
‘အဖေ့ကြောင့်’’ဆိုတဲ့ ဖခင်မေတ္တာအကြောင်း။
ဒီနေ့မှာ ‘‘အဖေ့ကြောင့်’’ဆိုတဲ့ ဖခင်မေတ္တာအကြောင်းကို ကျွန်မဖတ်ဖူးတဲ့ စာစုလေးကနေ တဆင့် မျှဝေပေးသွားမှာဖြစ်ပါတယ်။
စာမူရှင်ရေးသားထားတဲ့အတိုင်း တင်ပြပေးသွားပါ့မယ် သားတစ်ယောက်က သူ့ဖခင်ကို မကျေနပ်ခဲ့ဘူး။
သူ့ဖခင်အိမ်မှာ နေထိုင်ရတာကို သူမနှစ်သက်ခဲ့ဘူး၊ အဓိကကတော့ အဆက်မပြတ်ပြောဆို နေတဲံ အဖေ့ကြောင့်ပါ။
‘‘အခန်းကထွက်ရင် ပန်ကာပိတ်ထားလေ’’
‘‘ဧည့်ခန်းမှာ တီဗီဖွင့်ထားပြီး ဘယ်သူမှ မကြည့်ဘူးဘာလို့ မပိတ်တာတုန်း’’
‘‘တံခါးကို သေသေချာချာပိတ်ပါ’’
‘‘ရေအလဟဿမဖြုန်းနဲ့’’
သူ့ဖခင်က ဒီလိုအသေးအမွှားအရာတွေနဲ့ သူ့ကို အနှောင့်အယှက်ပေးနေတာကို သူမကြိုက် ခဲ့ဘူး။
သူသည်းခံနေခဲ့တယ်။ တစ်နေ့မှာ အလုပ်အင်တာဗျူး ဖုန်းခေါ်ဆိုမှုတစ်ခု ရခဲ့တဲ့အထိပါပဲ။
ဒီအလုပ်ရပြီဆိုတာနဲ့ ဒီမြို့ကနေထွက်သွားမယ် အဖေ့ရဲ့ ညည်းငြူသံတွေ နားမှာမကြားရ တော့ဘူး’’လို့ သူစဉ်းစားမိတယ်။
သူအင်တာဗျူးဖြေဖို့ ထွက်ခွာသွားတော့မယ့်အချိန်မှာ သူ့ဖခင်က အကြံပေးလိုက်ပါသေး တယ်။ ‘‘မေးခွန်းတိုင်းကို ယုံကြည်မှုအပြည့်နဲ့ဖြေပါ။ အဖြေမသိရင်တောင် သေချေပေါက် သိသလို ပြောပါ။’’တဲ့
ပြီးတော့ အဖေက အင်တာဗျူးအတွက်လိုအပ်တဲ့ ငွေထက်ပိုပိုလိုလို ထည့်ပေးလိုက်တယ်။
အင်တာဗျူးနေရာရောက်တော့၊ သူသတိထားမိတာက ဝင်ပေါက်မှာ လုံခြုံရေးမရှိဘူး။
ခြံတံခါးက ကျယ်ကျယ်ပြန့်ပြန့်ဖွင့်ထားပြီး တံခါးရွက်က အပြင်ဘက်ကို လှဲနေကာ ဖြတ်သွားဖြတ်လာလူတွေကို အနှောက်အယှက်ဖြစ်စေနိုင်တယ်ဆိုတာ တွေ့လိုက်တော့ သူက တံခါး ကို ညင်ညင်သာသာ ပိတ်ပြီး အတွင်းကိုဝင်လိုက်တယ်။
လမ်းဘေးတစ်လျှောက်မှာ လှပတဲ့ပန်းတွေ တွေ့ရပေမယ့် ဥယျာဉ်မှူးက ရေပိုက်ကို ဒီအတိုင်းကြီးဖွင့်ထားခဲ့တယ်။ ရေတွေကနေရာတိုင်းမှာ ယိုစီးနေတယ် သူက ပိုက်ကို ညှိပြီး အပင် တွေအမှန်တကယ်လိုအပ်တဲ့ နေရာမှာ ထားပေးလိုက်တယ်။
Reception မှူး မရှိပေမယ့် စာရွက်တစ်ခုမှာ ‘‘အပေါ်ထပ်မှာ အင်တာဗျူးဖြေပါလို့ ရေးထား တာ တွေ့ရတော့ သူဖြည်းဖြည်းချင်း အပေါ်တက်သွားတယ်။
လှေကားအတတ်မှာ မီးတွေဖွင့်ထားဆဲ ဖြစ်နေတယ်။ မနက် (၁၀)နာရီဖြစ်နေပြီဖြစ်ပေမယ့် ညဉ့်ကတည်းက ဖွင့်ထားဟန်ရှိနေတော့။
သူ့ဖခင်အသံကို သတိရမိတယ်။
‘‘ဘာလို့အခန်းကထွက်လာတဲ့အခါ မီးဖွင့်ထားတာလဲ’’
စိတ်အနှောက်အယှက်ဖြစ်ပေမယ့် သူမီးခလုတ်ကို ရှာပြီး ပိတ်လိုက်တယ်။
အပေါ်ထပ်ခန်းမကြီးတစ်ခုမှာ လူအများကြီးစောင့်နေကြတယ်။ သူဝင်လာတဲ့အခါ ခြေသုတ်ခုံ အပေါ်အောက်မှောက်နေတာ သတိထားမိတယ်။
သူက နည်းနည်းသက်ပြင်းချပြီး ပြန်လည်စီစဉ်လိုက်တယ်အကျင့်ဟောင်းတွေဆိုတာ ဖျောက်ဖို့ခက်တယ်လေ။
သူရောက်သွားတော့ ရှေ့ခုံတွေက ပြည့်နေပြီး နောက်ခုံတွေမှာ လွတ်နေတာတွေ့တယ်။
ပန်ကာတချို့က လူမထိုင်တဲ့ ခုံတွေပေါ်မှာ တရွှီရွှီလေပေးနေတယ်။
ထပ်ပြီး သူ့ဖခင်ရဲ့ အသံက စိတ်မှာပေါ်လာပြီး ‘‘ဘာလို့ ဘယ်သူ့မှ မထိုင်တဲ့နေရာမှာ ပန်ကာ တွေဖွင့်ထားတာလဲ’’
သူက မလိုအပ်တဲ့ ပန်ကာတွေကို ပိတ်ပြီး နောက်ခုံမှာ ထိုင်လိုက်ပါတယ်။
အင်တာဗျူးဖြေသူတစ်ယောက်ပြီးတစ်ယောက် အခြားတံခါးကနေ ဝင်ပြီးထွက်သွားကြ တယ်။ ဘာမေးခွန်းတွေမေးတာလဲဆိုတာ ဘယ်သူမှ မသိဘူး။
နောက်ဆုံးမှာတော့ သူ့အလှည့်ရောက်လာပြီး သူက စိုးရိမ်စိတ်နဲ့ ဝင်လာတယ်။
အင်တာဗျူးတဲ့သူက သူ့စာရွက်စာတမ်းတွေယူပေမယ့် ကြည့်တောင်မကြည့်ဘူး။
‘‘ဘယ်တော့ အလုပ်စနိုင်မလဲတဲ့’’
သူချက်ချင်း အံ့သြသွားတယ်
‘‘စတာ ဒါဟာလှည့်စားမေးခွန်းလား’’
ဒါမှမဟုတ် သူက အလုပ်ကမ်းလှမ်းနေတာလား?
သူဝေခွဲမရဖြစ်နေတယ်။
အင်တာဗျူးတဲ့သူက သူမရေမရာ ဖြစ်နေတာကို သတိထားမိပြီး။
‘‘ဘာလို့ မေးခွန်းတွေ မမေးတာလဲ’’ဆိုတာ သိချင်နေမယ်ထင်တယ်။
‘‘တကယ်တော့ မေးခွန်းတွေက လူတစ်ယောက်ရဲ့ သဘာဝအစစ်အမှန်ကို မဖော်ပြနိုင်ဘူးလို့ ကျွန်တော်ယုံကြည်လို့ပါ။
‘‘လူတွေရဲ့ လုပ်ရပ်ကိုကြည့်ဖို့ ကျွန်တော်တို့ ပိုနှစ်သက်လို့ပါ’’
‘‘ကျွန်တော်တို့ကို ကင်မရာတွေနဲ့ လူတိုင်းကို စစ်ဆေးခဲ့တာပါ။ တံခါးပိတ်တာ၊ ရေပိုက် ညှိတာ၊ မီးပိတ်တာ၊ ခြေသုတ်ခုံခင်းပြန်ပြုပြင်တာ၊ ပန်ကာပိတ်တာ၊ အဲ့ဒီလိုလုပ်တဲ့သူတစ်ယောက်ပဲ ရှိနေတယ်။
‘‘အဲ့ဒီလူက မင်းပါပဲ၊ ဒါကြောင့် မင်းကို အလုပ်ခန့်လိုက်တာပါ’’တဲ့
အဲ့ဒီအချိန်မှာ သူ့ဖခင်သင်ပေးခဲ့တဲ့ အရာတိုင်းဟာ အဓိပ္ပါယ်ရှိတယ်ဆိုတာ သူနားလည်သွား ပါပြီ။
စိတ်၊ အနှောက်အယှက်ဖြစ်ခဲ့တဲ့ စည်းကမ်းတွေအားလုံးက သူ့ပထမဆုံးအလုပ် သူရအောင် ကူညီပေးခဲ့တာပါ။
စိတ်တိုစိတ်ဆိုးမှုတွေ ပျောက်ကွယ်သွားပြီ၊
ကျေးဇူးတင်စိတ်နဲ့ပေါ့။
နောက်တော့ ဆုံးဖြတ်လိုက်တယ်။
‘‘အဖေ့ကိုပါ ခေါ်သွားပြီး အတူနေမယ်’’ဆိုပြီး ဆုံးဖြတ်လိုက်ပါတော့တယ်။

