
လူငယ်တစ်ဦးအတွက် ပုပ်ရဟန်းမင်းကြီးလီယို ပေးပို့သောပြန်စာ။

ပုပ်ရဟန်းမင်းကြီးလီယို (Leo XIV) က ကမ္ဘာတစ်ဝန်း ပဋိပက္ခများကြောင့် စိုးရိမ်နေသော ရောမမြို့မှ လူငယ်ဆေးကျောင်းသူတစ်ဦးအား “ကျွန်ုပ်တို့သည် ခက်ခဲသော ကာလများတွင် နေထိုင်နေကြရသည်” သို့သော် “ပိုမိုကောင်းမွန်သော ကမ္ဘာအတွက် မျှော်လင့်ချက်ကို မစွန့်လွှတ်သင့်” ကြောင်း ပြန် ကြားခဲ့ ပါသည်။
ပုပ်ရဟန်းမင်းကြီး လီယို (Leo XIV) သည် စိန့်ပီတာ ဘာဆီလီကာ (St Peter’s Basilica) မှ ထုတ်ဝေ သည့် ပီယာဇာ စန် ပီယက်ထရို (Piazza San Pietro) မဂ္ဂဇင်း စာဖတ်သူတစ်ဦးထံ အကြောင်းပြန်ကြား စာပေးပို့ခဲ့ပါသည်။
စက်တင်ဘာလထုတ် မဂ္ဂဇင်း စာအဆက်အသွယ် ကဏ္ဍတွင် ပုပ်ရဟန်းမင်းကြီးလီယိုက ရောမမြို့မှ အသက် ၂၁ နှစ်အရွယ် ဆေးကျောင်းသူ ဗယ်ရိုနီကာ (Veronica) ထံ အကြောင်းပြန်ခဲ့ပါသည်
ဗယ်ရိုနီကာ (Veronica) က “ကျွန်မရဲ့ အိပ်မက်က ဆရာဝန်တစ်ယောက်ဖြစ်လာပြီး လူတွေ ဖျားနာမှုတွေ ကနေ ကုသပေးဖို့ပါ” ဟု ထိုလူငယ် အမျိုးသမီးက ရေးသားခဲ့ပါသည်။
သူမက ကမ္ဘာတစ်ဝန်း ပဋိပက္ခများနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း ထပ်မံဖြည့်စွက်ခဲ့ပြီး “ငြိမ်းချမ်းစွာ နေထိုင်ဖို့ဆိုတာ မဖြစ်နိုင်လောက်အောင် ဖြစ်နေပါပြီ။ ဘယ်လို အနာဂတ်မျိုး ကျွန်မတို့ကို စောင့်ကြို နေပါသလဲ။ ပိုကောင်းတဲ့ ကမ္ဘာအတွက် မျှော်လင့်နိုင်ပါသလား။ ပြီးတော့ ဒါကိုဖြစ်မြောက်အောင် ကျွန်မတို့ လူငယ်တွေ ဘာလုပ်ပေးနိုင်ပါသလဲ”
ပုပ်ရဟန်းမင်းကြီး လီယို၏ အဖြေမှာ ရိုးရှင်းပြီး နွေးထွေးလှပါသည်။ “ချစ်လှစွာသော ဗယ်ရိုနီကာ၊ ပထမဦးစွာ သမီးရဲ့ အိပ်မက်ကို အမှန်တကယ် ပြည့်မြောက်ပါစေလို့ စိတ်ရင်းမှန်နဲ့ ဆုတောင်းပေး ပါတယ်။
သမီး တောင့်တတဲ့ အသက်မွေးဝမ်းကျောင်းပညာဟာ အမြင့်မြတ်ဆုံးထဲက တစ်ခုဖြစ်တယ်၊ အထူး သဖြင့် အားအနည်းဆုံးနဲ့ ကံမကောင်းသူတွေကို ဝန်ဆောင်မှုပေးခြင်းဖြစ်တယ်… သမီးရဲ့ မေးခွန်းတွေ ဟာ သမီးရဲ့ ရွယ်တူများစွာတို့ရဲ့ ရင်ထဲမှာ ရှိနေတဲ့ မေးခွန်းတွေပါပဲ။”
“ကျွန်ုပ်တို့ဟာ ခက်ခဲတဲ့ ကာလတွေမှာ နေထိုင်နေကြရတယ်” “ဒါပေမယ့် ဒီအချက်က ပိုမိုကောင်းမွန်တဲ့ ကမ္ဘာအတွက် ကျွန်ုပ်တို့ရဲ့ မျှော်လင့်ချက်ကို မစွန့်လွှတ်စေသင့်ဘူး။”
