
နှစ်သိမ့်ခံရခြင်းကျေးဇူးတော်သည် ခိုင်မာတည်ငြိမ်သောယုံကြည်ခြင်း၌သာတွေ့ရှိနိုင်သည်။

နှစ်သိမ့်ခံရခြင်းကျေးဇူးတော်ဂျူဘီလီပွဲ အကြိုမစ္ဆားတရားကို ရဟန်းမင်းကြီးကိုယ်တိုင် ဦးဆောင်ဟော ကြားခဲ့ပြီး မေစ္ဆာတရားတွင် ခရစ်တော်၌ယုံကြည်ခြင်းဆုံးရှုံးသွားသူများ၊ ဘဝမှာခက်ခဲကြမ်းတမ်းစွာ တွေ့ကြုံရင်ဆိုင်ခဲ့ရသူများအား မိမိတို့၏နာကျင်ကျေကွဲမှုများသည် အကြမ်းဖက်ခြင်းသို့ဦးတည်ခြင်း မပြုဘဲ ခွင့်လွှတ်သောချစ်ခြင်းမေတ္တာ၌သာ တည်ရှိ့ကြရန်ဖိတ်ခေါ်ခဲ့ပါသည်။။
တနင်္လာနေ့ညနေပိုင်းက စိန့်ပီတာ ဘာစီးလီကာ ကျောင်းတော်ကြီးတွင် ဘဝရဲ့ခက်ခဲကြမ်းတမ်းမှု၊ ဆင်းရဲ ဒုက္ခများ၊ ဝမ်းနည်းပူဆွေးရမှုများကိုရင်ဆိုင်ဖြတ်သန်းနေရသူများအတွက် ရည်ရွယ်ပူဇော်ပြီး ကျင်းပခဲ့ သောသန့်ရှင်းသောနှစ်၏ ထူးခြားသော ထိုတရားတော်မြတ်တွင် ဘုရားဖူးသူတော်စင် ၉၀၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။
ထိုတရားတော်မြတ်အတွင်းတွင် ချစ်ခင်မြတ်နိုးရသူ ဆုံးရှုံးခဲ့ခြင်းကြောင့် ယုံကြည်ခြင်းပျက်ရလောက် အောင် စိတ်ဒဏ်ရာရခဲ့ရသည့် အမျိုးသမီးနှစ်ဦး၏ ဝန်ခံချက်ကိုလည်းထည့်သွင်းဖော်ပြထားပါသည်။
Diane Foley အမည်ရှိအမျိုးသမီးတစ်ဦးသည် သူမ၏သား အမေရိကန် နိုင်ငံသာား သတင်း ထောက်တစ် ဦးဖြစ်သူ James Foley ကို ၂၀၁၄ က ဘာသာရေးအစွန်းရောက်အဖွဲ့တစ်ဖွဲ့၏ သတ်ဖြတ်ခြင်းခံခဲ့ရမှု နှင့် ပတ် သက်ပြီး သူမ၏ယုံကြည်ခြင်းနှင့် သတ်ဖြတ်သူများကိုပြန်လည်ကြေအေးခွင့်လွှတ်နိုင် ခဲ့ခြင်း အ ကြောင်း ကိုဝေမျှခဲ့ပါသည်။
Lucia Di Mauro Montanino အမည်ရှိအမျိုးသမီးတစ်ဦးမှလည်း အီတလီနိုင်ငံ နေပယ်မြို့တွင် လုံခြုံရေး လုပ်သားဖြင့်အလုပ်လုပ်နေသူ သူမ၏အမျိုးသားအား လူငယ်တစ်စုမှသတ်ဖြတ်ခဲ့ခြင်းကြောင့် သူမနှင့် သူမ၏သမီးတို့ ခံစားခဲ့ကြရသည့်ဒုက္ခဝေဒနာများအ ကြောင်း ကိုလည်းဝေမျှခဲ့ပါသည်။
