
ပုပ်ရဟန်းမင်းကြီးလီယို ၁၄ သည် ယဉ်ကျေးမှုနှင့် ဘာသာပေါင်းစုံ ဆွေးနွေးမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ကို လက်ခံတွေ့ဆုံ။

ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် တနင်္လာနေ့တွင် ဗာတီကန်၌ ဥရောပပါလီမန်၏ အစီအစဉ် တစ်ရပ် ဖြစ်သည့် “ယဉ်ကျေးမှုနှင့် ဘာသာပေါင်းစုံ ဆွေးနွေးမှုဆိုင်ရာ လုပ်ငန်းအဖွဲ့’ ကို နှုတ်ဆက်စဉ် ဤသို့ ပြော ကြားခဲ့ပါသည်။
ရဟန်းမင်းကြီးက အဆိုပါ အစီအစဉ်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားကာ များစွာ အသီးအပွင့် များ ထွက်ပေါ်လာမည်ဟု မျှော်လင့်ကြောင်းဖြင့် စတင်ခဲ့ပါသည်။
‘ယဉ်ကျေးမှုများကြားနှင့် ဘာသာများကြား ဆွေးနွေးမှုကို မြှင့်တင်ခြင်းသည် ခရစ်ယာန်နိုင်ငံရေး သမား အတွက် အဓိက ရည်မှန်းချက်တစ်ခုဖြစ်ပြီး၊ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဤကိစ္စနှင့်စပ်လျဉ်း ၍ ကောင်းမွန်သော သက်သေခံချက် ပေးခဲ့သူများလဲများစွာရှိကြောင်း။
ဧဝံဂေလိနှင့် ဧဝံဂေလိတန်ဖိုးများတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခြင်း စကားပြောဆိုဆက်ဆံသူများ ဖြစ်ကြသည်ဆိုသည်မှာ ဧဝံဂေလိတရားတော်မှ ပေါ်ထွက်လာသော တန်ဖိုးများတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခြင်းကို ဆိုလိုပြီး၊ တစ်ချိန်တည်းမှာပင် မတူညီသောနောက်ခံသမိုင်းများမှ လာသူ များနှင့် ပွင့်လင်းမှု၊ နားထောင်မှုနှင့် ဆွေးနွေးမှုကို မွေးမြူပြုစုခြင်းကိုလည်း ဆိုလိုသည်ဟု အလေးပေး ပြော ကြားခဲ့ပါသည်။
၎င်းသည် ‘လူသား၊ လူ့ဂုဏ်သိက္ခာနှင့် ကျွန်ုပ်တို့၏ ဆက်နွှယ်မှုနှင့် လူမှုအသိုက်အဝန်း သဘာဝကို အမြဲဗဟိုတွင် ထားရှိရန်’ လိုအပ်ကြောင်းပြောကြားခဲ့ပြီး ဘာသာပေါင်းစုံ ဆွေးနွေးပွဲတွင် ပါဝင်ခြင်း သည် သဘာဝအရပင် ဘာသာရေးသည် ပုဂ္ဂိုလ်ရေးအဆင့်နှင့် လူမှုနယ်ပယ် နှစ်ခုလုံးတွင် တန်ဖိုးရှိ ကြောင်း အသိအမှတ်ပြုခြင်းဖြစ်ပြီး၊ ‘ဘာသာရေး’ ဆိုသည့် စကားလုံးကိုယ်တိုင်က ‘လူသားမျိုး နွယ် ၏ မူလအစအစိတ်အပိုင်းတစ်ခုအဖြစ် ဆက်နွှယ်မှုသဘောတရားကိုရည်ညွှန်းသည်’ ဆိုသောအချက် ကိုသ တိရ စေကြောင်း။
ထို့ကြောင့် စစ်မှန်ပြီး ကောင်းမွန်စွာ ပြုစုပျိုးထောင်ပါက ဘာသာရေး ရှုထောင့်သည် ပုဂ္ဂိုလ်အချင်းချင်း ဆက်ဆံရေးကို များစွာ မြှင့်တင်နိုင်ပြီး လူမှုအသိုက်အဝန်းနှင့် လူ့အဖွဲ့အစည်းတွင် သဟမျှတစွာ နေထိုင် နိုင်ရန် ကူညီပေးနိုင်သည့် အကြောင်း ‘လူသားချင်း ဆက်ဆံရေး၏ တန်ဖိုးနှင့် အရေးပါပုံကို ယနေ့ခေတ် တွင် အလေးပေးဖော်ပြရန်မှာ မည်မျှ အရေးကြီး ကြောင်း အလေးပေး ပြောကြားခဲ့ပြီး။
ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က လူအားလုံးကြား ဆွေးနွေးမှုနှင့် လေးစားမှုကို မြှင့်တင်ရန် ၎င်းတို့ လုပ် ဆောင်နေသော လုပ်ငန်းများအတွက် ကျေးဇူးတင်ရှိကြောင်း နိဂုံးချုပ် ပြောကြားခဲ့ပြီး၊ ၎င်းတို့နှင့် ၎င်းတို့ ၏ လုပ်ငန်းအပေါ် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ပေးသနားခဲ့ပါသည်။
ဘာသာပြန် Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

