ဘုရားသခင်သည် အပြစ်များကိုမှတ်ယူတော်မမူပဲ ခွင့်လွှတ်ပြီး မြှင့်တင်ပေးသည်။

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်းတွင်း၊ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Pope Leo XIV) က ဘုရားသခင်သည် ခွင့်လွှတ်ခြင်း၊ မြှင့်တင်ပေးခြင်းနှင့် ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပေးခြင်း တို့ကို ပြုလုပ်ကြောင်း ယုံကြည်သူဘာသာဝင်များကို သတိပေးခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် “ကျွန်ုပ်တို့၏မျှော်လင့်ချက်ဖြစ်သော ယေဇူးခရစ်တော်” အကြောင်း သင်ကြားပို့ချချက်များကို ဆက်လက်ပို့ချစဉ် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တို့၏ မျှော်လင့်ခြင်းအရင်းအမြစ်ဖြစ်ကြောင်း အထူးပြု ဖော်ပြခဲ့ကာ။ ပုပ်ရဟန်းမင်းကြီး က ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တို့ ယုံကြည်ခြင်းဗဟိုချက်နှင့် မျှော်လင့်ခြင်း၏ နှလုံးသားတွင် ခိုင်မြဲ စွာ အမြစ်တွယ်နေကြောင်း သတိရစေခြင်းဖြင့် မိန့်ခွန်းစတင်ခဲ့သည်။

ဧဝံဂေလိကျမ်းများကို သေချာဖတ်ရှုသည့်အခါ နက်နဲပြီးအံ့အားသင့်စရာကောင်းသည်ကို သဘော ပေါက်လိမ့်မည် အကြောင်းမှာ ဘုရားသခင်၏သားတော် သည် သေခြင်းမှ ရှင်ပြန်ထမြောက်ရုံသာမက၊ ကိုယ်တော်ထမြောက်ရန် ရွေးချယ်ခဲ့သည့် နည်းလမ်းကြောင့် အံ့အားသင့်စရာကောင်းခြင်း ဖြစ်သည်။

“အမှန်စင်စစ်၊ သခင်ယေဇူး၏ ရှင်ပြန်ထမြောက်ခြင်းသည် ကြီးကျယ်ခမ်းနားသော အောင်ပွဲတစ်ခု မဟုတ်သကဲ့သို့၊ ရန်သူများအပေါ်၌ လက်စားချေခြင်း၊ ပြန်လည်တုံ့ပြန်ခြင်းလည်း မဟုတ်ပါ။” ယင်း အစား၊ ” ကြီးမားသော ရှုံးနိမ့်မှုနောက်၌ပင် ချစ်ခြင်းမေတ္တာသည် မရပ်မနား ဆက်လက်ချစ်သွားနိုင် ကြောင်းကို ဖော်ပြသည့် အံ့ဖွယ် သက်သေတစ်ခု ဖြစ်သည်” ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါ သည်။

ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ကျွန်ုပ်တို့၏စိတ်နေသဘောထား ကွာခြားချက်

ကျွန်ုပ်တို့၏ စိတ်နေသဘောထားနှင့် တုံ့ပြန်မှုများသည် ခရစ်တော်၏ စိတ်နေသဘောထား နှင့် ကြီးမား သော ကွာခြားချက်ကို ပုပ်ရဟန်းမင်းကြီးက ထောက်ပြခဲ့ပြီး

” ကျွန်ုပ်တို့ သည် အခြားသူများကြောင့် ဖြစ်ပေါ်လာသော ထိခိုက်မှုတစ်ခုမှ ကျွန်ုပ်တို့ ပြန်လည်ထ မြောက်သည့်အခါ၊ ပထမဆုံး တုံ့ပြန်လိုမှုမှာ ဒေါသထွက်ခြင်း၊ ကျွန်ုပ်တို့ခံစားခဲ့ရသည့်အရာအတွက် တစ်စုံတစ်ဦးကို အပြစ်ပေးလိုခြင်း”များ ဖြစ်တတ်သော်လည်း၊ “ရှင်ပြန်ထမြောက်သောသူ” သခင်ခရစ် တော်သည် “သေခြင်း၏ အောက်နိမ့်ရာအရပ်မှ ထွက်ပေါ်လာပြီး နောက် လက်စားချေခြင်းအမှုကို မပြု ပါ”

“ကိုယ်တော်သည် ရှင်ပြန်ထမြောက် ပြီးနောက် တန်ခိုးပါဝါများဖြင့် ပြန်ကြွမလာပါ။ ယင်းအစား၊ နူးညံ့သိမ်မွေ့ခြင်းဖြင့် မည်သည့်ဒဏ်ရာထက်မဆို ပို၍ကြီးမြတ်သော၊ မည်သည့်သစ္စာဖောက်မှုထက် မဆို ပို၍ ခိုင်မာသော ချစ်ခြင်းမေတ္တာ၏ ပျော်ရွှင်မှုကို ထင်ရှားပြတော်မူခြင်းဖြင့်သာကြွလာကြောင်း” မိန့်ကြားခဲ့ပါသည်။

မငြိမ်မသက်ဖြစ်ခြင်းမှ လွတ်မြောက်ခြင်း

ထို့အပြင်၊ သခင်ယေဇူးသည် မိမိ၏ သာလွန်မှုကို ထပ်ခါတလဲလဲ ပြလိုစိပ်မရှိကြောင်း။ ကိုယ်တော်သည် သူ၏ မိတ်ဆွေများထံသို့ ကြီးမား၏သောဂရုဏာဖြင့် ပြန်ကြွလာပြီး၊ “သူတို့၏ လက်ခံနိုင်စွမ်းကို အတင်းအကျပ် မပြုလုပ်ဘဲ၊ သူတို့နှင့် ပြန်လည် ပေါင်းစည်းလိုသော ဆန္ဒတစ်ခုတည်းဖြင့် သူတို့ကိုသူ တို့ အပြစ်ရှိသည်ဟု ခံစားရခြင်းမှ ကျော်လွှားနိုင်ရန် ကူညီပေးကြောင်း” ပုပ်ရဟန်းမင်းကြီး လီယိုက ရှင်းပြပါသည်။

အမှန်စင်စစ်၊ ရှင်ပြန်ထမြောက်ပြီးနောက် သခင်ယေဇူးသည် “ကြောက်ရွံ့ခြင်းကြောင့် မငြိမ်မသက်ဖြစ် နေသူတမန်တော်ကြီးများ၏ ပိတ်ထားသော အခန်းထဲသို့ ဝင်ရောက်လာပြီး မည်သူမျှ မမျှော်လင့်ဝံ့သော ဆုလာဘ်တစ်ခုဖြစ်သည့် ငြိမ်းချမ်းခြင်းကို ယူဆောင်လာခဲ့ခြင်း” ကို ပြန်ပြောင်းသတိရစေခဲ့ပါသည်။

‘ငြိမ်းချမ်းခြင်းရှိပါစေ’

“သင်တို့၌ ငြိမ်းချမ်းခြင်းရှိပါစေ” ဟူသော သခင်ဘုရား၏ နှုတ်ခွန်းဆက်စကားသည် ရိုးရှင်းပြီး သာမန် နီးပါးဖြစ်နေခြင်းအတွက်အံ့သြဖွယ်ရာပါ သို့သော်၊ ဒီနှုတ်ဆက်ခြင်းက သခင်ယေဇူးက သူ၏တပည့်တော်များအား ခံခဲ့ရသောဒဏ်ရာအမှတ်အသားများရှိသော သူ၏လက်များနှင့် နံဘေးကို ပြသသည့် အခါ၊ “အလွန်လှပပြီး အံ့သြဖွယ်ကောင်းသောအမူအရာ” တစ်ခုကို ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း

အဲ့တာက သခင်ယေဇူးသည် သူခံစားခဲ့ရသည့်အရာအားလုံးနှင့် ယခု အပြည့်အဝ ပြန်လည်သင့်မြတ်နေ ပြီ ဖြစ်သောကြောင့်၊ (နာကြည်းချက် ကလဲ့စာခြေလိုသော) အာဃာတစိတ် အရိပ်အယောင်မျှပင် မရှိကြောင်းသခင်ဘုရားသည် သူ၏ဒဏ်ရာများကို တပည့်တော်ကြီးများအား ပြသခြင်းမှာ အပြစ်တင် ရန် မဟုတ်ဘဲ၊ သစ္စာဖောက်မှုတိုင်းထက် ပိုမိုခိုင်မာသော ချစ်ခြင်းမေတ္တာကို အတည်ပြုရန်ဖြစ် ကြောင်း၊ ထိုဒဏ်ရာများသည် “ကျွန်ုပ်တို့ ကျရှုံးသည့်အချိန်၌ပင် ဘုရားသခင်သည် နောက်မဆုတ် ခဲ့ကြောင်း၊ ကျွန်ုပ်တို့ကို လက်မလွှတ်ခဲ့ကြောင်း ပြသသည့် သက်သေများဖြစ် သည်”ဟု ပုပ် ရဟန်းမင်းကြီး လီယိုက ရှင်းပြခဲ့ပါသည်။

ကရုဏာ၏ မျှော်လင့်ခြင်းသို့ ပြောင်းလဲခြင်း

သစ္စာဖောက်မှုများက ကျွန်ုပ်တို့ကို ဒဏ်ရာရစေသည့်အခါ၊ ကျွန်ုပ်တို့သည် မကြာခဏ “အရေးမကြီး ပါဘူး”၊ “ဒါတွေအားလုံးက အတိတ်ကိစ္စပါ” ဟု ပြောကောင်းပြောနိုင်သော်ကြလည်း၊ “ကျွန်ုပ်တို့သည် အမှန်တကယ် ငြိမ်းချမ်းမှု မရှိကြပါ”

သို့သော်လည်း၊ ဤသည်မှာ သခင်ယေဇူး လုပ်ဆောင်ပုံ ၊ တွေးခေါ်ပုံ မဟုတ်ပါ အဘယ်ကြောင့် ဆိုသော် သခင်ဘုရားသည် “ခွင့်လွှတ်ခြင်း၏ အာမခံချက်အဖြစ် သူ၏ဒဏ်ရာများကို ပေးအပ်ခဲ့ သည်”၊ “ရှင်ပြန်ထမြောက်ခြင်းသည် အတိတ်ကို ဖျက်ဆီးပစ်ခြင်းမဟုတ်ဘဲ၊ ကရုဏာ၏ မျှော်လင့် ခြင်းအဖြစ်သို့ ပြောင်းလဲပေးခြင်းဖြစ်သည်” ဟု ပုပ်ရဟန်းမင်းကြီးက ရှင်းပြပါသည်။

ဘုရားသခင် ခွင့်လွှတ်ပေးတယ်၊ ဘဝကိုမြှင့်တင်ပေးတယ်၊ ယုံကြည်မှုကို ပြန်လည်တည်ဆောက် ပေးတယ် သခင်ဘုရားသည် ငြိမ်းချမ်းခြင်းနှုတ်ကပတ်တော်များဖြင့် တမန်တော်များအား ကမ္ဘာပေါ်ရှိ ပြန်လည်သင့်မြတ်ရေး၏ တန်ဆာပလာများ ဖြစ်လာစေရန် တာဝန်ပေးအပ်ခဲ့ကြောင်း၊ ကိုယ်တော်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို သူတို့အား အသက်သွင်းပေးကာ၊ ထိုဝိညာဉ်တော်သည်ကား ခမည်းတော် အား နာခံမှုနှင့် လက်ဝါးကပ်တိုင်အထိပင် ချစ်ခြင်းမေတ္တာ၌ ကိုယ်တော်အား ထောက်ပံ့ပေးခဲ့သော ဝိညာဉ်တော်ပင်ဖြစ်ကြောင်း၊

“ထိုအချိန်မှစ၍၊” တမန်တော်များသည် “ဘုရားသခင်သည် ခွင့်လွှတ်သည်၊ မြှင့်တင်ပေးသည်၊ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပေးသည်” ဟူသောအချက်ကို သူတို့ မြင်တွေ့ကြားသိခဲ့ရသည်, ထိုအရာကို မကြေငြာ မဟောပြောပဲ တိတ်ဆိတ်နေနိုင်တော့မည် မဟုတ်ပေ ဟု ပုပ်ရဟန်းမင်းကြီးက ရှင်းပြပါသည်။

ဤအချက်က သာသနာတော်၏ သာသနာပြုလုပ်ငန်းရဲ့ နှလုံးသားပါပဲ။ အခြားသူများအပေါ် အာဏာနှင့် အုပ်ချုပ်ရန်မဟုတ်ဘဲ၊ မထိုက်တန်သည့်တိုင် အတိအကျ ချစ်ပေးခြင်းအားဖြင့် ချစ်ခြင်းခံရသူများ၏ ဝမ်းမြောက်ခြင်းကို ဆက်သွယ်ရန်ဖြစ်တယ်။”

“ဤကဲ့သို့ချစ်ခြင်းဖြင့် သာသနာပြုခြင်းက ခရစ်ယာန်အသိုင်းအဝိုင်းများကို ဖြစ်ပေါ်စေပြီး ကြီးထွားလာ စေခဲ့သော ခွန်အားဖြစ်သည်” ဟု ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါသည်။

နောက်ဆုံးအနေဖြင့်၊ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က “ကျွန်ုပ်တို့ကိုလည်း စေလွှတ်တော်မူသည်” ဟု ယုံကြည်သူဘာသာဝင်များကို သတိပေးခဲ့ကာ။ “သခင်ဘုရားသည် သူ၏ဒဏ်ရာများကို ကျွန်ုပ်တို့အား ပြသပြီး ‘သင်တို့၌ ငြိမ်းချမ်းခြင်းရှိပါစေ’ ဟုသောနှုတ်တော်ထွက် စကားကကျွန်ုပ်တို့အား လည်း သူ၏ငြိမ်းချမ်းခြင်းအတွက် သက်သေခံများဖြစ်စေရန် တောင်းဆိုနေသည်ဟု မိန့်ကြားခဲ့ပါသည်။

ဘာသာပြန် Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *