ဖာသာရ် Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၂၃)ကြိမ်မြောက်သာမန်ကာလ သောကြာနေ့ဩဝါဒ ၁၂၊ ၉၊ ၂၀၂၅

ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာခဲ့ရတယ် ရှင်လုကာ ဧဝံဂေလိကျမ်း ၆:၃၉-၄၂ မှာမျက်မမြင်တစ်ဦးသည် အခြားမျက်မမြင်တဦးကိုလမ်းပြနိုင်သလောပြီးပြည့်စုံအောင်သင်ယူပြီးသောအခါဆရာကဲ့သို့ဖြစ်လာလိမ့်မည်။ သင်၏မျက်လုံးထဲကသစ်သစ်တုံးကိုမမြင်ဘဲ၊ သင်၏ညီကိုမျက်လုံးထဲကသစ်သားစာကိုမြင်သနည်း။ သင့်မျက်လုံးထဲကသစ်တုံးကိုဦးစွာထုတ်ပစ်လိုက်မှသာလျှင်သင့်ညီအစ်ကို၏မျက်လုံးထဲကသစ်သားစာကိုထုတ်ပစ်ရန်ကောင်းမွန်စွာမြင်နိုင်ပေလိမ့်မည်။တစ်ခါတလေတချို့ကျမ်းချက်တွေကရှင်ပြဖိုလိုမယ်မထင်ဘူး ကျမ်းချက်တွေကရိုးရိုးရှင်းရှင်းလေးပဲ တချို့ကျမ်းချက်တွေကရိုးရိုးရှင်းရှင်းလေးပဲ လက်ခံမယ်ဆိုရင် ကျနော်တို့တိုက်ရိုက်နားလည်သဘောပေါက်နိုင်တယ်။ အဓိပ္ပာယ်လဲး ရှင်းလင်းတယ်၊ နားလည်ရလွယ်တယ်။ ဘာဖြစ်လို့ရှင်းပြဖို့လိုမယ်မထင်ဘူးလို့ပြောရတာလဲဆိုတော့၊ လိုက်ကျင့်ဖို့ပဲ လိုလို့ပါ။ ဓမ္မမိတ်ဆွေကျွန်တော်တို့ လူတွေကဆရာလုပ်ရတာကိုသဘောကျတယ်။ ကိုယ်ကသာပြောချင်တယ်။ ကိုသာသိတယ်၊ ကိုသာတတ်တယ်၊ ငါသိတာမှန်တယ်၊ ငါပြောတာမလွယ်ဘူးဒီလိုစိတ်နေစိတ်ထားကလူတော်တော်များများရှိနေကြတယ်။ ဒီကနေ့ထောက်ရှုရမည်အရာလေးကကိုပြောတဲ့စကား၊ ကိုသိတဲ့အရာ ဒါတွေကတကယ်မှန်ရဲ့လား။ မမှန်ရင်မျက်ကန်းနှစ်ယောက်လုံးတွင်းထဲကျသလိုဖြစ်နေမယ်။ ကိုယ်တစ်ယောက်တည်းမကျဘဲနဲ့တခြားတစ်ယောက်ပါဆွဲမခေါ်မိစေနဲ့။ပြီးပြည့်စုံအောင်သင်ယူပြီးသောအခါဆရာကဲ့သို့ဖြစ်လာလိမ့်မည်။ လောကမှာဘယ်သူမှပြီးပြည့်စုံအောင်မသင်ယူနိုင်ပါဘူး။ အသက်ရှင်နေသ၍အမှားနဲ့အမှန် ကောင်းမှုမကောင်းမှု အမြဲတွံတွဲနေတတ်တယ်။ အကြောင်းအရာတစ်ခုကိုပြီးပြည့်စုံအောင်မသိဘဲနဲ့ဆရာမလုပ်မိပါစေနဲ့။ ကိုယ့်ကိုယ်ကိုယ်တောင်ဘာဖြစ်နေမှန်းမသိဘဲနဲ့၊ တစ်ပါးသူရဲ့အပြစ်ကို မြင်အောင်မကြည့်မိပါစေနဲ့၊ ကူညီပေးချင်စိတ်သိပ်မစောပါနဲ့။ ကိုယ့်ကိုယ်ကိုယ်အရင်မြင်တတ်အောင်ကြည့်ပါ ၊ ကိုယ့်ရဲ့အားနည်းချက်အပြည့်အနာအဆာ၊ စိတ်နေစိတ်ထား၊ အတွေးအခေါ်၊ ရှုမြင်သုံးသပ်ပုံ၊ လက်ခံတပ်ပုံ၊ နားလည်တတ်ပုံ၊ မေတ္တာတရား၊ ခွင့်လွှတ်ခြင်းတရား၊ သည်းခံစိတ်၊ ရိုးသားဖြူစင်မှု၊ တရားမျှတခြင်း၊ ကိုယ်ချင်းစာတရား၊ နှိမ့်ချခြင်းတရား ဒီအရာလေးတွေနဲ့အရင် ကိုယ့်ကိုယ်ကိုယ်မြင်အောင်ကြည့်ကြည့်ပါ။ နောက်မှ တခြားသူကိုကြည့်ပါ၊ သင့်ကိုသင်းရှင်းရှင်းလင်းလင်းသင့်ကိုသင်အရင်မြင်ပါလိမ့်မယ်။ ဓမ္မမိတ်ဆွေပေါင်းကိုယ်စိတ်နှစ်ဖျာ ကျန်းမာချမ်းသာတော်မူကြပါစေ။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *