
ဖာသာရ် Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၂၁)ကြိမ်မြောက်သာမန်ကာလ စနေနေ့ဩဝါဒ ၃၀၊ ၈၊ ၂၀၂၅
ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာခဲ့ရတဲ့ ရှင်မာတေးဦး ဧဝံဂေလိကျမ်းထဲးက ပုံဥပမာထဲးမှာ ခရီးမထွက်မီ မိမိကျွန်တို့ကိုခေါ်၍ သူတို့အရည်အချင်းအလိုက် ပေးခဲ့သောအရှင်သခင်နှင့်တူတယ်။ တစ်ဦးကို ၅ တာလင်၊ တဦးကိုနှစ် တာလင်၊ တဦးကိုတစ် တာလင် ပေးခဲ့ပြီးသူကအဝေးကိုထွက်သွားခဲ့တယ်။၊ သူပြန်လာတဲ့အချိန်မှာ သူ့ရဲ့အစေခံတွေ သူပေးခဲ့တာကိုဘယ်လိုသုံးပြုတယ်ဆိုတာကိုဆန်းစစ်ခဲ့တဲ့အကြောင်းကို၊ တချို့ကကြိုးစားပြီးနှစ်ဆဖြစ်အောင်လုပ်ကိုင်ခဲ့ကြတယ်။ အိုက်ထဲကတစ်ယောက်ကတော့ အဲဒီငွေကိုမြှုပ်နှံထားခဲ့တယ် ဆိုတာကို ကြားခဲ့ရတယ် ။ ဒီကနေ့ဧဝံဂေလိတရားတော်ထဲက ပုံဥပမာလေးက ငွေတစ်ခုထဲကိုပြောတာမဟုတ်ဘူး။ ဘုရားသခင်ကျွန်တော်တို့တစ်ယောက်တိုင်းဆီကိုပေးထားတဲ့ကျေးဇူးတော်ကိုဆိုလိုခြင်းဖြစ်တယ်။ ဘုရားပေးထားတဲ့အရာတွေကဘာတွေလဲ။ ကျနော်တို့ရဲ့ယုံကြည်ခြင်းကျွန်တော်တို့မိသားစုကျွန်တော်တို့ခွန်အားတို့ရဲ့အသိပညာကျွန်တော်တို့ရဲ့အချိန်တွေ၊ ကျွန်တော်တို့ရဲ့ သေးငယ်တဲ့အရည်အချင်းလေးတွေကအစပါဝင်တယ်။
ဘုရားကကျွန်တော်တို့မှာမရှိတဲ့အရာကိုမတောင်းဆိုဘူး။ သူပေးထားပြီးသားအရာကိုပဲ ကျွန်တော်တို့ကိုအသုံးချစေချင်တာ။လောကမှာဘာမှမရှိဘူးလို့။ ပြောလို့ရတဲ့သူတစ်ယောက်မှမရှိဘူး။ ခင်ဗျားမှာအသက်ရှင်ခြင်းရှိသေးတယ်။ အချိန်တွေရှိသေးတယ်။ တကယ်လို့သင့်မှာအရည်အချင်းနည်းနည်းလေးရှိရင်တောင်မှယုံကြည်ခြင်းသည်ချစ်ခြင်းမေတ္တာတွေနဲ့တိုးပွားအောင်လုပ်လို့ရတယ်။။ ကျနော်တို့ရဲ့နေ့စဉ်ဘဝတွေကိုကြည့်ပါ မိခင်တစ်ယောက်ကသားသမီးတွေကိုဆုတောင်းတတ်ဖို့သင်ပေးလို့ရတယ်။၊ လယ်သမားပဲဖြစ်ဖြစ်အလုပ်သမားပဲဖြစ်ဖြစ်မိမိလုပ်ကိုင်ရတဲ့အလုပ်တစ်ခုမှာရိုးသားစွာလုပ်ကိုင်လို့ရတယ်။၊ လူအဖွဲ့အစည်းကိုစေခံဖို့ပညာသင်နေတဲ့ကျောင်းသားတစ်ယောက်ကမှန်ကန်စွာကြိုးစားမယ်ဆိုရင် ဒီအရာတွေဟာဘုရားပေးထားတဲ့ကျေးဇူးတော်ကိုတိုးပွားစေခြင်းပါပဲ။ ပုံဥပမာထဲက သခင်ကိုကြောက်ရွံ့တဲ့စိတ်ကြောင့်ဘာမှမလုပ်တဲ့သူဟာ ရှိတဲ့ကျေးဇူးတော်တောင်ပြန်သိမ်းခံရတယ်။ ကြောက်လို့မစွန့်စားချင်ဘူး၊ ကြောက်လို့မတွေ့ကြုံရဲဘူး၊ ရင်မဆိုင်ချင်ဘူး၊ ကြိုးစားအားထုတ်မှုမလုပ်ချင်ဘူး၊ ဒီကြောက်ရွံ့မှုဟာ ကြောက်ရွံစိတ်ဟာ ကျွန်တော်တို့ရဲ့အရည်အချင်းတွေကိုသေသွားစေတယ်။၊ မြေမြုပ်ထားလိုက်သလိုဖြစ်စေတယ် ဘာမှအသုံးမကျတော့သလိုဖြစ်သွားတယ်။ ဒါကြောင့်ကြောက်ရွံ့စိတ်ဟာကျွန်တော်တို့ကိုဘာမှမပြောင်းလဲစေဘူး။ ဘုရားကကျွန်တော်တို့ကိုကြောက်ရွံ့အောင်ဖန်တီးထားတာမဟုတ်ဘူး။ သူကကျွန်တော်တို့ကိုရဲရင့်ဖို့မျှော်လင့်ချက်ရှိဖို့နဲ့အစေခံဖို့ဖန်ဆင်းထားခြင်းဖြစ်တယ်။ ဓမ္မမိတ်ဆွေတို့ ဘုရားပေးထားတဲ့ကျေးဇူးတော်ကို အလဟဿမဖြစ်ပါစေနဲ့၊ သေးငယ်တဲ့ကျေးဇူးတော်လေးဖြစ်နေရင်တောင် တိုးပွားအောင်လုပ်ပါ။ သင်ဘာမှမလုပ်နိုင်ရင်တောင် သင်ပြုံးနိုင်ပါသေးတယ်။ ဘာမှမပေးနိုင်ရင်တောင် ဆုတောင်းပေးနိုင်ပါသေးတယ်။ သနားကြင်နာမှုပြလို့ရပါသေးတယ်။ ဒီသေးငယ်တဲ့အရာလေးတွေက လူတိုင်းကိုဘုရားပေးထားတဲ့ကျေးဇူးတော်တွေပါ။ သင့်မှာဒီထက်ပိုတဲ့ကျေးဇူးတော်တွေရှိရင် နှစ်ဆသုံးဆာဖြစ်အောင်ကြိုးစားပါ။ ဒါမှသာဆရာသခင်ပြန်တွေ့တဲ့အချိန် သစ္စာရှိသောငယ်သားကောင်း၊ လာကျွန်ုပ်နဲ့အတူတကွ ကျွန်ုပ်ရဲ့ပျော်ရွှင်မှုကိုဝေမျှပါဆိုပြီးပြောခံရမယ်။ အဲလိုမဟုတ်ရင်တော့ရှိတဲ့ကျေးဇူးတော်ပါ။ ပိတ်သိမ်းခြင်းခံရမယ်။ ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာတော်မူကြပါစေ။

