
ကလေးတစ်ယောက်က လူကြီးမိဘကို ရိုသေလေးစားတတ်အောင် စည်းကမ်း ရှိစွာ နေတတ်အောင် မိခင်က ဘယ်လိုသင်ပေးမလဲ။
ကလေးတစ်ယောက်က လူကြီးမိဘကို ရိုသေလေးစားတတ်အောင်နဲ့ မိဘရှေ့မှာ စည်းကမ်း ရှိစွာ နေတတ်အောင် မိခင်က ဘယ်လိုသင်ပေးမလဲ။
ကလေးတိုင်းကတော့ ကွဲပြားခြားနားတဲ့ ပုံစံမျိုးစုံရှိကြပြီး မိသားစု ပတ်ဝန်းကျင်ကနေပဲ မိမိ ကိုယ်မိမိ ထိန်းချုပ်တတ်အောင် ဆုံးဖြတ်ချက် ချတတ်အောင် သင်ယူရတာပါ။
ဒါကြောင့် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ မိမိတွေ့ကြုံလာရတဲ့ အကြောင်းအရာတွေကို မိမိကိုယ်တိုင်ဆုံးဖြတ်ချက် ချတတ်ဖို့ လိုပါတယ်။ နောက်ပြီး ကောင်းတဲ့အမူအကျင့်၊ အသိတရားတွေ သင်ပေးထားရင် မိဘက သားသမီးကို ထိန်းနိုင်မှာ ဖြစ်ပါတယ်။
ကလေးတစ်ယောက်က မိမိကိုယ်မိမိ ပိုပြီး ထိန်းချုပ်တတ်လေ ပိုပြီး စည်းကမ်းတကျ ရှိစွာ နေတတ်ပြီး မိဘရဲ့ လမ်းညွှန်မှုတွေကို လိုက်နာလေပဲ ဖြစ်ပါတယ်။
ဒါကြောင့် မိဘက ဘယ်လို လမ်းညွှန်မှုတွေနဲ့ သင်ကြားပေးမှာလဲ။ မိမိတို့နေတဲ့ မိသားစု အိမ်မှာပဲ စည်းကမ်းရှိမှုနဲ့ ရိုသေလေးစားမှုတွေကို သင်ပေးရမှာပါ။
ရိုသေလေးစားမှုက ဘာလဲ?
အခြားသူတစ်ဦးတစ်ယောက် (ဝါ) ဆွေမျိုးတော်စပ်သူ (ဝါ) မိမိနဲ့ ဆက်နွယ်မှုရှိတဲ့သူတွေ ကို ရိုသေလေးစားရမှာပါ။ သားသမီးတစ်ယောက်အနေနဲ့ မိမိက ဘယ်သူလဲ။ မိမိနဲ့ သိနေတဲ့သူတွေ က ဘယ်သူတွေလဲ။ မိမိကိုယ်တိုင် သိထားတာတွေက ဘာတွေလဲ။ ဒါတွေကို သိထားမှ သူတပါးကို ရိုသေလေးစားတတ်မှာပါ။
ဒါဆိုရင် သားသမီးက မိဘကို ရိုသေလေးစားတာက ဘယ်လို ရည်ညွှန်းနေလဲ။ မိဘရဲ့ ဆုံးမ မှု လမ်းညွှန်မှုကို နာခံတာ။ မိဘပြောစကားကို (ဘဝ)ဆိုပြီး လက်ခံမှုမျိုး မရှိဘူး။ မိဘကို အိမ်မှုကိစ္စ က အစ ကူညီပေးတယ်။ စောဒက မတက်ဘူး။ တခါတရံ မိဘနဲ့ မကြေမလည်ဖြစ်ခဲ့ရင် ပွင့်ပွင့်လင်း လင်း လျော်ကန်အောင် ဆွေးနွေးတယ်။ ဒါတွေက Respect ရိုသေမှုပေးတာပဲ ဖြစ်ပါတယ်။
သားသမီးက မိဘကို ရိုသေလေးစားတယ်ဆိုတာ မိဘက ဘယ်လို မိဘမျိုး မိဘရဲ့ အခန်းဂန္ထ ကကော ဘယ်လိုလဲ။ မိဘကို ပြုစုနေထို်ငမယ်။ ခေါင်းဆောင်မှုတွေပေးမယ်။ ဒါမှ သားသမီးက လိုလိုလားလား ရိုသေမှုတွေ ပေးမှာပါ။ ဒါကြောင့် သားသမီးတွေမှာ သင်ပြပေးတဲ့ ညွှန်ပြပေးမယ့် ဆရာဆိုတာလိုပါတယ်။ ဒါကလည်း မိဘဖြစ်နေရမှာပါ။ မိဘက သားသမီးရိုသေလေးစားရလောက် အောင် အပြုအမူ၊ အနေအထားတွေ မရှိခဲ့ရင် မိသားစုအတွင်းမှာ အနေအထား မမှန်တာတွေ ဖြစ်လာမှာပါ။ သားသမီးနဲ့ မိဘ ပါဝါပြိုင်ပွဲတွေ ဖြစ်လာမှာပါ။
နောက်တစ်ခုက မိဘရဲ့ အသံနေအသံထားပဲ ဖြစ်ပါတယ်။ ဒီအသံအနေအထားမှာ သားသမီး ကို သင်ကြားပေးနိုင်တဲ့အသံအနေအထား၊ အသံက တည်ငြိမ်နေရမယ်၊ ရိုးသားတဲ့အသံဖြစ်နေရ မယ်။ သားသမီးကို လုံခြုံမှုပေးနိုင်တဲ့ အသံဖြစ်နေရမယ်။ မေတ္တာတွေ အများကြီးပေးတဲ့ မိဘဆိုတဲ့ အသံဖြစ်နေရမယ်။ မေတ္တာတွေ အများကြီးပေးတဲ့ မိဘဆိုတဲ့ အသံအနေအထားဖြစ်နေရမယ်။ သားသမီးက လက်ခံနိုင်တဲ့ ရှိသင့်ရှိထိုက်တဲ့ အသံဖြစ်နေရမယ်။ သားသမီးကို နှိမ့်ချတဲ့အသံ၊ နာခံတဲံ့ အသံဖြစ်မနေရပါဘူး။
တခါတရံ မိဘကို မကျေနပ်လို့ အော်ဟစ်နေမယ်ဆိုရင် မိဘက တည်ငြိမ်မှု ရှိနေရမယ်။ ဒါမှသာ မိမိရဲ့ ညွှန်ကြားမှု၊ လုပ်ပိုင်ခွင့်၊ ခေါင်းဆောင်နိုင်မှုက ကျန်ရစ်နေမှာပါ။ မိဘက point လုပ်ပြီး၊ ပြဿနာကို ဖြေရှင်းနိုင်မှာပါ။ ဒါက တခုတည်းသော မိဘရဲ့ အသံအနေအသံထားပဲ ဖြစ်ပါ တယ်။ ဒါမှ relationship ကို အပြန်အလှန် တည်ဆောက်နိုင်မယ်။ ဖန်တီးနိုင်မှာပါ။
နောက်တမျိုးက အောင်မြင်တဲ့ မိသားစုဖွဲ့စည်းတည်ဆောက်ပုံ လိုအပ်ပါတယ်။ ဒါမှ သားသမီး အပြုအမူမှားခဲ့ရင် မိဘက ဘယ်အချိန် သူ့ကို အပြစ်တင်မယ်ဆိုတဲ့ စိုးရိမ်မှုလည်း ရှိလာပါ လိမ့်မယ်။
အကယ်၍ မိဘကို ကြောက်တာ တခုပဲ ရှိခဲ့မယ်ဆိုရင် မိဘက ပြောတာ ကြောက်လို့ လက်ခံ ပေမယ့် နှလုံးသားက မိဘဆီမှာ ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် မိဘအနေနဲ့ မိသားစုနားလည်နိုင်တဲ့ အခြေခံကျတဲ့ သာမန်စကားလုံးမျိုးသုံးတာက မိသားစုတစ်စုလုံး မှန်ကန်တဲ့ အောင်မြင်တဲ့ လမ်း ကြောင်းမှန်ကို ရောက်ရှိမှာ ဖြစ်သလို အပြန်အလှန် relationship နဲ့ စည်းကမ်းရိုသေမှုကို တည် ဆောက်လို့ ရမှာ ဖြစ်ပါတယ်။
သားသမီးကို အခြေခံဖြစ်တဲ့ မိဘပြောဆိုတာကို လက်ခံလိုက်နာနိုင်ဖို့ ဝေဖန်တာတွေ မပြုလုပ်ဖို့ သဘောမတူညီမှုတွေကို သင့်လျော်စွာနဲ့ ညှိနှိုင်း ဖြေရှင်းနိုင်ဖို့ မိဘက ဒီအချက်တွေကို လက်မခံတာတွေ ပြောပြပေးထားမယ်ဆိုရင် မကျေနပ်ချက်တွေ ရှိလာခဲ့ရင်လည်း မိဘနဲ့ သားသမီး ဆွေးနွေးလို့ရပြီ။ ဒါဆိုရင် မိဘက လမ်းညွှန်ပေးမယ်။ point out လုပ်လို့ရပြီ။ ဒါကြောင့် မိဘက ဒီလိုတွေကို သင်ပေးထားဖို့ လိုအပ်လှပါတယ်။
ဒါမှ မိသားစု စည်းစည်းလုံးလုံးရှိမယ်။ ရှင်းရှင်းလင်းလင်း တင်ပြနိုင်တဲ့အတွက် မိဘကို ရိုသေမှုတွေ ပေးပါလိမ့်မယ်။ မိသားစုကို အပြောင်းအလဲမရှိတဲ့ စိတ်ထားကနေ သားသမီးက မိမိကိုယ် မိမိ ပြန်အုပ်ချုပ်တတ်သွားမယ်။ ဖြေရှင်းတတ်လာမယ်။ စည်းကမ်းရှိတဲ့ ရိုသေတတ်တဲ့ သားကောင်းသမီးကောင်းတွေ ဖြစ်လာပါလိမ့်မယ်။

