထည်ဖော်ပါ
အတွေးမလွန်ပါနဲ့
အရာရာတိုင်းဟာ စီစဉ်ထားသလိုဖြစ်မလာတဲ့အခါ စိုးရိမ်ပူပန်နေဖို့မလိုပါဘူး။ အခြေအနေတွေက ပြန်ကောင်းလာမှာပါဘဲ။ မိမိကိုယ်ကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင်လုပ်ဖို့အရေးကြီးပြီး အခြေအနေတိုင်းကိုအကောင်းဆုံးထိန်းချုပ်နိုင်ရမယ်။စိုးရိမ်စိတ်က သင့်ကိုအနိုင်မယူစေပါနဲ့။ လုပ်ချင်စိတ်၊ ကြိုးစားချင်စိတ်သာရှိပါ၊ နည်းလမ်းဆိုတာရှိစမြဲပါဘဲ
မိမိမဟုတ်တဲ့အခြားလူတယောက်ဖြစ်ဖို့မကြိုးစားပါနဲ့
လူတိုင်းကိုယ့်ဘဝနဲ့ကိုပါ။ သင်ဟာအခြားသူတယောက်ဖြစ်ဖို့ဆိုတာမဖြစ်နိုင်တဲ့အရာပါဘဲ။သင့်ကိုယ်သင်လေးစားမှုရှိပါ။သင်ဘယ်လောက်ဘဲကြိုးစားကြိုးစား ပင်ကိုဗီဇကိုပြောင်းဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးဆိုတာ သိထားပါ
ဖြစ်မလာတဲ့မျှော်လင့်ချက်တွေမထားပါနဲ့တော့
လူတွေဆီက အများကြီးမျှော်လင့်မထားပါနဲ့။လူတိုင်းက မိမိလိုမဟုတ်ဘူးဆိုတာသိထားပါ။ သူစိမ်းတယောက်ကို ပိုင်ဆိုင်ဖို့ဆိုတာမရေရာပါဘူး။ စွန့်လွှတ်ခဲ့ရလည်းဝမ်းမနည်းပါနဲ့။သင့်ရဲ့အစွမ်းအစတွေ ကျွမ်းကျင်မှုတွေကိုအသုံးချပြီး အောင်မြင်အောင်ကြိုးစားပါ။တညထဲနဲ့မအောင်မြင်နိုင်ပါဘူး။ နှစ်တွေ၊လတွေပေးဆပ်ရင်း ရရှိလာမှာပါ။လူတွေက အလေ့အကျင့်တွေကိုဖောက်ဖျက်တာဟာမကောင်းဘူးလို့ပြောပါတယ်။ဒါပေမယ့် ဒီအလေ့အကျင့်တွေကိုစွန့်လွှတ်မယ်ဆိုရင် ပိုကောင်းတဲ့ဘဝမျိူးကိုပိုင်ဆိုင်ခွင့်ရမှာပါဘဲ