ဆက်လက်ပြီးရဟန်းမင်းကြီးက နေ့စဉ်ရက်ဆက်လူတို့၏ ဆုံးရှုံးမှုဒုက္ခဝေဒနာများ၊ စစ်ပွဲများ၏ကြား တွင်ဒုက္ခခံနေကြရသူများသည် နှစ်သိမ့်အားပေးကူညီမှုကိုလိုအပ်နေကြောင်း ပြင်ပအမြင်အားဖြင့် အမိုက်အမှောင်ကျဆုံးအချိန်တွင် ဘုရားသခင်သည်ကျွန်ုပ်တို့ကိုဘယ်သောအခါမှ စွန့်ပစ်တော်မမူ ကြောင်း၊ ဒီအချိန်သည် ကျွန်ုပ်တို့ကိုဘယ်သောအခါမှစွန့်ပစ်တော်မမူသော ကယ်တင်ရှင်နဲ့နီးကပ်စွာ ကျွန်ုပ်တို့၏ မျှော်လင့်ခြင်းကိုထားရှိကြရန် ဖိတ်ခေါ်နေသောအချိန်ဖြစ်ကြောင်း၊ ဒုက္ခရောက်နေသော လူတစ်ယောက်သည် နှစ်သိမ့်ပေးမယ့်သူကိုရှာဖွေနေသော်လည်း တစ်ယောက်မှမတွေ့ရှိခဲ့ပါ။
လောကမှာဒီလိုဖြစ်ပျက်နေတယ် ဒါကြောင့်တဦးကိုတစ်ဦး နှစ်သိမ့်မှုပေးကြဖို့မရှက်ကြောက်ကြပါနဲ့ တစ်ပါးသူကိုနှစ်သိမ့်ပေးဖို့ရှက်ကျောက်ခြင်းသည် ကျွန်ုပ်တို့၏အားနည်းချက်နှင့် တိတ်ဆိတ်စွာ ငိုကြွေး နေသူတို့၏အပေါ်မှာစမ်းသပ်ခြင်းခံနေရတယ်။
ဒီအချိန်သည်ယုံကြည်သူခရစ်ယာန်များအတွက် ကိုယ့်ရဲ့ယုံကြည်ခြင်းကို တစ်ပါးသူကိုနှစ်သိမ့်အားပေး ခြင်းမှာဆန်းစစ်ရမည့်အချိန်ပါ။
မကောင်းမှုအခက်အခဲတွေရှိနေတဲ့အချိန် ဒီအခက်အခဲကိုကျော်လွှားနိုင်ဖို့ အချိန်ဆွဲခြင်းမပြုဘဲ နှစ်သိမ့် အားပေးမှုကိုရှာဖွေကြရမယ်။
Diane Foley နဲ့ Lucia Di Mauro Montanino တို့ရဲ့ အတွေ့အကြုံတွေက နာကျင်ကျေကွဲမှုတွေက ခက် ထန်ကြမ်းတမ်းမှုတွေကိုမဖြစ်ပေါ်စေဘဲ မေတ္တာတရားက အမုန်းတရားကိုကျော်လွှားနိုင်ခဲ့တယ် ဆို တာဖော်ပြနေခြင်းပါပဲ။
ခွင့်လွှတ်ခြင်းတရားဆိုတာ ကောင်းကင်နိုင်ငံတော်ကို ဒီကမ္ဘာမှာမြည်းစမ်းခွင့်ပေးသောအရာ၊ နတ်ဆိုးရဲ့ ချည်နှောင်မှုကိုဖြိုဖျက်ပြီး၊ ဘုရားရှင်၏သနားကြင်နာမှု အပေါ်မှာ တရားမျှတမှုကိုတည်ဆောက်ခြင်း ဖြစ်တယ်။
မကောင်းမှုများ မာနတွေ လွမ်းမိုးနေသောဒီလောကကြီးမှာ နာကျင်ကြေကွဲနေသူတွေ ဝမ်းနည်းနေရသူ တွေအတွက် ငြိမ်းချမ်းခြင်းကိုတည်ဆောက်ပြီး နှစ်သိမ့်ပေးသူများဖြစ်ဖို့ ဘုရားသခင်ဟာ ကျွန်ုပ်တို၏ နှလုံးသားများ ကျွန်ုပ်တို့၏လက်များကို အလင်းပေး၊ အသုံးချသူဖြစ်ပါစေ။
ဘာသာပြန်-Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

