ရဟန်းမင်းကြီးလလီယို (၁၄) သည်ဂျေရုဆလင်မှလာတင်းနှင့်ဂရိဩသိုဒေါစ့်ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တို့နှင့် ဂါဇာ ငြိမ်းချမ်းရေးပူးတွဲတောင်းဆို။

 ဂျေရုဆလင်ရှိလာတင်းနှင့်ဂရိဩသိုဒေါ့စ်ခရစ်ယာန်ခေါင်းဆောင်များသည် ပြီးခဲ့သောဩ ဂုတ်လ (၂၆) ရက်နေ့က ‘ဂါဇာ’ဒေသငြိမ်းချမ်းရေးအတွက်ပူးတွဲကြေညာတောင်းခဲ့သည်။ မည်သို့သော်အကြောင်း ပြချက်မျိုးဖြင့်ဖြစ်စေ အပြစ်မဲ့ပြည်သူများအား ရည်ရွယ်ချက်ရှိရှိအစုလိုက်အပြုံလိုက်၄င်းတို့၏နေ ရာ ဒေသမှ နေရာပြောင်းရွှေ့ခြင်းကိုမပြုနိုင်ကြောင်းကြေညာကန့်ကွက်ခဲ့သည်။

ထိုကြေညာချက်ကိုအားပေးထောက်ခံသည့်အနေဖြင့် ရဟန်းမင်းကြီးလီယို (၁၄)လည်း ဩဂုတ်လ (၂၂)၊ သောကြာနေ့အား ငြိမ်းချမ်းရေးအတွက်ဆုတောင်း၊ ၀ါရှောင်ရန်ကြေညာတိုက်တွန်းရင်းစစ်ပွဲ၌ ပါ၀င်နေ သောအဖွဲ့များနှင့်နိုင်ငံတကာအဖွဲ့အစည်းများအား ‘သန့်ရှင်းသောမြေ’ (Holy Land) ၌ ဖြစ်ပွားနေ သော ပဋိပက္ခများကိုနိဂုံးသို့အမြန်ဆုံးပို့ကြရန်၊ အဘယ်ကြောင့်ဆိုသော် ထိတ်လန့်မှုများ၊ ပျက်စီးမှု များ၊ သေကြေမှုများတိုးမြှင့်လာနေ၍ရပ်တန့်ကရပ်ကြရန်၊ လူသားချင်းစာနာထောက်ထားသောအကူအညီ များကိုစစ်ဇုံဖြစ်သောဂါဇာသို့ပို့ခွင့်ပြုရန်၊ ပြည်သူများ၏အသက်အိုးအိမ်ကိုကာကွယ်ရန်လေးနက်စွာပန်

ကြားလိုက်ကြောင်းဖြင့်မိန့်ကြားထားသည်။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *