ပုပ်ရဟန်းမင်းကြီးလီယို ပါလက်စတိုင်းကို အသိအမှတ်ပြုခြင်းက အထောက်အကူပြုနိုင်ပေမဲ့ ဆွေးနွေး မှုများ ပျက်ပြားနေ။

ပုပ်ရဟန်းမင်းကြီးလီယို (၁၄)သည် အင်္ဂါနေ့ညနေပိုင်းတွင် Castel Gandolfo မှ ဗာတီကန်သို့ ပြန် လည် ရောက်ရှိခဲ့သည်။ သို့သော် ထွက်ခွာမသွားမီ အရှေ့အလယ်ပိုင်းအခြေအနေနှင့် ပတ်သက်၍ သတင်း ထောက်များရဲ့ မေးခွန်းများကိုခေတ္တတုံ့ပြန်‌‌ဖြေကြားခဲ့ပါသည်။

“ဗာတီကန် ရဟန်းမင်းကြီးရုံးတော်က နှစ်နိုင်ငံအဖြေရှာရေးကို နှစ်ပေါင်းများစွာ ထောက်ခံခဲ့ပါတယ်” ထို့အတူ ထိုနေ့၌ပင် ဂါဇာရှိ ကက်သလစ်ဘုရားကျောင်းနှင့် ဆက်သွယ်ခဲ့ရကြောင်း ၎င်းပါလက်စတိုင်း အား နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုခြင်းနှင့် ပတ်သက်၍ မေးမြန်းသောအခါ “ရဟန်းမင်းကြီး က လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက နှစ်နိုင်ငံအဖြေရှာရေးကို အသိအမှတ်ပြုထားပါတယ်။ ဒါက ရှင်းပါတယ်၊ ကျွန်တော်တို့အားလုံး ပြည်သူတွေရဲ့ လေးစားမှုကို ခံယူနိုင်မယ့် လမ်းကြောင်းကို ရှာဖွေရ ပါမယ်” ဟူ၍လည်းကောင်း၊ ထိုသို့ အသိအမှတ်ပြုခြင်းနှင့် ပတ်သက်၍ “ဒီကိစ္စက အထောက်အကူ ဖြစ် နိုင်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာ တခြားတစ်ဖက်က တကယ်နားထောင်ချင်စိတ် မရှိပါဘူး။ ဆွေးနွေးမှု တွေ ပျက်ပြားနေပါတယ်” ဟူ၍ ဂါဇာအခြေအနေနှင့် ပတ်သက်ပြီး “ဘုရားသခင်ကို ကျေးဇူးတင် ပါတယ်။

ဂါဇာရှိ့ ဘုရားကျောင်းက ကောင်းပါတယ်။ သို့သော်လည်း ကျူးကျော်မှုတွေက ပိုပိုပြီး နီးကပ်လာနေ ပါတယ်။ ဒီနေ့ညနေပိုင်းမှာ သူတို့နဲ့ ဆက်သွယ်ရခဲ့ကြောင်း သတင်းထောက်များက ရုရှား၏ ကျူးကျော် မှုများအကြောင်းကိုလည်း မေးမြန်းသောအခါ “တစ်စုံတစ်ယောက်က ပဋိပက္ခကို ပိုမိုပြင်းထန်အောင် လုပ်ဆောင်နေပါတယ်။ ပိုပိုပြီး အန္တရာယ်များလာပါတယ်။ လက်နက်ချ၊ စစ်ရေးတိုးချဲ့မှုတွေ ရပ် ဆွေးနွေးပွဲစားပွဲကို ပြန်လာဖို့ လိုအပ်တယ် ဆိုတာကျွန်တော် အဆက်မပြတ် တိုက်တွန်းနေ ပါတယ်” ဟူ၍လည်းကောင်း၊ ဒီအခြေအနေမှာ “ဥရောပက တကယ်ပဲ စည်းလုံးမယ်ဆိုရင် အများကြီး လုပ်ဆောင်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟူ၍လည်းကောင်း၊ လက်နက်ပြန်လည်တပ်ဆင်ဖို့ လိုအပ်သလားဟု မေးမြန်းရာတွင် “ဒါတွေက နိုင်ငံရေးကိစ္စတွေပါ။ ဥရောပအပေါ် ပြင်ပဖိအားတွေ လည်းရှိနေပါတယ်။ ကျွန်တော် မှတ်ချက်မပေးလိုပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။

ထို့အပြင်၊ လာမည့်လများအတွင်း ရဟန်းမင်းကြီးရုံးတော်က ဆောင်ရွက်နိုင်သည့် သံတမန်ရေးရာ အစပျိုးမှုများနှင့် ပတ်သက်သော မေးခွန်းကို ပုပ်ရဟန်းမင်းကြီးက “ကျွန်တော်တို့က သံတမန်တွေနဲ့ အဆက်မပြတ် ဆွေးနွေးနေပါတယ်။ နိုင်ငံတော်အကြီးအကဲတွေ ရောက်လာတဲ့အခါမှာလည်း အဖြေ ရှာနိုင်ဖို့ အမြဲတမ်း ကြိုးစားပြီး စကားပြောနေပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့ပြီး။ ပြီးနောက် ပုပ်ရဟန်းမင်းကြီးသည် ဗာတီကန်သို့ ပြန်လည်ထွက်ခွာခဲ့သွားပါသည်။

ဘာသာပြန် Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *