ရိုးသားသူတို့၏ ယုံကြည်ခြင်းသည် သာသနာတော်ကို လမ်းပြသည်ဟု ရဟန်းမင်းကြီးမိန့်ကြား။

ကမ္ဘာတစ်ဝန်းမှ ဓမ္မဆရာများ (catechists) ရောမမြို့တွင် စုဝေးနေကြချိန်၌ ပုပ်ရဟန်းမင်းကြီး လီယို (Leo XIV) သည် အထူး ဂျူဘီလီ ပရိတ်သတ်တွေ့ဆုံပွဲကို ကျင်းပခဲ့ပြီး၊ ‘sensus fidei’ ဟုခေါ်သော ဘုရား သခင်နှင့်ဆိုင်သောအရာများအတွက် ရိုးသားသောသူများ၏ ယုံကြည်ခြင်းသည် သာသနာတော်ကို လမ်းသစ်များအတိုင်း ရှေ့သို့ တွန်းအားပေးနေကြောင်း မိန့်ကြားခဲ့ပါသည်။

စက်တင်ဘာလ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပသော ဓမ္မဆရာများ၏ ဂျူဘီလီသို့ ထောင်နဲ့ချီသော ဓမ္မဆရာများ တက်ရောက်ကြစဉ် စနေနေ့တွင် ပုပ်ရဟန်းမင်းကြီး လီယို (Leo XIV) သည် စိန့်ပီတာရင် ပြင်၌ အထူးဂျူဘီလီ ပရိတ်သတ်တွေ့ဆုံပွဲကို ကျင်းပခဲ့သည်။

ပုပ်ရဟန်းမင်းကြီးသည် ‘sensus fidei’ အပေါ် အကျယ်တဝင့် ထောက်ရှုခဲ့ပြီး၊ ၎င်းသည် “ဘုရားသခင် နှင့်ဆိုင်သောအရာများအတွက် ရိုးသားသူတို့၏ ဆဋ္ဌမအာရုံ” ကဲ့သို့ဖြစ်ကြောင်း ပြောကြားခဲ့ပြီး”ဘုရားသခင်သည် ရိုးရှင်းပြီး ရိုးသားသူများအား မိမိကိုယ်ကို ဖော်ပြပေးတယ်” “ဤအကြောင်းကြောင့် ဘုရားသခင်၏လူမျိုး၌ ယုံကြည်ရာတွင် မှားယွင်းမှုမရှိခြင်း (infallibility) သည် တည်ရှိနေပြီး၊ ပုပ်ရဟန်း မင်းကြီး၏ မှားယွင်းမှုမရှိခြင်းသည် ယင်း၏ ဖော်ပြချက်တစ်ခုနှင့် အမှုတော်ဆောင်ခြင်း တစ်ခု ဖြစ် တယ်။”

ပုပ်ရဟန်းမင်းကြီး လီယိုသည် ၄ ရာစုနှစ်က သန့်ရှင်းသူ အမ်ဘရို့စ် (St. Ambrose) အကြောင်းကို အခြေ ခံပြီ’ ထိုအချိန်က သန့်ရှင်းသူ အမ်ဘရို့စ်သည် သာသနာတော်အတွင်း ပဋိပက္ခကြီးမားသောကာလ၌ မီလန်မြို့၏ အုပ်ချုပ်ရေးမှူးအဖြစ် အမှုထမ်းနေသူတဦးဖြစ်ပါသည်။

အရပ်ဘက် အာဏာပိုင်တစ်ဦးအနေဖြင့် သူသည် မီလန်၏ ဘိရှော့အသစ်ရွေးချယ်ပွဲတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ရပြီး၊ ယုံကြည်သူများကြားတွင် ငြိမ်သက်မှုရရှိစေရန် နားထောင်ခြင်းနှင့် ကြားဝင် စေ့စပ်ပေးသော သူ၏ စွမ်းရည်ကြီးမားမှုကို အသုံးပြုခဲ့ရသည်။

ရိုးရာအဆိုများအရ ကလေးတစ်ဦးက “အမ်ဘရို့စ် ဘိရှော့!” ဟု အော်ဟစ်ခဲ့ရာ လူထုတစ်ခုလုံးက သူ့ကို ဝိုင်းဝန်း ထောက်ခံခဲ့ကြကြောင်း မှတ်တမ်းတင်ထားပါသည်။

ထိုအချိန်က”အမ်ဘရို့စ်ဟာ ဗတ္တိဇံတောင် (ဆေးကြောခြင်း) မခံရသေးပါဘူး။ သူဟာ ဗတ္တိဇံအတွက် ပြင်ဆင်နေတဲ့ ဓမ္မလေ့လာသူ (catechumen) တစ်ယောက်အခြေနေမှာပဲ ရှိပါသေးတယ်။” “သို့သော် လည်း လူထုက ဒီပုဂ္ဂိုလ်ထဲမှာ နက်ရှိုင်းတဲ့ အရာတစ်ခုကို ရိပ်မိခဲ့ပြီး သူ့ကိုရွေးချယ်ခဲ့ကြတယ်။

ဒါကြောင့် သာသနာတော်ဟာ သူ့ရဲ့ အကြီးမြတ်ဆုံး (ဆရာတော်)ဘိရှော့တစ်ပါး၊ သာ သနာတော် ၏ပါရ ဂူ ဆရာတော် (Doctor of the Church) တစ်ပါးကို ရရှိခဲ့ကြတယ်။”

