
တရားထောက်တွေဆိုတာ ဘာသာဝင်တွေကို သန့်ရှင်းမြင့်မြတ်သော မစ္ဆားတရားဆီသို့ ကူညီခေါ် ဆောင်ပေးသူတွေဖြစ်တယ်
ပြင်သစ်နိုင်ငံမှတရားထောက် ကလေးသူငယ်များနှင့် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ တွေ့ဆုံခြင်းတွင် ရဟန်းဘုန်းတော်ကြီးများမလောက်ငှခြင်းကြောင့်ဝမ်းနည်းရသော်လည်း၊ တရားထောက်အမှုတော် ဆောင်ကလေးတွေ၏လုပ်ဆောင်ချက်သည် ဘာသာဝင်တွေကို သန့်ရှင်းကြီးမြတ်နက်နဲသော မစ္ဆား တရားဆီသို့ ကူညီခေါ်ဆောင်သူတွေဖြစ်တယ် ဟုချီးကျူးခဲ့ပါသည်။။
ပုပ်ရဟန်းမင်းကြီးလီယို ၁၄ သည် ပြီးခဲ့သောတနင်္လာနေ့က အုပ်ထိန်းသူဘုန်းတော်ကြီးများ ဆရာတော် များနှင့်အတူ ပြင်သစ်နိုင်ငံမှရောမမြို့သို့ဘုရားဖူး ရောက်ရှိလာသည့် တရားထောက်ကလေးသူငယ် အယောက် ၃၆၀ နှင့် တွေ့ဆုံခဲ့ပါသည်။
ထိုတွေ့ဆုံခြင်းတွင် ရဟန်းမင်းကြီးလီယိုက ဂျူဗလီနှစ်၏သန့်ရှင်းသောတံခါးကိုဖြတ်သန်းခြင်း အခွင့် အရေးသည် ဒီကလေးသူငယ်များ သခင်ခရစ်တော်အား ပိုမိုသစ္စာရှိသောနောက်လိုက်ကောင်းများ ဖြစ် လာစေရန် ဘုရားသခင်ထံပြန်လှည့်လာခြင်းနှင့်သူတို့၏ ယုံကြည်ခြင်းနဲ့ချစ်ခြင်းမေတ္တာကို တိုးပွားစေ သော အခွင့်အရေးဖြစ်ကြောင်း။
ပြင်သစ်နိုင်ငံမှာရှိသော ကက်သလစ် လူငယ်များအားလဲ မိမိတို့၏နှလုံးသားထဲမှာရှိသော သခင်ခရစ် တော် ကိမ်းဝပ်နေသည့် ဗိမာန်တော်နှင့် စကားပြောရန်အချိန်ယူကြဖို့၊ သခင်ခရစ်တော်ကိုပိုမိုချစ်နိုင်ဖို့ ဖိတ် ခေါ်ခဲ့ပါသည်
ဆက်လက်ပြီးရဟန်းမင်းကြီးလီယိုက ဒီဂျူဗလီနှစ်သည် မျှော်လင့်ခြင်းကိုဦးတည်သလို ပြဿနာပေါင်း မြောက်များစွာနဲ့ကြုံတွေ့နေရသောဒီကမ္ဘာကြီးမှာ မျှော်လင့်ခြင်းကျေးဇူးတော် ခရစ်ယာန်တို့၏ အသက် တာအတွက်လိုအပ်ကြောင်း။
ဒီနေ့ခေတ်ကမ္ဘာကြီးမှာလူတိုင်းသည် စိုးရိမ်ပူပန်မှုတွေနာကြင်မှုတွေနဲ့ခံစားနေကြရတယ်၊ လူငယ်တွေ ကိုကျွန်ုပ်ဖိတ်ခေါ်လိုတာက သခင်ခရစ်တော်ကိုကြည့်ပါ သူကသင့်ကိုချစ်တဲ့အတွက်ကြောင့် သင့်နားမှာ ရှိတယ်။သင့်ကိုကယ်တင်ဖို့ကျေးဇူးတော်ပေးနိုင်သူဖြစ်တယ် ဆိုတာသတိရပါ။
သခင်ခရစ်တော်ကျွန်ုပ်တို့ကိုချစ်တယ်ဆိုတာသက်သေပြလို့ရတယ်။ မိမိမိတ်ဆွေ အတွက်မိမိအသက် ကိုစွန့်သောချစ်ခြင်းမေတ္တာထက်ကြီးသောမေတ္တာမရှိ။ ဒီအချက်ကိုသခင်ခရစ်တော်က သူ့ဘဝကို ပူဇော် ခြင်းအားဖြင့်ကားတိုင်ပေါ်မှာကျွန်တော်တို့ကိုပြသခဲ့တယ်။
မျှော်လင့်ချက်သည်ကျွန်တော်တို့ရဲ့ဘဝတစ်လျှောက်လုံးမှာအတူရှိနေမယ်၊ ကျနော်တို့ကို ဒုက္ခအခက် အခဲတွေကကယ်တင်ပေးဖို့အတူရှိနေမယ်၊ မုန်တိုင်းထန်တဲ့ပင်လယ်ထဲမှာကျောက်ဆူးကဲ့သို့ ကျွန်တော် တို့ကိုတည်ငြိမ်းစေမှာဖြစ်တယ်။
အံ့ဩစရာကောင်းတဲ့ကျွန်ုပ်တို့ရဲ့ကတ်သလစ်ယုံကြည်ခြင်းက ဘုရားရှင်ကိုယ်တိုင်ကတော့ သူဖန်ဆင်း ထားသော ကျန်ုပ်တို့အတွက် လိုလိုလားလားဒုက္ခခံအသေခံပြီးကယ်တင်သောဘုရားဖြစ်တယ်။ အသေခံ ချင်းအထိအနစ်နာခံချစ်ပြခဲ့သောဘုရားဖြစ်တယ်။
