“ငါ‌ရေငတ်သည် ၊ အားလုံးပြည့်စုံပြီ”

အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်း၊ နေ့ခင်းမေတ္တာရွတ်ဆိုခြင်းနှင့် ဘာသာတရားသသင်ကြားခြင်းမှာ ပုပ်ရဟန်းမင်းကြီးလီယို ၁၄ က ရှင်ရောဟန် ဧဝံဂေလိကျမ်းမှ သခင်ခရစ်တော်၏ ကားတိုင်ပေါ် တွင်ပြောခဲ့သော နောက်ဆုံး စကားနှစ်ခွန်းဖြစ်သည့် ငါရေငတ်သည် နှင့် အမူ့ပြီးပြီ ဆိုသည့်စကား နှစ်ခု ကိုအခြေခံပြီး ဆက်လက်သွန်သင်ခဲ့ပါသည်။

သခင်ခရစ်တော် ကားတိုင်တင်ခံရချိန်သည် အမှောင်မိုက်ဆုံးအချိန်ဖြစ်ခဲ့သော်လည်း လူသားတို့အတွက်တော့ လင်းလက် တောက်ပဆုံးအချိန်ဖြစ်ခဲ့ပါသည်။ ကားတိုင်ပေါ်မှာသခင်ခရစ်တော် ပြောခဲ့သည့်စကားနှစ်ခွန်းဟာ ဘုရားသားတော်အဖြစ် သူ့ရဲ့တည်ရှိနေမှုဘဝတစ်ခုလုံးကိုဖော်ပြလိုက် ခြင်းဖြစ် ပါ သည်။

သခင်ခရစ်တော်၏ကားတိုင်ပေါ်ကအခြေအနေဟာ အောင်မြင်သောသူရဲကောင်းတစ်ယောက်ရဲ့အခြေအနေမဟုတ်၊ မေတ္တာတရားကိုတောင်းခံနေသောအခြေနေသာဖြစ်တယ်။ မည်သည့်နည်းလမ်းနှင့်မျှ သူ့ကိုယ်သူတစ်ယောက်တည်းပြန်ပေးလို့မရတဲ့ မေတ္တာတရားကိုတောင်းဆိုနေခြင်းဖြစ်တယ်။

ကားတိုင်ပေါ်ကသခင်ခရစ်တော်ပြောခဲ့တဲ့ ငါရေငတ်သည်ဆိုသည့်စကားက ညှဉ်းပန်းနှိပ်စက်ခံထားရသည့် ခန္ဓာကိုယ်၏စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တစ်ခုမဟုတ်သလို ချစ်ခြင်းမေတ္တာ၊ တစ်လုံးတစ်ဝ တည်းရှိခြင်း နှင့် ပေါင်းသင်းဆက်ဆံခြင်းကို ဖော်ပြသောအရာတစ်ခုလည်းမဟုတ်ပါဘူး။

ကျွန်ုပ်တို့လူသားတွေအခြေအနေအားလုံးကိုမျှဝေလိုသောဆန္ဒဖြင့် တိတ်ဆိတ် ခြင်းမှ ထွက်ပေါ်လာ သောဘုရားရဲ့အော်ဟစ်သံ၊ ဒီငတ်မွတ်ခြင်းဒုက္ခကို သူကိုယ်တိုင်ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တယ်ဟု ရဟန်းမင်းကြီးကရှင်းပြခဲ့ပါသည်။။

ကျွန်ုပ်တို့ယုံကြည်ကိုးကွယ်သောဘုရားသည် ရေတစ်ပေါက် သောက်ရဖို့ တောင်းရန်ရှက်တတ်သော ဘုရားမဟုတ်၊ သူ့ရဲ့တောင်းဆိုခဲ့ခြင်းအမှုက မေတ္တာတရားသည်စစ်မှန်စွာထွက်ပေါ်လာဖို့၊ ပေးကမ်းဖို့တစ်ခုတည်းသာ သင်ယူခြင်းမဟုတ် တောင်းဆိုတတ်ဖို့ကိုပါသင်ယူရန်လိုအပ်ကြောင်း သင်ပြနေခြင်း ဖြစ်တယ်။

ငါရေငတ်သည်ဆိုသည့်စကားလုံးက ငါတို့ကိုငါတို့မကယ်တင်နိုင်ဘူး၊ ကိုယ့်ကိုယ်ကိုယ်‌ကျေနပ်ပြည့်စုံ အောင်မလုပ်နိုင်ဘူး ဆိုတာ ရှာလကာရည်နဲ့ပြည့်တဲ့ရေမြုပ်တစ်ခုက ရေကိုသောက်သုံးပြီးချိန်မှာ အမှုပြီး ပြီ ဆိုသည့်စကားက အဓိပ္ပာယ်ကို အပြည့်အဝပေးပါလိမ့်မယ်။

မေတ္တာတရားကသူ့ကိုယ်သူ လိုအပ်သူအဖြစ်သတ်မှတ်လိုက်ခြင်းပါ။ ဒီတိကျသော ရည်ရွယ်ချက် ကြောင့်ပဲ သခင်ခရစ်တော်က သူ့ရဲ့အလုပ်ကိုပြီးမြောက်ပြည့်စုံစေခဲ့တယ်။

