
ဆရာတော်များသည် သခင်ခရစ်တော်၏ ဆုတောင်းခြင်းနှင့်နိမ့်ချခြင်းအမှုတို့ကို ဖော်ဆောင်သူ များ ဖြစ်ရမည်။

ယခုတစ်ပတ်တွင်ရောမမြို့၌သင်တန်းတက်ရောက်နေကြသော ယခင်နှစ်က ဆရာတော်သိက္ခာခံယူ ခဲ့ကြသည့် ဆရာတော်များအားဖိတ်ကြားတွေ့ဆုံချိန်တွင် ရဟန်းမင်းကြီးလီယို ၁၄ က ဆရာတော် ကြီးများအား သာသနာတော်သည်သင်တို့အား သင်တို့၏သိုးစုများကိုစောင့်ရှောက်ရန် ခန့်အပ်သည့် အချိန်မှစ၍ မိမိသိုးစု၊ ခရီးပြု နေသော ယုံကြည်ခြင်းခရီးမှာ အသိသတိရှိသောသိုးထိန်းများကဲ့သို့ ဘာ သာဝင်တို့၏ယုံကြည်ခြင်းကိုအ စေခံကြဖို့ မိန့်ကြားခဲ့ပါသည်။
ရိုးရှင်းသောအရာလေးတစ်ခုကို သင်တို့ကိုကျွန်ုပ်ပြန်ပြီးအမှတ်ရစေချင်တယ် သင်တို့ဟာ ယုံကြည် ခြင်း၏အ အစေခံများဖြစ်ဖို့ ခေါ်တော်မူခြင်းခံရသူ တွေ၊ ရွေးချယ်ခြင်းခံရသူနှင့်စေလွှတ်ခြင်း ခံရသူ တွေဖြစ်တယ်။ သင်တို့ရရှိသောကျေးဇူးတော်ဟာသင်တို့အတွက်မဟုတ်၊ ဧဝံဂေလိနှုတ်ကပါဌ်တော်ကို အစေခံဖို့ဖြစ်တယ်၊ ဒီရာအပေါ်မှာအခွင့်ရေးမယူမိဖို့သတိပြုပါ။
ဆက်လက်ပြီး ရဟန်းမင်းကြီးလီယို က ဆရာတော်များကိုအပ်နှင်းထားသော အစေခံခြင်းလုပ်ငန်းစဉ်သည် သူတို့၏ဘဝနှင့်တစ်ထပ်ထဲကြဖို့ ဦးတည်ပြောကြားခဲ့ပါသည်။
အစေခံခြင်းဆိုတာ ပြင်ပလက္ခဏာသက်သက်မဟုတ်သလို ပုံစံသွင်းထားသောလုပ်ရပ် တွေလည်း မဟုတ်ပါ၊ ဒီအစေခံခြင်းက သခင်ခရစ်တော်ရဲ့ရွေးချယ်ခြင်း၊ နိမ့်ကျသောလူအဖြစ်ကိုယူပြီး လူတွေကိုဘုရားရဲ့မိတ်ဆွေ၊ သားသမီး၊ သူ၏ညီအစ်ကိုမောင်နှမများအဖြစ်ကို မြှင့်တင်ပေးသော၊ ချစ်ခြင်းမေတ္တာကမွေးဖွားလာသည့် အစေခံရန်အဆင်သင့်ဖြစ်သောစိတ်၊ ချိုးနှိမ်ထားသောစိတ်၊ အတွင်းစိတ် လွတ်လပ်မှု ဒါတွေကိုခေါ်ဆိုခြင်းဖြစ်တယ်။
ဘုရားကကျွန်တော်တို့ဆီကို အာဏာပါဝါတွေနဲ့လာတာမဟုတ် အဖခမည်းတော်၏မေတ္တာ၌ သာလာခြင်းဖြစ်တယ်။၊ ကျွန်ုပ်တို့လူသားတွေကိုသူနှင့်တစ်လုံးတစ်ဝတည်းပေါင်းစပ်စေဖို့ ဘုရားကခေါ်ခြင်း ဖြစ်တယ်။
ကြီးမြတ်သောနေရာကိုရှာသော နောက်လိုက်တပည့်တော်ကြီးတွေကို သခင်ခရစ်တော်သတိပေးခဲ့သလို အခြားသူများကိုဦးဆောင်သောဆရာတော်များသည် မိမိကိုယ်မိမိ သူတို့၏အစေခံဆိုတာကို သိ ရမည်ဟု St. Augustine ပြောခဲတယ်။
ဒါကြောင့်ကျွန်ုပ်လည်းသင်တို့ကို ဆုတောင်းခြင်းနှင့်နှိမ့်ချခြင်းမှာ သတိရှိကြဖို့အမြဲပြောဆိုပါတယ် သို့မှသာလျှင် သင်တို့ကိုသင်တို့ ဘုရားသခင်စေလွှတ်တော်မူသောလူတို့၏ အစေခံများပြုလုပ်ကြရ မည်။
ဆရာတော်များ မိမိသိုးစုနှင့်နီးကပ်စွာနေကြဖို့ ၊ ထိုသို့နီးကပ်စွာနေခြင်းသည် ဘုရားရှင်သည်သူ၏ သားသမီးများကိုဂရုစိုက်မှုကို ဖော်ပြကြကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ် ပြောကြားခဲ့သည့် စကားကို အမှတ်ရကြဖို့။
အားလုံးကိုအစေခံသောဆရာတော်များသည် သခင်ခရစ်တော်၏အစေခံခြင်းနှင့် သခင်ခရစ်တော်၏ ပုံရိပ်ကို မိမိတို့၏သာသနာလုပ်ငန်းစဉ်မှာ ထင်ဟပ်စေကြဖို့ သတိရှိရန်လိုအပ်ကြောင်း၊ သာသနာ တော်ကိုစီမံအုပ်ချုပ်ခြင်း၊ သတင်းကောင်းဝေမျှခြင်းနှင့်၊ သိုးစုများကိုဂရုစိုက်ခြင်းနည်းလမ်းများသည် သခင်ခရစ်တော်၏အစေးခံခြင်းအမှုကို ဆရာတော်ကြီးများ၏သာသနာ့ အမှုတော်ဆောင် ခြင်း၌ထင် ဟပ်စေရမည် ဟုမှတ်ချက်ပြုထားပါသည်။
ယုံကြည်ခြင်းဝေမျှဖို့ခက်ခဲတဲ့အချိန်၊ ယုံကြည်မှုတွေယိုင်နဲ့လာခြင်းနှင့်အတူ သာသနာတော်အတွင်း အလေ့အထများ၊ ပိုင်ဆိုင်မှုတွေ ဒီအခက်အခဲတွေအားလုံးဟာ ဧဝံဂေလိနှုတ်ကပါဌ်တော်ကို အသစ်တစ်ဖန်ကြေညာကြဖို့ ဇွဲလုံးလနဲ့ စိတ်အားထက်သန်မှုကိုရှာဖွေဖို့ဖိတ်ခေါ်နေခြင်းဖြစ်တယ်။
ဆရာတော်များအနေနှင့် ဒီကမ္ဘာကြီးပေါ်မှာ စည်းလုံးခြင်းနဲ့ ညီရင်းအစ်ကိုပမာနေထိုင်လိုသောစိတ် ဆန္ဒ၊ မတူညီသောလူမျိုးများကြားစိန်ခေါ်မှုများ၊ ဆင်းရဲမွဲတေခြင်း၏ဒုက္ခများ၊ အကြမ်းဖက်မှုများ၊ စစ်ပွဲများ၊ ပေါင်းသင်းဆက်ဆံရေးနှင့် ယဉ်ကျေးမှုတို့၏စိန်ခေါ်မှုများကိုမမေ့မလျော့ဘဲ သာသနာ တော်၏တံခါးကို လာခေါက်သည့် အားကိုးလိုသူများကိုလက်ခံကြိုဆိုကြဖို့။
ယုံကြည်သူဘာသာဝင်ညီအစ်ကိုမောင်နှမများ၊ ညီအစ်ကိုရဟန်းတော်များ၊ ကိုရင်သီလရှင်များကို လမ်းပြလိုသောတိုးထိန်းကောင်းများဖြစ်ဖို့၊ ယုံကြည်သူတို့၏မျှော်လင့်ချက်များ၊ စိုးရိမ်ပူပန်မှု့များ၊ မေးခွန်းများ၊ဘဝခရီးလမ်းများကို မည်သို့ဦးဆောင်ရမည်ဆိုတာကိုသိသော သတိရှိသောသိုးထိန်း ကောင်းများဖြစ်ခြင်းအားဖြင့် မိမိတို့၏သိုးစုများကိုကြည့်ရှုစောင့်ရှောက်ရန် သာသနာတော်က သင်တို့ ကိုစေလွှတ်ခြင်းဖြစ်တယ်။
သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏အတောင်တော်နှင့်အတူ၊ သိက္ခာတင်စဉ်ကရရှိခဲ့သော ပျော်ရွှင်မှုများကို သင်တို့အစေခံကြမည့် သူများအပေါ်သို့ပျံ့နှံ့ကြပါစေဟု နိဂုံးချုပ်အနေဖြင့် ရဟန်းမင်းကြီး လီယို ၁၄ က ဆရာတော်ကြီးများအတွက်ဆုတောင်းပေးခဲ့ ကြောင်း ဗာတီကန်သတင်းဌာန ကဖော် ပြထားပါတယ်။
ဘာသာပြန်-Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

