ပုပ်ရဟန်းမင်းကြီးဖရန်စစ်ထုတ်ပြန်ခဲ့သည့် “Laudato si’” စာချွန်တော်၁၀နှစ်မြောက်အထိမ်းအမှတ် ကျင်းပမည်။

ကျွန်ုပ်တို့၏ ဘုံအိမ်တော် ကမ္ဘာမြေကို ဂရုစိုက်စောင့်ရှောက်ရန် ရည်ရွယ်၍ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ထုတ်ပြန်ခဲ့သည့် “Laudato si’” ပုပ်ရဟန်းမင်းကြီး၏ စာချွန်တော် ၁၀ နှစ်မြောက် အထိမ်းအမှတ် အဖြစ် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ကမ္ဘာတစ်ဝန်းမှ ဘာသာရေးခေါင်းဆောင် ၄၀၀ ကျော်၊ ရာသီ ဥတုဆိုင်ရာ ကျွမ်းကျင်သူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ ပါဝင်မည့် ရာသီဥတုတရားမျှတမှုအတွက် မျှော်လင့်ချက်ကို မြှင့်တင်ခြင်း (Raising Hope for Climate Justice) အမည်ရ နိုင်ငံတကာပွဲကို အောက်တိုဘာလ ၁ ရက်နေ့တွင် တက်ရောက်မိန့်ခွန်း ပြောကြားမည် ဖြစ်ပါသည်။

ဗာတီကန်သတင်းမှ ပေးပို့သည့် သတင်းများအရ၊ Focolare လှုပ်ရှားမှု မှ ဦးစီးသည့် “Centro Mariapoli” ၌ ကျင်းပမည့် နိုင်ငံတကာညီလာခံကို အောက်တိုဘာလ ၁ ရက်နေ့၊ ဗုဒ္ဓဟူးနေ့တွင် စတင်ရန် စီစဉ်ထားပါသည်။ ဤညီလာခံကို Laudato si’ လှုပ်ရှားမှု မှ သာသနာတော်ဆိုင်ရာနှင့် အဖွဲ့အစည်းဆိုင် ရာ မိတ်ဖက်အဖွဲ့အစည်းအမျိုးမျိုးနှင့် ပူးပေါင်း၍ စီစဉ်ခြင်းဖြစ်ပြီး၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ၏ ဖန်ဆင်းခြင်းကို ဂရုစိုက်စောင့်ရှောက်ရန် ရည်ရွယ်သည့် စာချွန်တော် ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပခြင်း ဖြစ်ပါသည်။

အောက်တိုဘာလ ၃ ရက်နေ့အထိ ကျင်းပမည့် ဤညီလာခံသည် ကမ္ဘာတစ်ဝန်း မှ ဘာသာရေးခေါင်း ဆောင်၊ ရာသီဥတုဆိုင်ရာ ကျွမ်းကျင်သူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၄၀၀ ကျော် ကို စုစည်းပေးမည်ဖြစ်ပြီး သာသနာတော်၏ သွန်သင်ချက်များ အရ ဂေဟစနစ်ဆိုင်ရာ ပြောင်းလဲမှုကို အကောင်အထည်ဖော်ရန်အတွက် နောက်ထပ်ခြေလှမ်းများ ကို ပုံဖော်ဆွေးနွေးကြမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *