
ဘုရားရှင်၏ ကြီးမားသောမေတ္တာတရားသည်လက်ဝါးကား တိုင်ကိုအသက်၏နည်းလမ်းများ အဖြစ် ပြောင်းလဲပေသည်။

အပတ်စဉ်တနင်္ဂနွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနဲ့နေခင်းမေတ္တာရွတ်ဆိုခြင်းမှာ ပုပ်ရဟန်းမင်းကြီးလီယို ၁၄ က ဒီတပတ်တနင်္ဂနွေနေ့မှာကျရောက်သော ခရစ္စတူးကာတိုင်၏ ပွဲတော်ကိုအခြေခံပြီး ဘုရားရှင်၏ ကြီးမားသော မေတ္တာတရားသည် သေခြင်းတရား၏ အမှတ်လက္ခဏာဖြစ်သည့် လက်ဝါးကားတိုင်ကို အသက်ရှင်ခြင်းနည်းလမ်းများအဖြစ် ပြောင်းလဲပေးကြောင်း ဘုရားဖူးသူတော်စင်များအား ဝေမျှခဲ့ပါ သည်။
ရဟန်းမင်းကြီးက သူ၏ထောက်ရှုချက်ဝေမျှခြင်းအား မေးခွန်းတစ်ခုဖြင့်စတင်ခဲ့ပါသည်။
သ
န့်ရှင်းသော ခရစ္စတူးကာတိုင်၏ ပွဲတော်နေ့ကို ကျင်းပခြင်းဆိုတာ ယနေ့ခေတ်ကျွန်ုပ်တို့အတွက် ဘာ ကိုဆိုလိုတာလဲ။ ဒီမေးခွန်းကိုဖြေရမယ်ဆိုရင် ဒီကနေ့ဖတ်ရှုခဲ့တဲ့ကျမ်းစာရဲ့ အစမှာ သခင်ခရစ်တော် ရဲ့နီကေားဒီမူစ် နဲ့ တွေ့ဆုံခဲ့တဲ့အကြောင်း၊ သူဟာဘုရားကိုရှာဖွေနေခဲ့တယ် ဒါကြောင့်သူ့ကိုအလင်းပြ ပေးမယ့်သူ၊ လမ်းညွှန်ပေးမယ့်သူလိုအပ်နေခဲ့တယ် ဒါကြောင့်သူ ရှာဖွေနေတဲ့ဘုရားရှင်ကိုသိရဖို့ နာဇရက်မြို့က (သခင်ခရစ်တော်) ဆရာသခင်ဆီမှာအကူအညီတောင်းခဲ့တယ်။
အပြန်လှန်အနေနဲ့ သခင်ခရစ်တော်က နီကေားဒီမူစ်ကို ကြိုဆိုလက်ခံတယ် သူ့ကိုနားထောင်ခဲ့တယ် နောက်ဆုံးမှာတော့ လူသားသည်မြှောက်ထားခြင်းခံရမည့်အကြောင်း၊ ဤသို့ဖြင့်သူ၌ယုံကြည်သောသူ ဟူသမျှသည်ထာဝရအသက်ကိုရလိမ့်မည်ဆိုသည့်အကြောင်းကို သူ့ကိုဖော်ပြခဲ့တယ်။
အဲဒီအချိန်တုန်းက နီကေားဒီမူစ် ဟာ ဒီအကြောင်းအရာကိုအပြည့်အဝနားမလည်ခဲ့ဘူး၊ သခင်ခရစ်တော် ကားတိုက်တင်အသတ်ခံရချိန်မှာတော့ သူဒီအဓိပ္ပာယ်ကိုနားလည်ခဲ့လိမ့်မယ်။ ဘုရားရှင်သည် လူသားတို့ အားကယ်တင်ရန်အတွက် လူ့အဖြစ်ကိုယူတော်မူ၍ ကားတိုင်ပေါ်မှာအသေခံခဲ့တဲ့အကြောင်း ကို သူ အပြည့်အဝနားလည်ပါလိမ့်မယ်။
ဆက်လက်ပြီးပုပ်ရမင်းကြီးက သခင်ခရစ်တော်နဲ့ နီကေားဒီမူစ် တို့ စကားပြောနေတဲ့အထဲမှာ သခင်ခရစ် တော်က ကြေးမြွေရုပ်အကြောင်းကိုပြောခဲ့တယ်။ တောကန္တာရထဲမှာ ဘုရားသခင်ကိုဆန့်ကျင်ခဲ့တဲ့ အီစရာအဲလ်လူမျိုးတွေ မြွေကိုက်ခံရခြင်းမှ ကယ်တင်ပေးဖို့ရန်အတွက် ဘုရားသခင်က မိုးဇယ်ကို ကြေး မြွေရုပ်ကိုထုလုပ်စေပြီး တိုင်းပေါ်မှာချိတ်ဆွဲထားစေခဲ့တဲ့ အကြောင်း ဒါကဘာကိုဆိုလိုသလဲ
ဘုရားရှင်ကသူ့ကိုယ်သူ့ ကိုတော်မြတ် စက္ကရမင်းတူး မှာ ချိုးဖဲ့ခံရတော်မူသောမုန့်အဖြစ်၊ ယုံကြည် သူနောက်လိုက်ခရစ်ယာန်များအတွက် ဘုရားရှင်သည် မိတ်ဆွေတစ်ယောက်အဖြစ်၊ ဆရာဝန်တစ် ယောက်အဖြစ်၊ သင်ကြားပြသပေးသောဆရာတစ်ဦးအဖြစ်၊ ကျွန်ုပ်တို့နှင့်အနီးကပ်ရှိနေပေသော အပေါင်းဖော်အဖြစ် ဖော်ပြခြင်းအားဖြင့်ကျွန်ုပ်တို့ကိုကယ်တင်ခဲ့တယ်။ ဘုရားရှင်စီမံကိန်း တော်ကို ပြီးမြောက်ပြည့်စုံဖို့ရန်အတွက် လူတို့တည်ထွင်ခဲ့တဲ့ (ကားတိုင်တင်သပ်ခြင်းသည်) အဆိုးဝါးဆုံးအရက် စက်ဆုံး အသတ်ခံခြင်းအားဖြင့် ပြီးပြည့်စုံ စေခဲ့တယ်။
ဒါကြောင့်လည်းဒီကနေ့ ဘုရားရှင်၏ချစ်ခြင်းမေတ္တာသည်၊ ကျွန်ုပ်တို့ကျူးလွန်ခဲ့သော အဖြစ်များထက် ပို၍ကြီးမားကြောင်း ၊ ကျွန်ုပ်တို့ကိုမည်သည့်အရာကမှ ဘုရားရှင်နဲ့ခွဲခွာ၍မရကြောင်း သင်ပြပေးနေ သည့် ယင်း ဘုရားရှင်၏ ကြီးမားသောမေတ္တာတရားသည် သေခြင်းတရား၏ အမှတ်လက္ခဏာဖြစ်သည့် လက်ဝါးကားတိုင်ကို အသက်ရှင်ခြင်းနည်းလမ်းများအဖြစ် ပြောင်းလဲပေးခဲ့တယ်။
သေခြင်းတရား၏ကားတိုင်ကိုခံယူပွေ့ဖက်ခြင်းအားဖြင့် ဘုရားရှင်သည်ကျွန်ုပ်တို့၏ ကယ်တင်ခြင်း အတွက်ပေးခဲ့သော ဒီ ခရစ္စတူး ကားတိုင်ပွဲ တော်ကို ဒီကနေ့ကျွန်ုပ်တို့ကျင်းပကြခြင်းဖြစ်တယ်။
နိဂုံးချုပ်အနေနှင့် ရဟန်းမင်းကြီးက ဘုရားရှင်သည်သူ၏ဘဝတစ်ခုလုံးကို ကျွန်ုပ်တို့အတွက်ပေးအပ်ခဲ့ သလို၊ ကျွန်ုပ်တို့သည်လည်းတစ်ခြားသူများအတွက် မိမိဘဝကိုအပြည့်အဝပေးဆပ်နိုင်သူများဖြစ်ရန်၊ ကယ်တင်ခြင်းမေတ္တာတရားသည် ကျွန်ုပ်တို့၏ဘဝထဲ၌အမြစ်တွယ်ကြီးထွားရန် အမိမယ်တော်၏ ကြား ဝင်ဆုတောင်းပေးခြင်းကိုတောင်းခံကြဖို့ ဖိတ်ခေါ်တိုက်တွန်းရင်း အဆုံးသတ်ထားပါသည်။။
ဘာသာပြန်-Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