ဘုရားရှင်၏ကယ်တင်ခြင်းဆိုသော ခရစ်ယာန်တို့ရဲ့ တရားက မိမိကိုယ်တိုင်ပြုလုပ်ခြင်းကြောင့်ရလာတဲ့အရာမဟုတ်၊ မိမိကိုယ်ကိုပြုလုပ်စေလိုက်ခြင်းသာဖြစ်တယ်၊ မကောင်းမှုကိုအင်အားဖြင့် ဖိနှိပ်ခြင်း မဟုတ် ချစ်ခြင်းမေတ္တာ၏အားနည်းခြင်းကိုအဆုံးတိုင်လက်ခံခြင်းသာဖြစ်တယ်။

ကယ်တင်ခြင်းဆိုတာကိုယ်တိုင်လုပ်ယူလို့ ရခြင်းမှာရှာဖွေမတွေ့နိုင်ဘူး၊ မိမိရဲ့လိုအပ်ချက်ကို နှိမ့်ချစွာ အသိအမှတ်ပြုခြင်းနဲ့ လွတ်လပ်စွာထုတ်ဖော်ပြနိုင်ခြင်းမှာသာရှိတယ်။။

လူတွေရဲ့ပြီးမြောက်ပြည့်စုံခြင်းဟာ စစ်မှန်သောမျှော်လင့်ခြင်းထိရောက်အောင်ဖွင့်လှစ်ပေးသော ယုံကြည်မှုမှာသာရှာဖွေတွေ့ရှိတယ်။ ဒါကြောင့်လည်းဘုရားရဲ့သားတော်သည် သူ့ကိုယ်သူမပြည့်စုံသူအဖြစ် တရားမျှတမှု၊ ပြည့်ဝသောအဓိပ္ပါယ်နဲ့ မေတ္တာတရားကို ဆာလောင်တယ်ဆိုတာကိုဖော်ပြခဲ့ခြင်းဖြစ်တယ်။ ဒါကြောင့်လည်းသခင်ခရစ်တော်က တောင်းဆိုခြင်းဟာမထိုက်တန်သောအရာမဟုတ် လွတ်မြောက်စေသောအရာသာဖြစ်တယ်၊ ဒီအချက်ဟာ ဘုရားရှင် နှင့် ပြန်လည်ပေါင်းစပ်ခြင်းနှင့် အပြစ်၏ ဖုံးကွယ်မှုထဲမှ လွတ်မြောက်ရာလမ်းကြောင်းဖြစ်ကြောင်းရဟန်းမင်းကြီးက ရှင်းပြခဲ့ပါသည်။

အစကတည်းကအပြစ်တရားဟာအရှက်ရစေခြင်းဖြစ်တယ်။ သို့သော်လည်းခွင့်လွှတ်ခြင်း၊ စစ်မှန်သော ခွင့်လွှတ်ခြင်းဟာ ငြင်းပယ်ခြင်းကိုမကြောက်ရွံ့တော့ဘဲ၊ ကျွန်ုပ်တို့ရဲ့လိုအပ်ချက်ကို ရင်ဆိုင်နိုင်ခြင်း ကမွေးဖွားလာသောအရာဖြစ်တယ်။

သခင်ခရစ်တော်ကားတိုင်ပေါ်ကပြောဆိုခဲ့သည့် ငါရေငတ်သည်ဆိုသည့်စကားဟာ ဒဏ်ရာရနေသော လူသားထုတစ်ရပ်လုံး၏အော်ဟစ်တောင်းဆိုနေသည့် ဘုရားရှင်နှင့်ပေါင်းစည်းပေးမည့်၊ ဘုရားရှင်ဆီကိုဦးဆောင်ခေါ်သွားပေးမယ့်လမ်းတစ်ခုဖြစ်သော အသက်၏စမ်းရည်ကို ဖော်ပြလိုက်ချင်ပါပဲ။

နိဂုံးချုပ်အနေနဲ့ရဟန်းမင်းကြီးလီကို ၁၄ က ဖုံးကွယ်ထားသောလုံ့ဆော်မှုများမပါပဲ ပူဇော်ဆက်ကပ်ကြ ဖို့၊ တောင်းဆိုခြင်းမှာရှက်ရွံ့ခြင်းမရှိကြဖို့၊ ရိုးရှင်းသောအသက်တာ၊ ညီအစ်ကိုမောင်နှမစိတ်ကို ဖြည့် ဆည်းပေးနိုင်သည့်အမှန်တရားနဲ့ပျော်ရွှင်ခြင်းကိုရှာဖွေကြဖို့ ခရစ်ယာန်များကိုတိုက်တွန်းခဲ့ပြီးကိုယ်နဲ့ မထိုက်တန်ဘူးလို့ထင်သောအရာကိုတောင်မှ ဘုရားဆီကိုတောင်းရမှာမရှက်ကြပါနဲ့။

ကျွန်ုပ်တို၏လက်တွေကို ဆန့်ထုတ်တောင်းခံဖို့မရှက်ကြပါနဲ့။ ဒီနှိမ့်ချသောတောင်းဆိုမှုပုံစံလေးထဲမှာ ကယ်တင်ခြင်းဟာဖုံးကွယ်နေတယ်ဆိုတာကို ဒီနေရာမှာတွေ့ရှိပါလိမ့်မယ်။

ဘာသာပြန်-Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

#rvamyanmar #VaticanNews #PopeLeoXIV #ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *