ပိုမိုတရားမျှတပြီး၊ ကျိုးကြောင်းဆီလျော်သောကမ္ဘာကြီးကိုဖန်တီးရန် ဘုရားရှင်ကျေးဇူးတော်များ ကို အသုံးပြုကြပါ။

အပတ်စဉ်တနင်္ဂနွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် နေ့ခင်းမေတ္တာ Angelus ရွတ်ဆိုချင်းတွင် ရဟန်းမင်း ကြီးလီယို ၁၄ က မတရားသောဘဏ္ဍာဆိုး၏ပုံဥပမာကိုထောက်ရှုပြီး ဘုရားသခင်ထံမှရရှိထားသော လက်ဆောင်များနှင့် အရာအားလုံးထက်တန်ဖိုးကြီးမားသည့် မိမိဘဝအသက်တာကို၊ မည်ကဲ့သို့စီ မံခန့်ခွဲ နေကြကြောင်း ဘုရားဖူးသူတော်စင်များအား မိမိကိုယ်ကိုဆန်းစစ်ကြရန်ဖိတ်ခေါ်ခဲ့ပါသည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အသက်တာ၏အရှင်သခင်မဟုတ်သလို ကျွန်ုပ်တို့အသုံးပြုနေသည့်ပစ္စည်း ဥစ္စာတို့၏အရှင်သခင်လည်းမဟုတ်ပါ။

ကျွန်ုပ်တို့ပိုင်ဆိုင်သောအရာများသည် ဘုရားရှင်ကျေးဇူးတော်များဖြစ်ကြပြီး ထိုရာများသည် ကျွန်ုပ်တို့ ၏စောင့်ရှောက်မှု၊ကျွန်ုပ်တို့၏လွတ်လပ်ခွင့်နှင့်ကျွန်ုပ်တို့၏တာဝန်ဝတ္တရားတို့၌ဘုရားသခင်ယုံကြည်စွာအပ်နှံထားသောအရာများဖြစ်ကြသည်။

မရိုးသား မတည်မြဲသောလောက ပစ္စည်းဥစ္စာများနှင့်မိတ်ဆွေဖွဲ့ကြပြီး ထိုအရာများကုန်ဆုံး သွားသော အခါ သင့်ကိုကောင်းကင်နိုင်ငံတော်မှကြိုဆိုစေဖို့၊ သခင်ခရစ်တော်၏ဖိတ်ခေါ်နေမှုကို ရဟန်းမင်းကြီးက ဆက်လက်ထောက်ရှုရှင်းပြခဲ့ပါသည်။

ဤလောကစည်းစိမ်ဥစ္စာတို့သည်တည်မြဲခြင်းမရှိ မရိုးသားသောဘဏ္ဍာဆိုးက မရိုးမသားလုပ်ထားသော သူ့၏စာရင်းများအစစ်ခံရသောနေ့ သူအလုပ်ပြုတ် သောနေ့ထိတိုင်အောင် သူ့ကိုယ်ကျိုးအတွက် ကို သာရှာဖွေခဲ့တယ် ။

အဲဒီအချိန်ရောက်မှသူ့အနာဂတ်ဘဝ ကို မည်သို့လုံခြုံစိတ်ချရအောင်တည်ဆောက် ရမည်ဆိုတာကို စဉ်း စားခဲ့တယ်။ လောကပစ္စည်းဥစ္စာတွေဟာမတည်မြဲဘူး ပစ္စည်းဥစ္စာစုဆောင်းခြင်းဟာအမြင့်ဆုံးတန်ဖိုး မဟုတ်ဘူး ဆိုတာကိုသူသဘောပေါက်လာခဲ့တယ်။

သူ့သခင်အပေါ်ကြွေးတင်နေသူများ၏ အကြွေးစရင်းများကိုလျှော့ချခြင်းအားဖြင့် သူဒုက္ခရောက် ချိန် တွင် သူ့ကိုကူညီမည့်မိတ်ဆွေများရရှိရန်ကြိုးစားခဲ့တယ်။ မတည်မြဲသော လောကပစ္စည်းဥစ္စာများကို အသုံးချခြင်းအားဖြင့် တည်မြဲသောထာဝရအသက်ကိုရဖို့ကြိုးစားရမယ်။

တစ်ဦးနှင့်တစ်ဦးမိတ်ဆွေဖြစ်ရခြင်း။ ဘုရားရှင်နှင့်မိတ်ဆွေဖြစ်ရခြင်းသည် စစ်မှန်သောကြွယ် ဝမှုဖြစ် သည်။ မရိုးသားသော အစေခံကျွန်တောင် သူ့အတွက်ကူညီဖို့မိတ်ဆွေရအောင်ရှာနိုင်ခဲ့လျှင် ကျွန်ုပ်တို့ သည်လည်း ကျွန်ုပ်တို့၏အသက်တာကိုတန်ဖိုးအကြီးဆုံးအရာဖြစ်ရှုမြင်ပြီး ဤလောကပိုင်ဆိုင်ရာ များ ကိုအသုံးပြုကာ မိမိညီအစ်ကိုမောင်နှမများနှင့်မိတ်ဆွေဖြစ်ခြင်း၊ ဘုရားရှင်နဲ့မိတ်ဆွေဖြစ်ခြင်းကိုရ အောင် ပြုလုပ်နိုင်ရမယ်။

ရဟန်းမင်းကြီးက နိဂုံးချုပ်အနေဖြင့် ဒီမရိုးသားသောဘဏ္ဍာစိုးရိမ် ပုံဥပမာက ကျွန်ုပ်တို့ရရှိထားသော ဥစ္စာပစ္စည်းများကိုမည်သို့စီမံခန့်ခွဲနေသည်ကို ဆန်းစစ်ရန်ဖိတ်ခေါ်နေတယ်။

တစ်ကိုယ်ကောင်းဆန်သောလမ်းစဉ်ကိုလိုက်နေသလား၊ ကိုယ့်ကိုယ်ကိုအတွက်ပဲစဉ်းစားနေသလား သို့မဟုတ် ဒီအရာအားလုံးဟာဘုရားသခင်ထံမှရသော ကျေးဇူးတော်များဖြစ်တယ်ဆို တာသတိရပါ သလား။ ဒီအရာများကိုအသုံးပြုခြင်းအားဖြင့် ပိုမိုတရားမျှတပြီး၊ ကျိုးကြောင်းဆီလျော်သောကမ္ဘာ ကြီး ကိုဖန်တီးရန်အသုံးပြုနေသလားဆိုတာ စမ်းစစ်ဖို့ ဖိတ်ခေါ်နေတယ်။

ဘုရားရှင်သွန်းလောင်းချပေးထားသောကျေးဇူးတော်များကို တရားမျှတခြင်းနှင့်တာဝန် သိတတ်ခြင်း တို့မှာ စီမံခန့်ခွဲတတ်သော သစ္စာရှိသောဘဏ္ဍာစိုးများဖြစ်ရန် အမိမယ်တော်၏ကြားဝင်ဆုတောင်း ပေးမှု ရရှိရန် အမိမယ်တော်ထံ ဆုတောင်းကြဖို့ တိုက်တွန်းရင်းအဆုံးသတ်ထားပါသည်။။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *