
နိုင်ဂျီးရီးယားနိုင်ငံ တွင်ကက်သလစ်ဘုန်းတော်ကြီးတစ်ပါး တိုက်ခိုက်သတ်ဖြတ်ခံရ။

ယခုလ (စက်တင်ဘာ ၁၉၊ ၂၀၂၅) ရက်နေ့၌ နိုင်ဂျီးရီးယားနိုင်ငံ၊ Nsukka (နူစုခါ) သာသနာ ပိုင်ကက် သ လစ်ဘုန်းတော်ကြီး Matthew Eya (မက်တြူးအေယာ) အား သူသီတင်းသုံးသော စိန့်ချားလ်စ် သာသနာ အုပ်စုသို့ကားမောင်းပြန်လာစဉ်တိုက်ခိုက်သတ်ဖြတ်ခံခဲ့ရသည်။
နိုင်ဂျီးရီးယားနိုင်ငံသည် လူမျိုးပေါင်းစုံ၊ သက်၀င်ယုံကြည်မှုမတူသောဘာသာပေါင်းစုံ၊ ယဉ် ကျေးမှု ပေါင်းစုံနေထိုင်သောနိုင်ငံတစ်နိုင်ငံဖြစ်သည်။ အနောက်အာဖရိကနိုင်ငံများအနက်အခရာကျသော နိုင်ငံ တစ်ခုလည်းဖြစ်သည်။ သို့သော် ဒေသအတွင်း ဓားပြမှု၊ ပြန်ပေးဆွဲမှု၊ အစွန်းရောက်အကြမ်းဖက်မှု၊ အလုပ်လက်မဲ့ပြဿနာ၊ ဆင်းရဲနွမ်းပါးမှုရာနှုန်းမှာလည်းလွန်စွာမြင့်မားသောကြောင့် လုံခြုံမှုလွန်စွာအား နည်းသောနိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။
နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအားကောင်းသည်ဟုပြောဆိုသော်လည်း နိုင်ငံ၏ဒေသအ တော်များ များ၌ လူဦးရေထူထပ်မှု၊ ခေတ်မမှီတော့သည့်အခြေခံအဆောက်ဦးများစွာရှိနေသေးမှု၊ ဒေသလုံ ခြုံရေး ကိုခြိမ်းခြောက်နေသောဘိုကိုဟာရမ်သူပုန်တို့နှင့်မကြာခဏပဋိပက္ခဖြစ်ပွားနေမှုများစွာကိုကြုံတွေ့ရင်ဆိုင်နေရသည်။ ဤသူပုန်အုပ်စုသည် အရှေ့မြောက်ဒေသ၌ပို၍အားကောင်းပြီး ခွဲထွက်ရေးလှုပ်ရှားနေ သောအဖွဲ့လည်းဖြစ်သည်။
နိုင်ငံ၏လူဦးရေမှာမွတ်စလင်နှင့်ခရစ်ယာန်တို့ထက်၀က်စီမျှအချိုးကျသည်။ ဌာနေတိုင်းရင်း သား အနည်းငယ်ရိုးရာကိုသက်၀င်ယုံကြည်သူများလည်းရှိသည်။ အကြမ်းအားဖြင့် နိုင်ငံ၏မြောက်ပိုင်း၌ မွတ်စလင်အများဆုံးနေထိုင်ကြပြီး၊ တောင်ပိုင်း၌မှုခရစ်ယာန်အများဆုံးနေထိုင်ကြသည်။ မွတ်စလင် ဘာသာ ၀င်များအနက် ဆွန်နီမွတ်စလင်အများဆုံးဖြစ်သည်။ ခရစ်ယာန်များအနက် ရိုမန်ကက်သလစ် ခရစ်ယာအ များဆုံးဖြစ်ပြီး၊ အခြားသင်းကွဲခရစ်ယာန်များစွာရှိသည့် အနက် Evangelicals (အီဗန်ဂျေလီကယ်) နှင့် Pentecostals (ပင်တေကော့စတယ်) ခရစ်ယာန်ပိုများသည်။
Fr. Clement Ate
(Shalom World News)
Website: rvamyanmar.org
#rvamyanmar#ShalomWorldNews #ArchdioceseofMandalay