ပုပ်ရဟန်းမင်းကြီး လီယိုက အမ်ဘရို့စ်သည် ဘုရားသခင်ထံမှ ခေါ်တော်မူခြင်းဖြစ်သည်ကို နားမလည်မှီ ပထမတွင် ငြင်းပယ်ခဲ့ပြီး မြို့ထဲမှပင် ထွက်ပြေးခဲ့သေးကြောင်း၊ ထို့နောက်မှသာ ဗတ္တိဇံ(ဆေးကြောခြင်း) ခံယူရန်နှင့် ဆရာတော်အဖြစ် ခန့်အပ်ခံရန် ခွင့်ပြုခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ကလေးတစ်ဦးက “အမ်ဘရို့စ် ဘိရှော့!” ဟု အော်ဟစ်ခဲ့သောအရာကို အခြေခံပြီး ပုပ်ရဟန်းမင်းကြီး က “ကလေးသူငယ်လေးများ” က သာသနာသို့ ပေးအပ်သော ကြီးမြတ်သော လက်ဆောင်ကို အံ့ဩမိ ကြောင်း မိန့်ကြားခဲ့ပြီး”ဒီနေ့ခေတ်မှာတောင် ဒါဟာ တောင်းခံရမယ့် ကျေးဇူးတော်ပဲ- ကျွန်ုပ်တို့ ရရှိထား တဲ့ ခေါ်တော်မူခြင်းကို ရှင်သန်ရင်း စစ်မှန်သောခရစ်ယာန်ဖြစ်လာဖို့ပါပဲ” ဟုမွက်ကြားခဲ့ကာ

မိဘများ၊ လုပ်ငန်းရှင်များ၊ အလုပ်သမားများ၊ ဆရာများ၊ ဘုန်းတော်ကြီးများ သို့မဟုတ် ဘာသာရေး သမားများအနေဖြင့် လူတိုင်းသည် မိမိတို့ ရွေးချယ်ထားသော လမ်းကြောင်းမှတစ်ဆင့် ခရစ်ယာန်ဖြစ် လာရန် ခေါ်ခြင်းခံရကြောင်း ပုပ်ရဟန်းမင်းကြီးက မှတ်ချက်ပြုခဲ့ပြီး၊ ကျွန်ုပ်တို့ အမှန်တကယ် ခရစ် ယာန်ဖြစ်လာခြင်း ရှိမရှိကို လူများက “အာရုံခံသိနိုင်” ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။

သူ၏ ခေါ်တော်မူခြင်းကို လက်ခံပြီးနောက် သန့်ရှင်းသူ အမ်ဘရို့စ်သည် မိမိလူမျိုးတို့၏ ယုံကြည်ခြင်းကို မြှင့်တင်ခဲ့ပြီး ဆာလံနှင့် ဓမ္မသီချင်းများ သီဆိုခြင်း၊ ဘုရားဝတ်ပြုခြင်း (liturgy) နှင့် တရားဒေသနာဟော ပြောခြင်းတို့အတွက် နည်းလမ်းသစ်များကိုပင် ဖန်တီးပေးခဲ့ကြောင်း သန့်ရှင်းသူအမ်ဘရို့စ်၏ တရား ဒေသနာဟောပြောခြင်းသည် နောက်ပိုင်းတွင် ဘိရှော့နှင့် သာသနာ၏ ဆရာတော် ဖြစ်လာမည့် သန့်ရှင်း သူ ဩဂတ်စ်တင်း (St. Augustine) ကိုပင် ပြောင်းလဲစေခဲ့ကြောင်း။

“သူကိုယ်တိုင် ရိပ်မိနိုင်ခဲ့ပြီး၊ ဒီနည်းနဲ့ မျှော်လင့်ချက်ဟာ များပြားလာခဲ့တယ်” “ရိပ်မိခြင်း၊ အလိုလို သိမြင်ခြင်းဆိုတာ မျှော်လင့်ခြင်းရဲ့ နည်းလမ်းတစ်ခုပါ- ဒါကို မမေ့ပါနဲ့!”

နိဂုံးချုပ်အနေဖြင့် ပုပ်ရဟန်းမင်းကြီး လီယို (Leo XIV) သည် ဘုရားသခင်သည် သာသနာတော်ကို ရှေ့သို့ ရွေ့လျားစေပြီး ဘုရားသခင်၏လူမျိုးတို့၏ ယုံကြည်ခြင်းဖြစ်သော ‘sensus fidei’ မှတစ်ဆင့် လမ်းသစ်များကို ပြသပေးကြောင်း မိန့်ကြားခဲ့ပါသည်။

“ရိပ်မိခြင်း၊ အလိုလို သိမြင်ခြင်းဆိုတာ လာလတ္တံ့သော ကောင်းကင်နိုင်ငံတော်အတွက် ရိုးသားသူတို့၏ ဗီဇ (instinct) ဖြစ်တယ်” “ဤ ဂျူဘီလီသည် ဘုရားသခင်၏ အလိုဆန္ဒများကို ရိပ်မိရန်နှင့် အမှုဆောင် ရန် ဧဝံဂေလိတရားနှင့်အညီ ရိုးသားသောသူများ ဖြစ်လာစေရန် ကျွန်ုပ်တို့ကို ကူညီပါစေ!” ဟု အဆုံးသတ်ထားပါသည်။

ဘာသာပြန် Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *