ရဟန်းမင်းကြီးလီယို (၁၄)၏ အောက်တိုဘာလလုပ်ဆောင်မည့် အစီအစဉ်များတရား၀င်အသိပေးလာ။

ကာဒီနယ် Robert Francis Prevost (ရောဘက်ဖရန်စစ်ပရီဗို့စ်) သည် ရဟန်းမင်းကြီးလီယို (၁၄) အဖြစ်အမှုတော်စတင်ထမ်းဆောင်လာခဲ့သည်မှာယခုဆိုလျှင် (၄) လကျော်လာပြီဖြစ်သည်။ ရဟန်းမင်းကြီးသည် ဤကာလအတွင်းအီတလီနိုင်ငံအတွင်း၌သာသီတင်းသုံး၍နိုင်ငံတကာမှဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးခေါင်းဆောင်များ၊အသင်းအဖွဲ့များအား လက်ခံတွေ့ဆုံခြင်းကိုသာပြုလုပ်နေခဲ့သည်။

ယခုနှစ်သည်လည်း ဂျူဘီလီနှစ်ဖြစ်သည့်အားလျာ်စွာ (၂၀၂၄၊ ဒီဇင်ဘာ ၂၄)မှသည် (၂၀၂၆၊ ဇန္န၀ါရီ ၆)ရက်နေ့အထိရေးဆွဲထားသောအစီအစဉ်များကိုဦးဆောင်နေရသည်။

လာမည့်အောက်တိုဘာလ၌ ရဟန်းမင်းကြီး မည်သည့်အစီအစဉ်များဖော်ဆောင်သွားမည်ကို တရား၀င် အသိပေးလာပါသည်။ အသိပေးထားသောသတင်းအရ အောက်တိုဘာလသည် ရဟန်းမင်းကြီးအတွက် လွန်စွာအလုပ်များမည့်လဟု စကားဦးပန်ထားပါသည်။ သို့သော် အစီအစဉ်အများပိုင်းမှာဂျူဘီလီနှင့်စပ် လျဉ်းသောအစီအစဉ်များဖြစ်၍ စိန့်ပီတာရင်ပြင်၌ဦးဆောင်ကျင်းပရမည်ဖြစ်သည်။

၁။ အောက်တိုဘာ (၅)၊ တနဂ်နွေနေ့။

ကမ္ဘာ့သာသနာပြုများနှင့်ရွှေ့ပြောင်းဒုက္ခသည်တို့၏ဂျူဘီလီပွဲအတွက်စိန့်ပီတာရင်ပြင်၌နံနက်မစ္ဆား တရားကိုပူဇော်မည်ဖြစ်သည်။

၂။ အောက်တိုဘာ (၉)၊ ကြာသပတေးနေ့။

ထိုနေ့သည် သုံးပါးသစ္စာရှင်သူတော်စင်များ၏ ဂျူဘီလီပွဲနေ့ဖြစ်၍ ရဟန်းမင်းကြီးမှစိန့်ပီတာဘုရား ကျောင်း၌ဂျူဘီလီမစ္ဆားကိုဦးဆောင်ပူဇော်မည်ဖြစ်သည်။

၃။ အောက်တိုဘာ (၁၂)၊ တနဂ်နွေနေ့။

ထိုနေ့သည်လည်း အမိမယ်တော်၏အသက်တာနှင့်ကျင့်စဉ်ကို ပုံတုယူကျင့်ကြံရှင်သန်နေသောအဖွဲ့အစည်းများ၏ဂျူဘီလီဖြစ်ပါသည်။ ထိုအဖွဲ့များနှင့်အတူဂျူဘီလီမစ္ဆားကိုပူဇော်မည်ဖြစ်သည်။

၄။ အောက်တိုဘာ (၁၉)၊ တနဂ်နွေနေ့။

ကမ္ဘာ့သာသနာပြုနေ့ဖြစ်ပါသည်။ ထိုနေ့၌ သူတော်မြတ် (၇) ပါးအား ရဟန္တာအဖြစ်ကြေညာသော မစ္ဆား တရားကိုစိန့်ပီတာရင်ပြင်၌ဦးဆောင်ပူဇော်မည်ဖြစ်သည်။ အဆိုပါရဟန္တာအဖြစ်ကြေညာတင်မြောက်ခံ ရမည့်သူများအနက် ဂိုဏ်းချုပ်ဆရာတော် Ignatius Choukrallah Maloyan (အီညှေးရှက်) လည်းပါ သည်။ သူသည် Mardin (မာဒင်) ၌ လူမျိုးတုန်းသတ်ဖြတ်သည့်ပြစ်မှုကျူးလွန်ခဲ့သော (၁၉၁၅) ခုနှစ်က တရားတော်အတွက်သတ်ဖြတ်ခံခဲ့ရသည့် အမေရိကန်ဓမ္မအာဇာနည်တစ်ပါးဖြစ်သည်။

နောက်တစ်ပါးမှာ ပါပူအာနူးဂီနီနိုင်ငံ (Papua New Guinea) မှဓမ္မဆရာ Peter ToRot (ပီတာ) ဖြစ် သည်။ သူသည်လည်း (၁၉၄၅)ခုနှစ်၌တရားတော်အတွက်ကွပ်မျက်ခံခဲ့ရသည်။ ထိုစဉ် ကဒေသကို နယ်ချဲ့အုပ်ချုပ်နေသောဂျပန်အာဏာပိုင်များက သူ့အားဧ၀ံဂေလိတရားဟောကြားခြင်းမပြုရန်တင်းကြပ်စွာ တားမြစ်သော်လည်းမနာခံဘဲဆက်လက်ဟောကြားခဲ့သည်။သူသည်ပါပူအာနူးဂီနီနိုင်ငံ၏ပထမဦးဆုံးသောဓမ္မ အာဇာနည်ရဟန္တာဖြစ်လာမည်။

ရဟန္တာတင်မြောက်ခံမည့်သူများအနက် သူတော်မြတ်သီလရှင် (၃) ပါးလည်းပါသည်။ ၄င်းတို့မှာ သူတော်မြတ် Vincenza Maria Poloni (ဗီချင်းဇာမာရီယာ)၊ သူတော်မြတ်လည်းတစ်ပါးပါသည်။ သူသည် Maria del Monte Carmelo Rendiles Martínez (မာရိယာဒဲလ်မွန်းတေ) နှင့်သူတော် မြတ် Maria Troncatti (မာရိယာထရွန်ကပ်တီ)တို့ဖြစ်ကြသည်။

သူတော်မြတ် Vincenza Maria Poloni သည် ဗေရိုနီကာသီလရှင်အသင်းကိုတည်ထောင်ခဲ့သူ ဖြစ်သည်။

သူတော်မြတ် Maria del Monte Carmelo Rendiles Martínez သည်လည်း ယေဇူးသခင်၏အစေ ခံများသီလရှင်အသင်းကိုတည်ထောင်ခဲ့သူဖြစ်သည်။

သူတော်မြတ် Maria Troncattiမှာ မူသူတော်စင်ကတိသစ္စာကိုခံယူထားသောသာမန်သီလရှင်တစ်ပါး ဖြစ်သည်။ သူသည် အစဉ်ကူညီတတ်သော မယ်တော်သီလရှင်အသင်း၀င်ဖြစ်သည်။

ရဟန္တာတင်မြောက်ခံမည့်သူတော်မြတ် (၇) ပါးအနက် သာမန်ကက်သလစ်ဘာသာတူ (၂) ဦးလည်း ပါသည်။ ၄င်းတို့မှာ သူတော်မြတ် José Gregorio Hernández Cisneros (ဂျိုဇေဂရေဂေါ်ရီယို) နှင့်သူ တော် မြတ် Bartolo Longo (ဘာတိုလိုလွန်းဂို) တို့ဖြစ်ကြသည်။

သူတော်မြတ် José Gregorio Hernández Cisneros သည် ဗင်နီဇွဲလားနိုင်ငံသား ဆရာ၀န်တစ်ဦးဖြစ် သည်။ သူသည်စိန့်ဖရန်စစ်၏၀ိညာဉ်ရေးကျင့်စဉ်ကိုကျင့်ကြံသူဖြစ်သည်။ သူသည် ချို့တဲ့နွမ်းပါးသူတို့၏ ဆရာဟုတင်စားခံရသူလည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ငွေကြေးမတတ်နိုင်သူများအား ဆေး ၀ါးကို အခမဲ့ကုသပေးခဲ့သူလည်းဖြစ်သည်။

သူတော်မြတ် Bartolo Longo မှာ အီတလီနိုင်ငံ၊ ပုံပေမယ်တော်ဗိမာန်ကိုတည်ဆောက်ခဲ့သူဖြစ်သည်။ အမိမယ်တော်ကိုလွန်စွာကြည်ညိုသူဖြစ်သကဲ့သို့ အီတလီနိုင်ငံသားများလည်း ပုံပေမယ်တော်ဗိမာန်သို့ဂုဏ်ယူစွာသွားရောက်၍အမိမယ်တော်အားကြည်ညိုခြင်းကိုပြသလေ့ရှိသည်။

၅။ အောက်တိုဘာ (၂၆)၊ တနဂ်နွေနေ့။

ရဟန်းမင်းကြီးသည် သာသနာ၏အလွှာအသီးသီးမှပါ၀င်ကြသော ဆီးနော့အဖွဲ့၀င်များ ၏ဂျူဘီလီပွဲ တော်မစ္ဆားကိုစိန့်ပီတာရင်ပြင်၌ပူဇော်မည်ဖြစ်သည်။

၆။ အောက်တိုဘာ (၂၇)၊ တနလ်ာနေ့။

စိန့်ပီတာဘာစီးလီကာဘုရားကျောင်းကြီး၌ ရောမမြို့အတွင်းရှိရဟန်းမင်းကြီး၏လက်အောက်ရှိ တက္က သိုလ်များမှကျောင်းသူကျောင်းသားများနှင့်အတူမစ္ဆားပူဇော်၍၄င်းတို့၏ပညာသင်နှစ်အသစ်ကိုအစပြုမည်ဖြစ်ကြောင်းအသိပေးလာပါသည်။

ဘာသာပြန်-Fr. Clement Ate

News- Vatican News

Website: rvamyanmar.org

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *