စစ်ဘေးသင့်ဒေသများတွင် ငြိမ်းချမ်းရေးရရှိစေရန် အောက်တိုဘာလအတွင်း ကက်သလစ်ဘာသာဝင်များအား နေ့စဉ်ပုတီးစိပ်ဆုတောင်းရန် ပုပ်ရဟန်းမင်းကြီးလီယို တိုက်တွန်း။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ဘုရားသခင်၏ ငြိမ်းချမ်းရေးလက်ဆောင်ကို တောင်းခံရန်အတွက် အောက်တိုဘာလအတွင်း နေ့စဉ်ပုတီးစိပ်ရန် ယုံကြည်သူများကို တိုက်တွန်းခဲ့ပြီး၊ အမိမယ်တော်အား ယုံကြည်ကိုးစားခြင်း ဂျူဘီလီပွဲတော်၏ အစိတ်အပိုင်းအဖြစ် အောက်တိုဘာ (၁၁) ရက်နေ့တွင် စိန့်ပီ တာရင်ပြင်၌ ပုတီးစိပ်ခြင်းအခမ်းအနားကျင်းပမည့်အကြောင်းကိုလည်း ကြေညာခဲ့ပါသည်။

ကက်သလစ် သာသနာတော်က သန့်ရှင်းသောပုတီးစိပ်ခြင်းကို ရည်စူးထားသည့် အောက်တိုဘာလ တွင် အထူးသဖြင့် စစ်ဘေးသင့်ဒေသများ၌ ငြိမ်းချမ်းရေးရရှိရန်အတွက် ကမ္ဘာတစ်ဝန်းရှိ ကက်သလစ် ဘာသာဝင်များ ပုတီးစိပ်ခြင်းဖြင့် စည်းလုံးညီညွတ်ကြဖို့ပါဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က အပတ်စဥ်ဗုဒ္ဓဟူးနေ့တိုင်း လူထုပရိတ်သတ်တွေ့ဆုံခြင်းတွင် ဤအကြောင်းအရာကို ကြေညာခဲ့ခြင်းဖြစ်ပါသည်။

ရောမမြို့ရှိ ယုံကြည်သူဘာသာဝင်များသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့၊ ညနေ (၆) နာရီတွင် စိန့်ပီတာရင်ပြင်၌ စုဝေး ပုတီးစိပ် ကြမည်ဖြစ်ကြောင်း “လာမယ့်လရဲ့ နေ့ရက်တိုင်းမှာ တစ်ဦးချင်းဖြစ်စေ၊ မိသားစုလိုက်ဖြစ်စေ၊ လူမှုအသိုင်းအဝိုင်းလိုက်ဖြစ်စေ ငြိမ်းချမ်းရေးအတွက် ပုတီး စိပ်ဖို့ လူတိုင်းကို ကျွန်ုပ်ဖိတ်ခေါ်ပါတယ်” ဟု၍ ပြောကြားခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီးသည် ဗာတီကန်ဝန်ထမ်းများအားလည်း အောက်တိုဘာလတစ်လျှောက်လုံး စိန့်ပီ တာဘုရားကျောင်းတော်ကြီး၌ နေ့စဉ် ညနေ (၇) နာရီတွင် ပုတီးစိပ်ရန် ဖိတ်ခေါ်ခဲ့သည်။

ပေါ်တူဂီဘုရားဖူးများကို နှုတ်ဆက်စကားပြောကြားရာတွင် ပုပ်ရဟန်းမင်းကြီး လီယိုက “သေစေနိုင် သော မုန်းတီးမှုများကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးယိုယွင်းမှုများ” ကို ဝမ်းနည်းကြောင်း ပြော ကြားခဲ့သည်။

“လူသားမျိုးနွယ်ကို လင်းလက်တောက်ပစေပြီး မြှင့်တင်ပေးသည့် သခင်ယေဇူး၏မေတ္တာတော်” ကို အခြားသူများနှင့် ဝေမျှရန် ခရစ်ယာန်များအားလဲ ဖိတ်ခေါ်ခဲ့ပါသည်။

ငြိမ်းချမ်းရေးအတွက် ပုတီးစိပ်ခြင်းအခမ်းအနားကို အောက်တိုဘာ (၁၁) ရက်နှင့် (၁၂) ရက်နေ့တွင် အမိမယ်တော်အားယုံကြည်ကိုးစားခြင်း ဂျူဘီလီပွဲတော်အတွင်း ကျင်းပမည်ဖြစ်ပါသည်။

ထိုနေ့သည် ၁၉၆၂ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး စိန့်ဂျွန် (၂၃) က ဖွင့်လှစ်ခဲ့သည့် ဒုတိယဗာတီကန်ကောင်စီဖွင့်ပွဲ၏ (၆၃) နှစ်မြောက် နှစ်ပတ်လည်နေ့လည်း ဖြစ် ပါသည်။

ဖာတီမာ မယ်တော်ပုံတူကို ပုတီးစိပ်ခြင်းအခမ်းအနားနှင့် အမိမယ်တော်အား ယုံကြည်ကိုးစားခြင်း ဂျူဘီလီပွဲတော်အတွက် စိန့်ပီတာရင်ပြင်၌ ထားရှိမည်ဖြစ်ကြောင်း ဗာတီကန် သတင်းဌာနက ဖော်ပြထားပါသည်။

ဘာသာပြန် Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *