
ဘဝစာမေးပွဲ
ကျွန်မတို့ဟာ ဘဝမှာရှင်သန်ကြရင်း “လောကဓံ” တို့ခေါ်တဲ့ ဘဝစာမေးပွဲတွေကို ဖြေဆိုကြရပါတယ်။
တချို့သောသူတွေဟာ ဘဝစာမေးပွဲတွေအောင်ကြပေမယ့် တချို့သောသူတွေကတော့ ထပ်ခါတလဲလဲ ဖြေဆိုနေရပါတယ်။
တချို့သောသူတွေဟာ ထပ်တူတူညီတဲ့ လောကဓံတွေကို ခဏခဏ ကြုံတွေ့နေရတယ်လို့ ပြောကြပါတယ်။
- ပိုက်ဆံ ခဏခဏ အလိမ်ခံနေရတာ…
• ထားလိုက်တဲ့ ရည်းစားတွေအကုန်လုံးဟာ သစ္စာဖောက်သွားကြတာ…
• ငွေကြေးအဆင်မပြေတာ…
• ဘဝမှာအမြဲတမ်း တစ်ခုမဟုတ်တစ်ခု အဆင်မပြေဖြစ်နေတာ…
စသည်ဖြင့် ထပ်တူညီတဲ့ လောကဓံတွေကို ခဏခဏ ကြုံတွေ့နေရပါတယ်။
ဒါဆိုရင်တော့ Karmic pattern တစ်ခုထဲမှာ ပိတ်မိနေတာလို့ ဆိုကြပါတယ်။
ကျွန်တော်တို့အားလုံးဟာ Karmic pattern တစ်ခုထဲမှာပဲ ပိတ်မိနေပြီး ထပ်ခါတလဲလဲ စာမေးပွဲတွေ ဖြေဆိုနေရတာက victim role (ခံရသူအဖြစ်) ထဲမှာ အမြဲနေနေဖြစ်ပါတယ်။
ကျွန်မဟာ ဘဝမှာ ခဏခဏ နောက်ကျောကို ထိုးခံခဲ့ဖူးပါတယ်။
အရင်တုန်းကဆိုရင် ကျွန်မ နောက်ကျောကို ဓားနဲ့ထိုးခံရတိုင်း…
“ငါပဲ ခံနေရတာ…
လုပ်ရက်လိုက်ကြတာ…
ရက်စပ်လိုက်ကြတာ…” စတဲ့ ခံရသူအဖြစ်တွေးနေခဲ့ပါတယ်။
ဒီလိုတွေးနေတဲ့အတွက် နောက်ကျောကို ဓားနဲ့ထိုးခံရတာ ခဏခဏ ဖြစ်လာပါတယ်။
နောက်ဆုံးတစ်ခေါက်မှာတော့ ကျွန်မ အတွေးတွေ ပြောင်းလိုက်ပါတယ်။
ခံရသူနေရာ (victim role) ထက်
ဖန်တီးသူနေရာ (creator role) ကို ပြောင်းလိုက်ပါတယ်။
“ငါပဲ ခံနေရတယ်” လို့တွေးတာထက်
“ငါဘာကြောင့် ဒီလိုခဏခဏ ကြုံနေရတာလဲ” ဆိုတဲ့အဖြေကို ရှာတတ်လာပါတယ်။
ဒီအချိန်ဟာ ဘဝစာမေးပွဲအောင်တဲ့အချိန်လို့ ဆိုလို့ရပါတယ်။
လူတွေမှာ လောကဓံတွေ လာတတ်တာက သင်ခန်းစာယူစေချင်လို့ပါ။
ပေးချင်တဲ့ သင်ခန်းစာကို မယူပဲ
“ငါပဲ ခံနေရတယ်” ဆိုတဲ့ အတွေးနဲ့နေတဲ့အခါ
ထပ်တူညီတဲ့ မေးခွန်းတွေ ခဏခဏ ဘဝထဲကို ပြန်လာတာ ဖြစ်ပါတယ်။
ကျွန်မမှာ အသိတစ်ယောက်ရှိပါတယ်။
သူက ငွေ ခဏခဏ အလိမ်ခံရတယ်။
အလိမ်ခံတိုင်းရင်လာဖွင့်ပါတယ်။
သူအမြဲပြောနေတဲ့စကားက…
“ငါငွေစုနေတာ အလိမ်ခံရဖို့လား မသိဘူး” လို့။
နောက်ဆုံးတစ်ခေါက် ရင်လာဖွင့်တော့
ကျွန်မက သူ့ကိုပြောလိုက်ပါတယ်…
“အမရေ…
ဘဝမှာ ထပ်တူညီတဲ့ လောကဓံတွေ လာတဲ့အခါ
‘ငါမှဖြစ်ရလေခြင်း’ ဆိုတာထက်
‘ငါ့ကို ဘာသင်ယူစေချင်တာလဲ’ ဆိုတာကိုတွေးကြည့်ပါ” လို့။
နောက်တော့ သူစာလာပို့တယ်…
“ငွေအလိမ် မခံရတော့ဘူးတဲ့…”
သင်ယူလိုက်တဲ့ သင်ခန်းစာက…
• လူတွေကို အယုံမလွယ်ဖို့
• လူတိုင်းဟာ ကိုယ့်လိုမဟုတ်နိုင်ဘူးဆိုတာနဲ့
• ကိုယ်ရှာထားတဲ့ ငွေကြေးကို တန်ဖိုးထားဖို့…
ဒါကို Soulful Solution လို့ခေါ်ပါတယ်။
လောကဓံထဲက အဖြေထုတ်ခြင်းပေါ့။
အသိအမက အဲ့လို ဖြေပြီးတဲ့နောက်မှာ
အခုအထိ ငွေအလိမ် မခံရတော့တာပါပဲ။
ဘဝမှာ လောကဓံတွေနဲ့ ကြုံရတာဟာ
သင်ခန်းစာယူစေချင်လို့ပါ။
ကြုံတွေ့လာတဲ့ သင်ခန်းစာတွေကို ဖြေထုတ်ပြီးမိမိဘဝထဲမှာ ပြန်အသုံးချနိုင်သွားပြီဆိုရင် ဘဝစာမေးပွဲတွေလည်း အောင်မြင်သွားတာပါပဲ။
တကယ်တော့ ဘဝမှာ ကြုံတွေ့ရတဲ့ လောကဓံတိုင်းဟာ
ပိုကောင်းတဲ့ ကျွန်တော်တို့ ဖြစ်လာစေချင်လို့ပါ။
ဘာတွေပဲ ကြုံနေရပါစေ…
Victim role က မနေနဲ့
Creator role ကနေ အဖြေရှာပါ…
အဖြေထုတ်ပါ…
ဘဝထဲမှာ ပြန်အသုံးချပါ…
ဒီအခါ ဘဝစာမေးပွဲတွေဆိုတာ
ဂုဏ်ထူးတွေနဲ့ အောင်မြင်စမြဲပါ။

