
သခင်ခရစ်တော်ဖော်ပြသော ဟစ်အော်ခြင်းဟာအားနည်းချက်ကိုဖော်ပြခြင်းမဟုတ် မျှော်လင့်ခြင်းရဲ့ လုပ်ရပ်သာဖြစ်တယ်
အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် ဘာသာတရားသင်ကြားခြင်းတွင် ရဟန်းမင်းကြီး လီယို ၁၄ က သခင်ခရစ်တော်ကားတိုင်တင်သတ်ခံရခြင်း၊ ကားတိုင်ပေါ်ကသခင်ခရစ်တော် ပြောခဲ့ သည့်စကားအကြောင်း၊ ခရစ်တော်၏လောကအသက်တာအမြင့်ဆုံးနောက်ဆုံးအချိန် နှင့် သက်တော် စွန့်တော်မူခြင်းအကြောင်းတို့ကို ဆက်လက်ထောက်ရှုသင်ကြားပေးခဲ့ပါသည်။
သခင်ခရစ်တော်သည်တိတ်တဆိတ် သေဆုံးသွားခြင်းလည်းမဟုတ်၊ လောင်မြိုက်နေ သောအလင်း ရောင်ကဲ့သို့ တဖြည်းဖြည်းပျောက်ကွယ်သွားခြင်းလည်းမဟုတ်၊ ခန္ဓာ၏တတ်နိုင်မှုအားလုံးကို အရှုံး ပေးလိုက်ခြင်းထက်၊ မိမိအသက်ကိုပါအပ်နှံပူဇော်လိုက်ခြင်းရဲ့နောက်ဆုံးသောပုံသက်သေသာဖြစ် တယ်၊ မိမိအသက်ကိုမပူဇော်ခင်မှာ မေးခွန်းတစ်ခုအားဖြင့်ပူဇော်ခဲ့တယ် “ကျွန်ုပ်၏ဘုရားကျွန်ုပ်၏ ဘုရားအပဲကြောင့်ကျွန်ုပ်ကိုစွန့်ပစ်ထားပါသနည်း”
ဖခမည်းတော်နှင့် ဘယ်သောအခါမှခွဲခွာခြင်းမရှိသောသားတော်သည် သူ့ရဲ့အနက်ရှိုင်းဆုံးသော ဒုက္ခ ကိုခံရခြင်း၊ သူ့အနီးမှာဖခမည်းတော်တောင်မရှိတော့ခြင်း၊ အားကိုးရာမဲ့ တိတ်ဆိတ် ငြိမ်သက်ခြင်း တွေကိုတွေ့ကြုံခံစားခဲ့ရတယ်။ ဒါဟာ ယုံကြည်ခြင်း၏ အမိုက်မှောင်ကျသော အခြေအနေမဟုတ်၊ နောက်ဆုံးအချိန်အထိအဆုံးတိုင်အောင်ပေးဆပ်လိုက်သော အမြင့်ဆုံးသောချစ်ခြင်းမေတ္တာ၏ ဖော်ပြ မှုသာဖြစ်တယ်ဟု ရဟန်းမင်းကြီးကရှင်းပြထားပါသည်။
ကားတိုင်ပေါ်ကသခင်ခရစ်တော်၏အော်ဟစ်သံဟာ စိတ်ပျက်အားငယ်ခြင်းက ထွက်ပေါ်လာသော အရာမဟုတ်၊ ကူကယ်ရာမဲ့ အနက်ရှိုင်းဆုံးအချိန်မှာတောင်တောင့်ခံနိုင်သောယုံကြည်မှု၊ ကန့်သတ်ခံ ရခြင်းကိုလက်ခံလိုက်သောအမှန်တရားနှင့်ဖြူစင်ရိုးသားခြင်းကထွက်ပေါ်လာသောအသံသာဖြစ်တယ်။
အမိုက်အမှောင်ကနေအသစ်သောအရာတစ်ခုထွက်ပေါ်လာခြင်း။
ဗိမာန်တော်ထဲကကန့်လန့်ကာ နှစ်ခြမ်းကွဲသွားခြင်း၊ မြေငလျင်ပြင်းထန်စွာလှုပ်ခြင်း၊ ကောင်းကင် အမှောင်ကျသွားခြင်း ဒီလက္ခဏာတွေဟာ သခင်ခရစ်တော်၏နောက်ဆုံးသောအချိန်မှာ ဘုရားရှင် ၏ဖန်ဆင်းခံအရာဝတ္ထုတွေတောင်၊ သခင်ခရစ်တော်၏ဒုက္ခမှာပါဝင်ခဲ့ကြတယ် ဆိုတာကိုဖော်ပြ နေခြင်းပါ။ သို့သော်လည်းဒီအမှောင်အကျဆုံးအချိန်က အသစ်သောအရာတစ်ခုကိုဖော်ပြနေတယ်။ “ဘုရားရှင်သည်ကန့်လန့်ကာနောက်ကွယ်၌ စံပယ်နေသောဘုရားမဟုတ် ဘုရားရှင်၏ မျက်နှာတော် သည် ကားတိုင်တင် ကွပ်မျက်ခံရသော သခင်ခရစ်တော်၌ အပြည့်အဝဖော်ပြလိုက်ခြင်းဖြစ်တယ်။”
ဒဏ်ရာအလိမ့်လိမ့်နှင့် ကျိုးပဲ့နေသော ကားတိုင်ပေါ်ကသခင်ခရစ်တော်ရဲ့ခန္ဓာတော်ဟာ အကြီး မားဆုံးသောချစ်ခြင်းမေတ္တာကိုဖော်ပြနေသောပုံဖြစ်တယ်။ ဘုရားရှင်ဟာ မမြင်နိုင်သောမသိနိုင်သော အဝေးမှာရှိသောဘုရားမဟုတ် ကျွန်ုပ်တို့ဘဝအသက်တာခရီး၏နောက်ဆုံးအချိန်အထိ၊ ကျွန်ုပ်တို့ အတွက် ကျွန်ုပ်တို့နှင့်အတူဒုက္ခခံသောဘုရားဖြစ်တယ်။
သခင်ခရစ်တော်မည်သို့မြေပုံအသေခံခဲ့သည်ကို ကားတိုင်ခြေရင်းမှာရှိနေတဲ့ လူတယောက် နားလည် ခဲ့တယ် ၊ထိုသူဟာ ရောမစစ်သားလူတစ်ရာတပ်မှူးနတ်ကိုးကွယ်သူတစ်ယောက်ဖြစ်ပြီး ယုံကြည်သူ တစ်ဦးဖြစ်လာကာ၊ သက်သေခံသူတစ်ယောက်ဖြစ်လာခဲ့တယ်။ သခင်ခရစ်တော်၏ကြီးမားသော မေတ္တာအားဖြင့်တို့ထိပြောင်းလဲခြင်းခံရသော ထိုပုဂ္ဂိုလ်ဟာ သခင်ခရစ်တော်သက်တော် စွန့်ပြီး နောက်ပထမဦးဆုံးပြောင်းလဲလာသူဖြစ်တယ်၊။
ဘာမှမကျန်အောင်ပေးဆပ်ခဲ့သူ။
စကားလုံးများဖြင့်ထုတ်ဖော်ပြောဆိုဖို့မတတ်နိုင်သောအချိန်မှာ အော်ဟစ်သံအားဖြင့် ကျွန်တော်တို့ တွေထုတ်ဖော်ကြတယ်။၊ နှလုံးသားပြည့်နက်နေချိန်မှာ ဟစ်အော်သံထွက်ပေါ်လာတယ်၊ ဒါဟာအား နည်းချက်ကိုထုတ်ဖော်ပြတဲ့အရာမဟုတ်ဘူး။နက်ရှိုင်းဆုံးသောအလှူသားဆန်ခြင်းသာဖြစ်တယ်။ ဧဝံဂေလိ နှုတ်ကပတ်တော်က ကျွန်ုပ်တို့အော်ဟစ်ငိုကြွေးခြင်းရဲ့ကြီးမားတဲ့တန်ဖိုးကိုဖော်ပြပေးတယ် မတူညီတဲ့ ခံစားချက်တွေနဲ့ရုန်းကန်မှုကိုဖော်ပြသောအရာဖြစ်လို့ပါပဲ။
စကားလုံးတွေနဲ့ဖော်ပြဖို့မလုံလောက်တော်တဲ့အချိန်မှာ ကျွန်ုပ်တို့ရဲ့အော်ဟစ်ငိုကြွေးသံဟာတစ်ခါ တစ်ရံမှာဆုတောင်းမေတ္တာတစ်ခုပါပဲ။ ကားတိုင်ပေါ်ကခရစ်တော်ရဲ့နောက်ဆုံးအော်ဟစ်သံဟာ သူ့ အထဲမှာရှိတဲ့အရာအားလုံးကိုပေးအပ်လိုက်သောအသံသာဖြစ်တယ်။
ဒီသခင်ခရစ်တော်ရဲ့အော်ဟစ်သံဟာ တစ်ဦးတစ်ယောက်ရဲ့ကံကြမ္မာကိုရပ်နားလိုက်ခြင်း၊ လက် မြောက်အရှုံးပေးလိုက်ခြင်းမဟုတ်ဘူးဆိုတာကို ပုံသက်သေပြနေခြင်းပါ။ လူတစ်ယောက်ရဲ့အော် ဟစ်သံဟာသူတို့ကြားလိမ့်မယ်ဆိုတာကိုယုံကြည်လို့သာအော်ဟစ်ခြင်းဖြစ်တယ်။။
ဒီအသံဟာစိတ်ပျက်အားငယ်ခြင်းကထွက်ပေါ်လာသောအသံမဟုတ်ဘူး၊ ဆန္ဒအလျောက်သာ ထွက် ပေါ်လာသောအသံဖြစ်တယ်၊ ဒီအသံဟာအဖခမည်းတော်ကိုဆန့်ကျင်သောအသံမဟုတ်၊ သူဘဝတစ် ခုလုံးကိုပေးဆပ်လိုက်သောအသံသာဖြစ်တယ်။
ဒီပြည့်ဝသောယုံကြည်ခြင်းရဲ့လုပ်ရပ်မှာ အရာအားလုံးဆုံးရှုံးနေရင်တောင်မှ၊ မျှော်လင့်ခြင်းနဲ့ ယုံကြည်ခြင်းမှာကျွန်ုပ်တို့အော်ဟစ် ငိုကြွေးလို့ရတယ်ဆိုတာကိုသခင်ခရစ်တော်သင်ပြပေးနေခြင်းပါ။
လူတစ်ယောက်ရဲ့အပြုအမူ။
နက်ရှိုင်းဆုံးနှလုံးသားကအော်ဟစ်ခြင်းဟာ ဘုရားကိုတောင်းတခြင်းရဲ့လုပ်ရပ်တစ်ခုပါ၊ အော်ဟစ် ခြင်းဟာအသက်ရှင်နေခြင်းရဲ့အဓိပ္ပါယ်ကိုဖော်ဆောင်တယ်။၊ဒါကြောင့်လည်းကျွန်ုပ်တို့တွေမွေးဖွားလာတဲ့အချိန်မှာငိုကြွေးကြတယ်။
ကျွန်ုပ်တို့တွေဒုက္ခရောက်ချိန်၊ နက်ရှိုင်းစွာချစ်သောအချိန်၊ အော်ဟစ်အကူညီတောင်းသောအချိန်တွေ စသောအရာတွေ ကို ဖော်ပြသောအော်ဟစ်ငိုကြွေးခြင်းဟာဘဝရဲ့အဆိပ်အပိုင်းတစ်ခုဖြစ်တယ်။
အော်ဟစ်ငိုကြွေးခြင်းဟာ ကျွန်ုပ်တို့မှာတစ်ခုခုလုပ်နိုင်ပေးဆပ်နိုင်တာရှိနေသေးတယ် ဆိုတာ ဖော်ပြ ခြင်း၊ တိတ်ဆိတ်ငြိမ်သက်ခြင်းမှာတဖြည်းဖြည်း ပျောက်ကွယ်သွားခြင်းကိုမလိုလားချင်ခြင်း၊ ငါတို့ မည်သူဖြစ်တယ်ဆိုတာကို ဖော်ပြနေခြင်းဖြစ်တယ် ဟုရဟန်းမင်းကြီးကအလေး အနက်ထားရှင်းပြ ခဲ့ပါသည်။
ဘဝရဲ့အခက်အခဲ အမှောင် မိုက်ဆုံးအချိန်မှာ ကားတိုင်ပေါ်မှာသခင်ခရစ်တော်အော်ဟစ်ခဲ့သကဲ့သို့ အော်ဟစ်ကြဖို့ မကြောက်ရွံ့ကျပါနဲ့။ ဒီအော်ဟစ်ခြင်း ငိုကြွေးအသံဟာအဓိပ္ပါယ်မဲ့မဖြစ်ဘူး။ မေတ္တာ တရားတစ်ခုကိုသာမွေးဖွားလာခြင်းဖြစ်တယ်။။ဒီအရာဟာဘုရားကိုတောင်းတခြင်းရဲ့အဓိပ္ပါယ်ကိုဖော်ဆောင်တယ်။ ဒီအော်ဟစ် ငိုကြွေးသံဟာဘယ်တော့မှငြင်းပယ်ခံရမှာမဟုတ်ဘူး။။ အော်ဟစ် ငိုကြွေးခြင်းဟာ အပြစ်တင်အပြစ်မြင်သောအယူအဆသဘောတရားကိုပယ်ဖျက်ပြီး၊ ကျနုပ်တို့မှာ နောက်ထပ်ကမ္ဘာသစ်တစ်ခုရှိသေးတယ်ဆို သောယုံကြည်ခြင်းကိုဆက်လက်သယ်ဆောင်ခြင်း သာ ဖြစ်တယ်။
နိဂုံးချုပ်အနေနဲ့ ဒုက္ခနဲ့ကြုံရချိန်မှာ ရင်ထဲကအော်ဟစ်ငိုကြွေးကြဖို့၊ တောင်းဆိုကြဖို့ ကျွန်ုပ်တို့ရဲ့ နှလုံးသားကိုဖွင့်ဟအော်ဟစ်ငိုကြွေးခြင်းဟာ အသစ်တစ်ဖန်မွေးဖွားခြင်းနှင့် အသစ်သောအလင်း တစ်ခုထဲကိုဝင်နိုင်ခြင်းသာဖြစ်တယ်ဟု ဒီတစ်ပတ် ဘာသာတရားသွန်သင်ခြင်းမှာ ရဟန်းမင်းကြီးမှ ဝေမျှသွန်သင်ခဲ့ပါသည်။
ဘာသာပြန်-Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