ကျွန်ုပ်တို့ ကမ္ဘာတစ်ဝန်းရှိ နာကျင်မှုများကို အသိအမှတ်ပြုရင်း မျှော်လင့်ချက်နှင့် ခံနိုင်ရည်ရှိခြင်း သတင်းစကားကို အလေးပေး ပြောကြားခဲ့လိုပါတယ်
“ကျွန်ုပ်တို့ဟာ ခက်ခဲတဲ့ ကာလတွေမှာ နေထိုင်နေကြရတာ အမှန်ပါပဲ။ မကောင်းမှုက ကျွန်ုပ်တို့ရဲ့ ဘဝ တွေကို လွှမ်းမိုးနေပုံရတယ်။ စစ်ပွဲတွေက အပြစ်မဲ့တဲ့ သားကောင်တွေကို ပိုများလာစေတယ်” ဒါပေမယ့် ကျွန်ုပ်တို့ဟာ မျှော်လင့်ခြင်းကို ဘယ်တော့မှ မရပ်တန့်သင့်ဘူး။
“စိန့်ဩဂတ်စ်တင်း (Saint Augustine) ကို ကိုးကားပြီး ‘ကောင်းစွာ နေထိုင်ပါ၊ ထိုအခါ အချိန်ကာလများ ကောင်းမွန်လာမည်။ ကျွန်ုပ်တို့သည် အချိန်ကာလများ ဖြစ်သည် (Live well and the times will be good. We are the times.)’ မှန်ပါတယ်။ ကျွန်ုပ်တို့ ကောင်းမွန်မယ်ဆိုရင် ကာလများလည်း ကောင်းမွန် ပါလိမ့်မယ်။ ဒီလိုဖြစ်ဖို့အတွက် ကျွန်ုပ်တို့ရဲ့ မျှော်လင့်ချက်ကို သခင်ယေဇူး (the Lord Jesus) ထံမှာ ထားရပါမယ်”
“သမီးရဲ့ ဘဝကို အကြီးမြတ်ဆုံး တစ်ခုခု ဖန်တီးချင်တဲ့ ဆန္ဒကို နှိုးဆွပေးခဲ့တာ ကိုယ်တော် (ယေဇူး) ပါပဲ ကျွန်ုပ်တို့ နေထိုင်နေတဲ့ ကာလတွေဟာ အမှန်တကယ် ကောင်းမွန်တဲ့ ကာလတွေဖြစ်လာစေဖို့ သမီး ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်က လူ့အဖွဲ့အစည်းကို တိုးတက်စေဖို့ ခွန်အားပေးမယ့်သူဟာလည်း ကိုယ်တော် ရှင်ပါပဲ”
ယေဇူးနှင့်အတူ မိတ်ဆွေဖွဲ့ခြင်း။
ပုပ်ရဟန်းမင်းကြီး လီယိုသည် သူ၏သတင်းစကားကို ပုဂ္ဂိုလ်ရေး ဆန်သော မှတ်ချက်ဖြင့် အဆုံးသတ် ခဲ့သည်။ “ဒီအကြောင်းကြောင့်ပဲ၊ သမီးနဲ့ တောဗာဂါတာ (Tor Vergata) ကို လာရောက်ခဲ့ သော လူငယ် အားလုံးကို ပေးခဲ့တဲ့ ဖိတ်ခေါ်ချက်ကိုကျွန်ုပ် ပြန် ပြောပါရစေ- ‘ယေဇူးနဲ့ မိတ်ဆွေဖြစ်မှုကို ပျိုးထောင်ပါ (Cultivate your friendship with Jesus)’။ တန်ဖိုးရှိပါတယ်။ ဒါကို သေချာယုံကြည်ပါ။ သမီးရဲ့ ပညာသင် ကြားမှုနဲ့ ဘဝခရီးစဉ်အကြောင်းကို အမြဲအသိပေးပါ။ ကျွန်ုပ်နှလုံးသားထဲကနေ ကောင်းချီး ပေးနေပါ တယ်။” ဟု ရဟန်းမင်းကြီက ဖြေကြားခဲ့ပါသည်။
ဘာသာပြန် Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

