
ရဟန်းမင်းကြီးလီယို (၁၄) အီစ္စရေးသမ္မတအားဗာတီကန်၌လက်ခံတွေ့ဆုံ။

ရဟန်းမင်းကြီးလေအို (၁၄) သည် ပြီးခဲ့သောကြာသပတေးကအီစ္စရေးနိုင်ငံသမ္မတအီဇက် ဟေဇော့ (Isaac Herzog) အားဗာတီကန်ရှိ ရဟန်းမင်းကြီးရုံးတော်၌လက်ခံတွေ့ဆုံခဲ့သည်။ ထို့နောက် ဗာတီ ကန်၏ အတွင်းရေးမှူးဖြစ်သောကာဒီနယ်ပီအဲထရိုပါရိုလင်း (Pietro Parolin)၊ နိုင်ငံတကာဆက်ဆံရေးနှင့် ကမ္ဘာ့ အသင်းအဖွဲ့များဆိုင်ရာအတွင်းရေးမှူးဖြစ်သော ဂိုဏ်းချုပ်ဆရာတော် ပေါလ် (Paul R. Gallagher) တို့နှင့် လည်းထပ်မံတွေ့ဆုံခဲ့သည်။
အီစ္စရေးသမ္မတသည် ရဟန်းမင်းကြီး၊ အတွင်းရေးမှူးတို့နှင့်ရင်းနှီးစွာတွေ့ဆုံခဲ့ပြီး အရှေ့အ လယ်ပိုင်း ဒေသ၏နိုင်ငံရေး၊ စီးပွားရေးအခြေအနေများကိုဆွေးနွေးခဲ့ကြောင်း၊ အရှေ့အလယ်ပိုင်းဒေသသည် ပြ ဿနာပေါင်းစုံသောဒေသတစ်ခုဖြစ်သည့်အနက် အထူးအာရုံထားနေကြရသည်မှာဂါဇာဒေသ၏စိတ်ထိ ခိုက်စရာအခြေအနေဆိုးဖြစ်သည်။
ထိုဒေသနှင့်စပ်လျဉ်းသောတွေ့ဆုံဆွေးနွေးမှုများ၊ စိတ်အားထက်သန်မှုများ၊ ရဲရင့်ပြတ်သား သောဆုံး ဖြတ်ချက်များရှိလာ၍မကြာမီရောင်နီထွန်းလာရန် မျှော်လင့်ချက်များရှိကြောင်း၊ ထို့အတူနိုင်ငံတကာအ ဖွဲ့အစည်းများ၏ကူညီပံ့ပိုးပေးမှုဖြင့် ဖမ်းဆီးခံထားရသောဓားစာခံများအားလုံးလွတ်မြောက်လာကြ ရန်၊ စစ်ပွဲများထာ၀ရရပ်စဲရေးကိုအစောတလင်ဆောင်ရွက်နိုင်ရန်၊ လူသားချင်းစာနာသောအကူအညီများ ပေးမည့်အဖွဲ့အစည်းများအနေဖြင့် ဆိုး၀ါးစွာစစ်ဖြစ်ပွားသောဒေသသို့လုံခြုံစွာ၀င်ထွက်သွားလာနိုင်ရန်၊ လူသားချင်းစာနာသောဥပဒေကိုပြည့်၀စွာစောင့်စည်းရန်၊ နှစ်ဖက်လုံးမှဆုံးဖြတ်ပိုင်ခွင့်ရှိသောပုဂ္ဂိုလ်များ တွေ့ဆုံကြရန်တို့ကိုထုတ်ဖော်ပြောဆိုခဲ့ကြသည်။
ထို့အတူ ပါလက်စတိုင်းလူမျိုးတို့၏အနာဂါတ်ကိုအဘယ်သို့အာမခံချက်ပေးနိုင်မည့်အ ကြောင်း၊ ဒေသ အတွင်းငြိမ်းချမ်းရေးနှင့်တည်တံ့ခိုင်မြဲရေးရရှိရေးအကြောင်းများကိုလည်းဆွေးနွေးခဲ့သည်။ ဗာတီကန် ၏ရပ်တည်ချက်ဖြစ်သော ယှဉ်တွဲနေထိုင်နေရသည့်လူမျိုးနှစ်မျိုးတွေ့ဆုံဆွေးနွေး၍လက်ရှိစစ်ရေး ကို ငြိမ်းသတ်နိုင်အောင်ဖြေရှင်းခြင်းသည်သာအကောင်းဆုံးနည်းလမ်းဖြစ်ကြောင်းထပ်မံပြောကြားခဲ့သည်။
အနောက်ကမ်းမြောင်ဒေသနှင့်ဂျေရုဆလင်မြို့နှင့် စပ်လျင်းသောအရေးကြီးသည်မေးခွန်းများကို လည်း မေးမြန်းပြောဆိုခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးသည့်အစီအစဉ်မပြီးဆုံးမည် ဗာတီကန်နှင့်အီစ္စရေးနှစ် နိုင်ငံ ကြားတည်ဆောက်ထားသည့် သဘောတူညီမှုသမိုင်းအမွေအနစ်များအကြောင်းကိုလည်းထည့်သွင်း ပြောဆိုခဲ့ကြသည်။
နိုင်ငံတော်အာဏာပိုင်နှင့်ဒေသန္တရသာသနာ၏အာဏာပိုင်ကြားဆက်ဆံရေး၊ အီစ္စရေး နိုင်ငံအတွင်း နှင့် အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးအတွင်း ခရစ်ယာန်အဖွဲ့အစည်းများနှင့်၄င်းတို့၏ဆက် ကပ်လုပ် ဆောင်မှုမှစ၍အခြားသောလူမှုရေး၊ လူသားအရေး၊ အထူးသဖြင့် ပညာရေး၊ ဒေသအတွင်းအတူ ယှဉ်တွဲ နေထိုင်နိုင်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးစသောအကြောင်းအရာ အတော်များများကိုလည်းဆွေး နွေးသွားခဲ့ကြောင်း ဗာတီကန်မှသတင်းထုတ်ပြန်ထားပါသည်။
ဘာသာပြန်-Fr. Clement Ate
News- Vatican News
Website: rvamyanmar.org