ဘုရားရှင်သည်ကျွန်ုပ်တို့ကိုဘယ်တော့မှမပျက်စီးနိုင်သော အသက်ကိုဆင်ဆက်မပြတ် ပေးနေတယ်၊ ကျွန်ုပ်တို့ကိုအလွန်အင်မတန်မှချစ်မြတ်နိုးတယ်။ ဒါကြောင့်ကျွန်ုပ်တို့လူသားတွေအနေနဲ့ဘုရားရှင်ကို မကြောက်ကြဖို့လိုအပ်တယ်။
ဒါကြောင့်လည်းသာသနာတော်ကြီးသည် ဘုရားရှင်ရဲ့မေတ္တာတော်ကို အောက်မေ့သတိရကြဖို့ သခင် ခရစ်တော်၏ ဒုက္ခခံခြင်း၊ အသေခံခြင်း၊ ရှင်ပြန်ထမြောက်တော်မူခြင်းတွေကို မစ္ဆားတရားတာ်မြတ်မှာ ရဟန်းတော်တွေကစဉ်ဆက်မပြတ်ပူဇော်ဖော်ပြနေခြင်းဖြစ်တယ်၊ ဒီရဟန်း တော်တွေကို သင်တို့တရား ထောက်ကလေးသူငယ်တွေကကူညီပေးနေခြင်းဖြစ်တယ်။
တရားထောက်ကလေးသူငယ်တို့ မစ္ဆားတရားတာ်မြတ် တင်ပူဇော်ခြင်းဟာငါတို့ကိုကယ်တင်ပေးတယ်။ ဒီနေ့ကမ္ဘာကြီးကိုကယ်တင်ပေးတယ်။ ဒီအရာသည်အသင်းတော်၏ အသက်ဖြစ်သလို ခရစ်ယာန်တို့ရဲ့ နေ့စဉ်အသက်တာမှာလဲ အရေးကြီးဆုံးအချက်ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ဒီနေရာမှာ ဘုရားရှင် သည် သူ့ရဲ့မေတ္တာတော်ကိုအကြိမ်ကြိမ်ပေးနေတယ်ဆိုတာကို ငါတို့ထိတွေ့ခံစားရလို့ပါပဲ။
ခရစ်ယာန်တွေဟာ ဒီ မစ္ဆားတရားတာ်မြတ်ကို တာဝန်အရတက်တာမဟုတ်ဘူး ဘုရားရှင်ရဲ့အသက်တာ ငါတို့ထဲမှာလိုအပ်လို့၊ ဘုရားရှင်ကိုချစ်လို့တက်ကြခြင်းဖြစ်တယ်။ ဒီအချက်ကိုနားလည်သဘော ပေါက် ရမယ်။
ရဟန်းမင်းကြီးလီယိုကဆက်လက်ပြီး တရားထောက်ကလေးသူငယ်များအား သာသနာနယ်အတွင်းမှာ သင်တို့၏ရက်ရောစွာဆက်ကပ်မှုများအတွက် သင်တို့ကိုကျေးဇူးတင်ပါတယ်၊ တစ်ချိန်တည်းမှာပဲ သင် တို့ ဆက်ကပ်လုပ်ကိုင်သောပူဇော်ခြင်းသည် သန့်ရှင်းစင်ကြယ်တယ်။ကြီးမြတ်တယ်ဆိုတာကို သင် တို့ကောင်းတဲ့မှာဆွဲမှတ်ထားကြပါ။
သင်တို့၏စိတ်နေစိတ်ထား၊ သင်တို့၏တိတ်ဆိတ်ငြိမ်သက်မှုကို၊ တရားထောက်ခြင်း၏ဂုဏ်သိက္ခာ၊ သင် တို့၏ရိုသေလေးစားသောအမူအရာများသည် ကြီးမြတ်နက်နဲသော ဘုရားရှင်၏ပူဇော်ခြင်းစီသို့ ယုံ ကြည်သူဘာသာဝင်များကိုခေါ်ဆောင်နိုင်ပါစေ။
ဆက်လက်ပြီး ရဟန်းမင်းကြီးလီယို မှ ပြင်သစ်ပြည်မှာ ရဟန်းဘုန်းတော်ကြီးနည်းပါးခြင်း အခြေနေ သည် ပြင်သစ်ပြည်ရှိအသင်းတော်အတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်နေတဲ့အတွက် လူငယ်များအနေဖြင့် ရဟန်းဘဝခေါ်တော်မူခြင်း၊ သူတော်စင်ဘဝခေါ်တော်မူခြင်းများကိုစဉ်းစားကြဖို့ တိုက်တွန်းခဲ့ပါသည်။
နိဂုံးချုပ်အနေနဲ့ ရဟန်းမင်းကြီးလီယိုကတော့ တရားထောက်ကလေးသူငယ်များအား တရားထောက် ခြင်းအပေါ်ဂုဏ်ယူခြင်းနှင့် မစ္ဆားတရား၌ပျော်ရွှင်စွာပါဝင်ခြင်း ဒီအရာများကိုသက်သေခံကြဖို့၊ သင်တို့ ရဲ့စက်ကပ်မှုလေးကိုကမ္ဘာကြီးအတွက် မျှော်လင့်ချက်တစ်ခုအဖြစ်ပူဇော်ကြဖို့ တိုက်တွန်းခဲ့သည့် အကြောင်း ဗာတီကန်သတင်းဌာနက ဖော်ပြထားပါတယ်။
ဘာသာပြန်- Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org

