
စိန့်မိုင်ကယ်ဘုရားကျောင်းပွဲနေ့ကျင်းပ။

မန္တလေးကက်သလစ်ဂိုဏ်ချုပ်သာသနာ၊စိန့်မိုင်ကယ်(သံ၀င်း) ဘုရားကျောင်းပွဲကို (၂၉.၉.၂၀၂၅)နေ့ညနေ ၄:၃၀ အချိန်၌ဘုန်းတော်ကြီး Fr. John Aye Kyaw မှမစ္ဆားတရားဦးဆောင်ပူဇော်ပေးခဲ့ပါသည်။
ပွဲနေ့မစ္ဆားတရား၌ မန္တလေးမြို့ပေါ်ရှိ သာသနာစီရင်စု အသီးသီးမှ ဘုန်းတော်ကြီးများ၊သီလရှင်များ၊ ဘာသာ၀င်များလာရောက် ဝတ်ပြုဆုတောင်းပါဝင်ခဲ့ပါသည်။
မစ္ဆားတရားအတွင်း ဘုန်းတော်ကြီး Fr.John Aye Kyaw မှဩဝါဒပေးရာတွင်
“ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝအသက်တာမှာ ငါဘယ်နှစ်ကြိမ် ဘယ်နှစ်ခါများ ဘုရာကို အန်တုမိသလဲ၊ ဘယ် နှစ်ကြိမ်များ ဘုရားကိုပုန်ကန်မိသလဲပြန်သုံးသပ်ကြည့်ပါ။ ကျွန်ုပ်တို့ရဲ့ တစ်နေ့တာ မှာ ငါဘယ်လို ပြုမူနေထိုင်နေတာလဲ၊ ပတ်ဝန်းကျင်နဲ့ငါဘယ်လိုဆက်ဆံခဲ့သလဲ၊ ငါ့ကြောင့်တစ်စုံ တစ်ယောက် ဒုက္ခ ရောက်အောင်လုပ်ခဲ့မိတလား၊ ဒါမှာမဟုတ်ကောင်းတာတွေ ဘာတွေလုပ်ခဲ့ပြီလဲ တစ်နေ့သာမှာ ဘုရား ဘယ်နှစ်ခါ ရှိခိုးဖြစ်လဲ စသည်ဖြင့် မိမိကိုယ်မိမိ ပြန်လည်စမ်းစစ်သုံးသပ်ကြည့် ဖို့လိုအပ်ပါသည်။
ကျွန်ုပ်တို့ဟာ အချင်းချင်းကူညီကြရမယ် အတူတကွတစ်လုံးတစ်ဝတည်း ဆုတောင်းရမယ် ဒုက္ခရောက် တဲ့အချိန် တစ်ယောက်ကိုတစ်ယောက် ကူညီရိုင်းပင်းရမယ်။ ကျွန်ုပ်တို့ရဲ့စည်းလုံးခြင်းနှင့် ချစ်ခြင်း မေတ္တာတွေကို ပြိုကျမသွားဖို့ကြိုးစားကြရမည်။ ဟု ပြောကြားခဲ့ပါသည်။
စိန့်မိုင်ကယ်(သံဝင်း) ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Augustine Tin Maung Htun မှလည်း ဒီကျောင်း ပွဲနေ့နဲ့ပတ်သက်ပြီး
စိန့်မိုင်ကယ်ကာကွယ်စောင့်ရှောက်မှုကြောင့် ဤဘုရားကျောင်းသည် ကြီးမားတဲ့ငလျင်လှုပ်ခတ်ချိန်မှာ ကြီးကြီးမားမားမပျက် စီးပဲအနည်းငယ်သာပျက်စီးမှုနဲ့ ကြုံရသည်။ ခုချိန်မှာတော့ဘုရားကျောင်းက ဘာသာဝင်များ၊ အလှူရှင်များ၏လှူဒါန်းမှုဖြင့် ပြန်လည်ပြင်ဆင်ပြီးပါပြီ။
သို့သော်သာသနာ့အဆောက်အဦးဖြစ်တဲ့လူနေဆောင်ကတော့ပြင်နေဆဲဖြစ်ပါတယ်။ ဒါကြောင့် ဤ အဆောက် အဦးမှာနေထိုင်သူများသည် ယနေ့ထိ ဤကျောင်းဝင်းထဲမှာပဲ တဲထိုးပြီး ခက်ခက်ခဲခဲ နေကြ ရပါသည်။
စိန့်မိုင်ကယ်ရဲ့စံနမူနာကို အတုယူစေချက်တဲ့အချက်က စိန့်မိုင်ကယ်သည် သူ့ဘဝတစ်လျှောက်လုံး ဘုရားကို နံပါတ်တစ်နေရာ ထားပြီးနားထောင်ခဲ့သူဖြစ်သည် ဘာသာဝင်များလည်းအတုယူပြီး မိမိဘဝ မှာဘုရားကို နံပါတ်တစ်နေရမှာ ထားနိုင်သူများဖြစ်ပါစေ။
နတ်ဆိုးက ကျွန်ုပ်တို့ကို နောက်ယှက်တဲ့အခါမှာ အကြိုက်ပေးပြီးနောက်ယှက်တတ်တာကို သတိထားပြီး မိမိအသက်တာကို နတ်ဆိုးရဲ့ထောင်ချောက်ထဲ ပါမသွားအောင်သတိထားရမည်။
ခါတိုင်းဆို ပွဲနေ့ရက်တွေမှာ စီတန်းလှည့်လည်တဲ့ အစီအစဉ်တွေရှိပေမဲ့ ဒီနှစ်တော့ အကျဉ်းချုံ့ ပဲလုပ် ဖြစ်ပါတယ် စီတန်းလှည့်လည်ခြင်းအစီစဉ်တွေမလုပ်နိုင်ဘူး။” ဟုပြောကြားခဲ့ပါသည်။
စိန့်မိုင်ကယ်ထံ ဘယ်လိုဆုကျေးဇူးတွေကိုတောင်းဖြစ်ကြောင်း ဘာသာဝင်တစ်ချို့ပြောသည်မှာ
Bernadette နုနုလွင်
ကျွန်မအမြဲတမ်းအသွေးအသား နောက်ယှက်ခြင်းတွေခံရတယ် အဲလိုအချိန်တွေမှာ စိန့်မိုင်ကယ်ထံ ဆုတောင်းတယ် ဒီလိုအနောက်အယှက်ကနေလွတ်မြောက်အောင် ကာကွယ်ပေးဖို့ အမြဲလည်းအားကိုး ပါတယ်။
David Jude
ကျွန်တော်က ဒီငရဲငယ်က ဝိညာဉ်တွေ လွတ်မြောက်ဖို့ အတွက်နဲ့ မြန်မာနိုင်ငံ အမြန်ဆုံငြိမ်းချမ်းဖို့တွက် ဆုတောင်းဖြစ်ပါတယ်။ သဘာဝဘေးရန်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေကနေ ကာကွယ်ပေးဖို့တွက် လည်း စိန့်မိုင်ကယ်ထံ ဆုတောင်းဖြစ်ပါတယ်။
Catherine မခင်မြအေး
အန်တီကဘုရားနဲ့ပိုပြီး အနောက်အယှက်ကင်းစွာ နီးစပ်ဖို့တွက်စိန့်မိုင်ကယ်ထံဆုတောင်းဖြစ်တယ်။ ပြီးတော့ သားDeacon ခေါ်တော်မူခြင်းလမ်းစဉ်မှာ နတ်ဆိုးရဲ့အနောက်အယှက်အမျိုးမျိုးမှ ကျော်လွှား ပြီး အဆုံးတိုင် လျှောက်လှမ်းနိုင်ဖို့ အဓိကထား ဆုတောင်းပေးပါတယ်။
Leo ချိုထွန်း
စိန့်မိုင်ကယ်ထံ အဓိကတော့ ကိုယ့်မိသားစုဝင်များကို ဘေးရန်အမျိုးမျိုးကနေ ကာကွယ်ပေးဖို့ စိန့်မိုင်ကယ် ရဲ့ကာကွယ်မှုအောက်မှာ မိသားစုများ လုံလုံခြုံခြုံအသက်ရှင်နေထိုင်နိုင်ဖို့ အမြဲတမ်း ဆုတေင်းပါတယ်။

