

သံတာ ထရေဇား
ဒီကနေ့မှာတော့ သာသနာပြုတွေကို ကူညီမှိုင်းမတဲ့ ရဟန္တာ ထရေဇားရဲ့ အကြောင်းကို တင်ဆက်ပေးထားပါတယ်။
သာသနာပြုတွေကို ကူညီမှိုင်းမတဲ့ရဟန္တာဖြစ်တဲ့ သံတာထရေဇားလေးကို ပြင်သစ်ပြည်တွင် ၁၈၇၃ ခုနှစ် မှာ ဖွားမြင်ခဲ့ပါတယ်။သူမရဲ့ခေါ်တော်မူခြင်းဟာ ၁၈၈၆ ခုနှစ် နာတာလူးပွဲအကြိုနေ့မှာ သခင်ခရစ်တော်ရဲ့သိမ်မွေ့နက်နဲလှတဲ့ရူပါရုံကိုရရှိခဲ့ခြင်းကနေ ပေါက်ဖွားလာခဲ့ခြင်းဖြစ်ပါတယ်။အသက် ၁၅နှစ်အရွယ်မှာ ရဟန်းမင်းကြီးရဲ့အထူးခွင့်ပြုချက်နဲ့ကာမဲလ်လိုက်သီလရှင်ကျောင်းကို ဝင်ရောက်ခဲ့ပါတယ်။သူမရဲ့ဆောင်ပုဒ်အဖြစ်လက်ကိုင်ထားတာကတော့ ချစ်ခြင်းမေတ္တာဖြင့်သာလျှင်ပြန်လည်၍ပေးဆပ်နိုင်တယ်လို့ ဆိုပါတယ်။သီလရှင်ကျောင်းမှာ နေစဉ်ကာလတစ်လျောက်လုံးမှာ သူမဟာဘယ်လိုထူးခြားတဲ့အရာတွေမှမပြုမူခဲ့ပါဘူး သူမနေ့စဉ်ပြုမူရမယ့်တာဝန်ဝတ္တရားတွေကိုသာမန်ထက်ထူးခြားတဲ့နည်းနဲ့ တာဝန်ကျေပွန်စွာနဲ့ဆောင်ရွက်ခဲ့ပါတယ်။ကျွန်မတို့အနေနဲ့လဲ ကျွန်မတို့နေ့စဉ်အသက်တာမှာ ကျွန်မတို့လုပ်ဆောင်ရမယ့်တာဝန်ဝတ္တရားတွေကို သံတာထရေဇားလေးနည်းတူဘုရားရှင်၌ဆက်ကပ်ပူဇော်ပြီးလုပ်ဆောင်ခြင်းအားဖြင့်ပိုမိုအကျိုးရှိလာနိုင်ပါတယ်။သံတာထရေဇားလေးဟာ သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရူ့ပြီးထောက်ရူ့ခြင်းအားဖြင့် ကြီးမားလှတဲ့နှစ်သိမ့်မှုတွေကိုရရှိခဲ့ပြီး အခက်အခဲဒုက္ခတွေကို ယုံကြည်ခြင်းအားဖြင့်ခံယူနိုင်ခဲ့ပါတယ်။ဝင်လိုသူသီလရှင်လောင်းတွေကို ကြည့်ရူ့စောင့်ရှောက်သူအကြီးအကဲအဖြစ်ခန့်အပ်ခြင်းခံရတဲ့အခါမှာလဲသီလရှင်လောင်းလေးတွေကို နှိမ့်ချခြင်းနှင့် သန့်ရှင်းဖြူစင်ခြင်းရရှိစေဖို့ရန်အတွက်နှုတ်အားဖြင့်သော်လည်းကောင်းအပြုအမူပုံသက်သေအားဖြင့်သော်လည်းကောင်းသင်ကြားပြသပေးနိုင်ခဲ့ပါတယ်။သူမရေးသားခဲ့တဲ့ဝိညာဉ်ရေးဆိုင်ရာအထ္တိပတ်တိမှာရေးသားထားတာကတော့ ကျွန်ုပ်ဟာဘုရားသခင်ကိုသေးနုတ်တဲ့အရာလေးတွေနဲ့ပူဇော်နိုင်တဲ့ ဘာမှမဟုတ်တဲ့ဝိညာဉ်ငယ်လေးပဲဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။သူမအနေနဲ့သာသနာ့အာဇာနည်တစ်ဉီးအနေနဲ့ အသက်အသေခံလိုစိတ်ပြင်းပြလွန်းတဲ့အတွက် သူမရဲ့ဘဝကိုဝိညာဉ်တွေကယ်တင်ခြင်းအတွက် သာသနာတော်တိုးတက်ပြန့်ပွားစေဖို့ရန်အတွက် ပူဇော်ခဲ့ပါတယ်။သူမပြောပြခဲ့တာကတော့ ကျွန်ုပ်ဟာသံတာအိုက်ကနက်ရဲ့လက္ခဏာမျိုးကိုအစွမ်းကုန်ရရှိချင်တယ်လို့ဆိုခဲ့ပါတယ်။တကယ်လို့အဲ့ဒီအရာဟာအသွေးအားဖြင့်မဖြစ်နိုင်ဘူးဆိုရင် ချစ်ခြင်းမေတ္တာအားဖြင့်တော့ဖြစ်စေရမယ်လို့ဆိုခဲ့ပါတယ်။သူမဟာ၁၈၉၇ခုနှစ်အသက်၂၄နှစ်အရွယ်မှာပဲ ပျံလွန်တော်မူခဲ့ပါတယ်။ဧဝံဂေလိအမှူတော်ပြန့်ပွားရေးနှင့်သာသနာပြုလုပ်ငန်းမှာဆုတောင်းမေတ္တာနှင့်လုပ်ဆောင်ချက်တွေဟာ အတူတကွအပြန်အလှန်ဆက်နွယ်နေကြောင်းကို ဖော်ပြလိုသောအားဖြင့်၁၉၂၇ခုနှစ်မှာ ရဟန္တာဖရန်စ္စဇေးဗီးယားနည်းတူ ရေခြားမြေခြားသာသနာပြုတွေကိုကူညီမှိုင်းမတဲ့ရဟန္တာအဖြစ်သံတာထရေဇားလေးကို အတည်ပြုတင်မြှောက်ခဲ့ပါတယ်။သူမပြောကြားခဲ့တာကတော့ ကျွန်မသိရှိတာက အသင်းတော်ကြီးဆိုတဲ့ခန္တာကိုယ်ကြီးမှာ အမျိုးမျိုးသောအင်္ဂါအစိတ်အပိုင်းတွေနဲ့ဖွဲ့စည်းထားတည်ဆောက်ထားတယ်။အဲ့ဒီအထဲမှာချစ်ခြင်းမီးလျှံနဲ့တောက်လောင်နေတဲ့နှလုံးသားတစ်ခုလည်းအပါအဝင်ဖြစ်ပါတယ်။ကျွန်မသိရှိခဲ့တာကတော့အဲ့ဒီချစ်ခြင်းမေတ္တာဟာအသင်းတော်ကြီးအတွင်းမှာရှိတဲ့ဘာသာဝင်တွေကိုလက်တွေ့လုပ်ဆောင်ခြင်းအသွင်ကိုဦးတည်စေခဲ့ပါတယ်။ဒါကြောင့်တကယ်လို့များအဲ့ဒီချစ်ခြင်းမီးလျှံတာချူပ်ငြိမ်းသွားရင်တမန်တော်ကြီးတွေလဲ ဧဝံဂေလိတရားတော်ကိုဟောပြောဝေငှနိုင်တော့မှာမဟုတ်ပါဘူး။အဲ့ဒီနည်းတူသာ့သနာ့အာဇာနည်တွေရဲ့သွေးဟာလဲပြောစရာအကြောင်းရှိတော့မှာမဟုတ်ဘူးလို့ဆိုခဲ့ပါတယ်။ဒါကြောင့်ကျွန်မတို့တစ်တွေသံတာထရေဇားလေးကနေတဆင့်ဘုရားရှင်ထံပါးမှာသာသနာပြုပုဂ္ဂိုလ်များအားလုံးအတွက်ဆုမွန်ကောင်းတောင်းပေးဖို့ရန်တိုက်တွန်းလိုက်ရပါတယ်ရှင်။

