
ဘုရားသခင်ဖန်ဆင်းပေးထားသော သစ်ပင်များကို မြတ်နိုးပါ
“အားလုံးပဲ မင်္ဂလာပါ။
ဒီတစ်ပတ် ‘ထိန်းသိမ်းကြစေ သဘာဝအမွေ’ အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ ‘ဘုရားသခင်ဖန်ဆင်းပေးထားသော သစ်ပင်များကို မြတ်နိုးပါ’ ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။
မိတ်ဆွေတို့၊ သစ်ပင်များနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့ လူသားတွေအတွက် ဆက်စပ်အကျိုးပြုနေတာကို ကျွန်ုပ်တို့ လူသားတိုင်း သိနေပြီးသားဖြစ်မှာပါ။ သစ်ပင်ဆိုတာ ကျွန်ုပ်တို့ကို စားစရာတွေပေးတယ်၊ နေစရာတွေပေးတယ်၊ သစ်သားတွေပေးတယ်ဆိုတာကတော့ လူတိုင်းသိတဲ့အချက်တွေပဲဖြစ်ပါတယ်။ နောက်ထပ် အသိတစ်ခုပေးရမယ်ဆိုရင် ဒီသစ်ပင်များဟာ ကျွန်ုပ်တို့အတွက် အဆိပ်အတောက်ဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေကို စုပ်ယူပြီး အစာချက်လုပ်တဲ့နေရာမှာ အသုံးပြုပြီး ကျွန်ုပ်တို့ ရှူသွင်းနေတဲ့ အောက်စီဂျင်ကို ထုတ်လုပ်ပေးပါတယ်။ ထိုအချက်က သစ်ပင်ဆိုတဲ့အရာဟာ ကျွန်ုပ်တို့ ကမ္ဘာကြီးကို ဘယ်လောက်ထိ အကျိုးပြုလဲဆိုတာကို ပြသနေပါတယ်။
ဒါပေမဲ့ တစ်ဖက်မှာတော့ ဘုရားသခင်ဖန်ဆင်းပေးထားတာကို ကျွန်တော်တို့ လူသားတွေဟာ မတင်းတိမ်နိုင်ပဲ ထိုသစ်ပင်များကို မဆင်မခြင် ခုတ်လှဲနေတာတွေ ရှိနေပါတယ်။ ဒီဗီဒီယိုထဲမှာ ကျွန်ုပ်တို့ လူသားတွေ ဘာကြောင့် သစ်ပင်တွေကို မဆင်မခြင် ခုတ်ပြီး သုံးစွဲနေရတယ်ဆိုတဲ့အကြောင်း၊ဘယ်လိုနည်းလမ်းနက် ထိန်းသိမ်းရမဲ့အကြောင်းကို ရှင်းပြထားပါတယ်။
တင်ဆက် – ဝီလျှံ ဇော်နိုင်ဦး
တည်းဖြတ် – စတီဗင်”

