ခရစ်ယာန်တို့၏ချစ်ခြင်းမေတ္တာတရားသည် တိန်းရှောင်ခြင်းမဟုတ် ဆုံးဖြတ်ချက်ချခြင်းသာဖြစ်သည်။

အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်း၊နေ့ခင်းမေတ္တာရွတ်ဆိုခြင်းနှင့် ဘာသာတရားသွန်သင်ခြင်းအမှုမှာ ပုပ်ရဟန်းမင်းကြီးလီယို ၁၄ က မျှော်လင့်ခြင်းဂျူဗလီနှစ် အကြောင်းကို ခြေခံပြီး ဂျက်စေမာနီ ဥယျာဉ်အတွင်းမှာ သခင်ခရစ်တော် ဖမ်းဆီးခံရချိန် မတရားမှု၊ ကြောက်ရွံမှု၊ အထီးကျန်ဆန်မှုနှင့် ဘုရားတည်ရှိနေခြင်း စသည့်ခံစားရသည့်အကြောင်းများကိုထောက်ရှု့ ဝေမျှခဲ့ပါ သည်။

ဧဝံဂေလိကျမ်းရေးပုဂ္ဂိုလ် ယောဟန်က သခင်ခရစ်တော်ကိုလာရောက်ဖမ်းဆီးချိန်တွင် ကြောက်ရွံ့နေသူတစ်ယောက်၊ ထွက်ပြေးတိန်းရှောင်ဖို့ကြိုးစားသူတစ်ယောက်ဖြစ်မဖော်ပြခဲ့ဖူး။ ထိုအစားမေတ္တာတရား၏ အမြင့်ဆုံးသောအချိန်ကိုဖော်ပြရမည့် လွတ်လပ်သောလူတစ်ယောက်ကဲ့သို့ သူ၏ အချိန်နာရီကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့တယ်။

ဖမ်းဆီးခံရခြင်း၏သားကောင်မဟုတ် ပေးဆပ်သူသာဖြစ်တယ်

ဒီအချိန်နာရီမှာသူဘာဖြစ်မယ်ဆိုတာကိုသခင်ခရစ်တော်သိခဲ့တယ်။ ဒီအချိန်နာရီကိုသူ ရဲရဲရင့်ရင့် ရင် ဆိုင်တယ်၊ ကြောက်ရွံ့ခြင်းနောက်ဆုတ်ခြင်းမရှိ၊ သူ့ကိုယ်သူဖမ်းဆီးသူတွေရဲ့လက်ကိုအပ်နှံခဲ့တယ်။ ခုခံနိုင်စွမ်းမရှိလို့၊ အားနည်းချက်အပြစ်အနာစာရှိလို့ မဟုတ်ဘူး ချစ်လွန်းလို့သာဒီအရာကို လက်ခံ ခဲ့တယ်။၊ ပြည့်ဝတဲ့ချစ်ခြင်းမေတ္တာဟာရင့်ကျက်တယ်။ငြင်းပယ်ခံရခြင်းကို မကြောက်ရွံ့ဘူး။

သခင်ခရစ်တော်ဟာဖမ်းဆီးခံရခြင်း၏ သားကောင်မဟုတ်ဘူး။သူ့ကိုယ်သူပေးအပ်လိုက်ခြင်းသာ ဖြစ် တယ်။ လူသားအားလုံး၏ကယ်တင်ခြင်းအတွက်သူ့ကိုသူပေးအပ်လိုက်သောအရာဖြစ်တယ်။ ဒီအချက် ဟာအမှောင်ကျဆုံးအချိန်မှာတောင် အဆုံးတိုင်လွတ်လပ်စွာချစ်ခြင်းမေတ္တာ၌ တည်ရှိနေခြင်း ကိုသက် သေပြလိုက်ခြင်းပါပဲ။

စစ်မှန်သောချစ်ခြင်းမေတ္တာ၏လုပ်ရပ်။

ဒီနက်နဲရာ အချက်နဲ့ပတ်သက်ပြီးတော့ ရဟန်းမင်းကြီးလီယိုက သင်တို့ရှာနေသောပုဂ္ဂိုလ်သည် ငါပင် ဖြစ်သည်ဟု သခင်ခရစ်တော်ပြောဆိုချိန်မှာ၊ ဖမ်းဆီးဖို့လာတဲ့စစ်သားတွေဟာမြေပေါ်မှာ လဲကျခဲ့ကြ တယ်။ ဒီနေရာမှာ သတိထားရမည့်နက်နဲရာ အချက်တစ်ခုက ငါပင်ဖြစ်သည်ဆိုတဲ့စကားပါပဲ။ ဒီစကား ဟာ I am who am. ဒါကဘုရားလို့ခေါ်တဲ့အသုံးအနှုန်းဖြစ်တယ်။ ဒီအချိန်ဒီနေ ရာမှာဘုရားရှိနေတယ်၊ ဒီအချက်ကကျွန်တော်တို့လူသားတွေသိရှိရမည့်အရာက စွန့်ပစ်ခံရတယ်လို့ ခံစားရဆုံးအချိန်၊ ကြောက် ရွံ့နေရချိန်၊ မတရားမှုတွေခံနေရချိန်တွေမှာ၊ အဲ့နေရာမှာဘုရားရှိနေတယ်ဆိုတာကိုသိရမယ်။ ဒီအချိန် ဒီနေရာဟာ အမှောင်ထုကိုကျော်ပြီးစစ်မှန်တဲ့မေတ္တာအလင်းရောင်ဟာ ကြောက်ရွံ့မှုကင်းမဲ့စွာ တောက် ပတော့မယ့်အချိန်ဖြစ်တယ်။

ဘဝအမှောင်ကျချိန်အရာရာအားလုံးပျက်စီးဆုံးရှုံးချိန်မှာ ခရစ်ယာန်တို့ရဲ့မျှော်လင့်ခြင်းဟာ ရှောင်လွှဲ သွားသောအရာမျိုးမဟုတ် ဆုံးဖြတ်ချက်တစ်ခုသာဖြစ်တယ်။ ဘုရားရှင်သည် ငါတို့ကိုဒုက္ခခံရခြင်းမှ ဖယ်ရှားပေးမှမဟုတ်ဘူး။ အဲဒီဒုက္ခတွေကိုခံနိုင်ဖို့ချစ်ခြင်းမေတ္တာရဲ့ဇွဲလုံးလောက်သန်မာမှုကိုပေးမယ်။ ဒီရာကိုရဖို့က လေးနက်စွာဆုတောင်းသောအသက်တာမှာသာရနိုင်တယ်။

သခင်ခရစ်တော်ဟာသူအဖမ်းခံရချိန်မှာတောင်သူ့အတွက်သူမစိုးရိမ်ခဲ့ဘူး။ သူ့ရဲ့တပည့်တော်ကြီးတွေ ကိုကယ်တင်ဖို့အတွက်စိတ်ရောက်နေခဲ့တယ်။၊ ဒီအချက်ဟာ သူ့ရဲ့စစ်မှန်တဲ့မေတ္တာရဲ့လုပ်ဆောင်ချက်၊ သူဖမ်းဆီးဒုက္ခခံနေရချိန်တောင်မှ သူ့ရဲ့မိတ်ဆွေတွေကိုလွတ်လပ်စွာသွားစေခဲ့တယ်။။ ကြီးမားတဲ့ မေတ္တာရဲ့လုပ်ရပ်ပါ။

သခင်ခရစ်တော်ဟာဒီအချိန်ဒီနာရီ အတွက် သူဘဝတစ်လျှောက်လုံးပြင်ဆင်ခဲ့တယ်။၊ ဒါကြောင့်လည်း ဒီအချိန်ဒီအခြေအနေကိုရဲဝင့်စွာရင်ဆိုင်ခဲ့တယ်။ ချစ်ခြင်းမေတ္တာနဲ့ပေးဆပ်ခြင်းအလုပ်ဟာ ကျရှုံးခြင်း မဟုတ်ဘူး၊ မေတ္တာကြောင့်ပြီးမြောက်ပြည့်စုံစေချင်တာဖြစ်တယ်ဆိုတာသူနားလည်ခဲ့တယ်။

ဒီနေရာမှာနားလည်ရမှာက ကားတိုင်တင်ကွပ်မျက်ခြင်းခံရမည့်ခရီးလမ်းမှာ သခင်ခရစ်တော် ဒုက္ခမခံရ တာမဟုတ်ဘူး၊ ချစ်ခြင်းမေတ္တာနဲ့သူ့ရဲ့အသက်တာကိုပေးဆပ်တာဖြစ်တဲ့အတွက်သူဟာဒီဒုက္ခကို ထမ်း ဆောင်နိုင်ခဲ့ခြင်းသာဖြစ်တယ်။

ဒါကြောင့်စစ်မှန်တဲ့မျှော်လင့်ခြင်းဟာဒုက္ခခက်ခဲကို နာကျင်ခြင်းကိုရှောင်လွှဲခြင်းမဟုတ်ဘူး၊ အမြင့်ဆုံး မတရားမှုခံနေရချိန်တောင်မှ ဝှက်ကွယ်ထားသော အသစ်သောဘဝအသက်တာကို ရှာဖွေခြင်းမှာ ယုံကြည်နေခြင်းဖြစ်တယ်။

ဒီအချက်တွေကငါတို့ဘဝနဲ့ဘယ်လိုပတ်သက်နေသလဲ။

ငါတို့ဘဝတွေရဲ့အထီးကျန်ဆန်မှုတွေ၊ လုံခြုံရေးတွေ၊ အနာဂါတ်ပြင်ဆင်မှုတွေ၊ အသက်တွေကို ကာကွယ်နေရချိန်မှာတောင် ဘုရားရှင်ကငါတို့ကို ဧဝံဂေလိတရားတော်ရဲ့အခြေခံကျမှုဆီကို ဦးတည် ဖို့အားပေးနေတယ်။

အရာရာအားလုံးဆုံးရှုံးနေရချိန်မှာတောင်မှမေတ္တာတစ်ခုတည်းကသာလျှင်စစ်မှန်သောယုံကြည်မှုကိုအစားထိုးပေးနိုင်တယ်၊ ဒါဟာအပြည့်အဝပေးဆပ်ခြင်းတစ်ခုသာဖြစ်တယ်။

သခင်ယေဇူး ဖမ်းဆီးခံရချိန်မှာ အဝတ်မပါဘဲထွက်ပြေးတဲ့ လူငယ်လေးတစ်ယောက် ရဲ့ပုံတူ ပန်းချီကား လေးကိုအခြေခံပြီး ရဟာမင်းကြီးကရှင်းပြတယ်။ ဒီပန်းချီကားထဲကအခြေအနေမျိုး ကျွန်တော်တို့ရဲ့ ဘဝတွေမှာလည်းဖြစ်တယ် ဒုက္ခအမှောင်တိကျချချိန်၊ ဖမ်းဆီးခံရတော့မယ့်ရန်သူတွေဝိုင်းနေချိန် ဒီလို အခြေအနေမျိုးမှာ ဘုရားရှင်ရဲ့နှုတ်ကပတ်တော်ကိုစွန့်ပစ်ပြီးအဝေးကိုထွက်ပြေးကြတယ်။ ပြီးတော့ ဒီလောက်ထိချစ်နိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူး လို့ တွေးခေါ်ကြတယ်။

ဒီပန်းချီကားထဲကလူကလေးပဲ နောက်ပန်းချီကားတစ်ခုမှာ အဝတ်ဖြူကိုဝတ်ပြီးတော့မှ သခင်ခရစ်တော် ရဲ့ရှင်ပြန် ထမြောက်ခြင်းကိုကြေညာနေတဲ့ပုံကိုတွေ့ရတယ်။ ဒီအချက်ဟာငါတို့ယုံကြည်ခြင်း ရဲ့မျှော် လင့်ချက်ပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီကောင်လေးရဲ့လုပ်ရပ်ကိုဘုရားရှင်ခွင့်လွှတ်သလို ငါတို့ကိုလည်း ခွင့်လွှတ်တယ်။

ဘုရားရှင်ရဲ့ခွင့်လွှတ်ခြင်းကျေးဇူးတော်သည် ငါတို့ရဲ့အပြစ်ပေါ်မှာမူတည်ပြီးကန့်သတ်ထားတာမရှိဘူး။ ငါတို့ကိုသူ့ရဲ့နောက်လိုက်ပြန်ဖြစ်စေဖို့အခွင့်အ‌ရေးပေးတယ်။ ငါတို့ရဲ့ဘဝတွေကိုတခြားသူ အတွက်ပေး ဆပ်နိုင်သောသူတွေဖြစ်အောင်လုပ်ဆောင်ပေးတယ်။ သူကို၌ကရှေ့ကလမ်းပြခဲ့တယ်။

ဒီတပတ်ဗုဒ္ဓဟူးနေ့အတွက် ဘာသာတရားသင်ကြားခြင်းအဆုံးမှာတော့ ရဟန်းမင်းကြီးလီယို ၁၄ က လူတိုင်း မိမိတို့ရရှိထားသောကောင်းသော‌ကျေးဇူး‌တော်များ ဖြင့် တွေ့ကြုံသမျှတိုင်းကိုတုံ့ပြန်ကြဖို့၊ အရာရာအားလုံးကိုငါတို့ထိန်းချုပ်လို့မရနိုင်ချိန်မှာ နေ့စဉ်အသက်တာထဲက မေတ္တာတရားကို ရွေးချယ် ခြင်းဟာလုံလောက်ပါတယ်။၊ ဘဝရဲ့အမှောင်ကျဆုံးနေ့တွေဟာ ဘုရားရဲ့မေတ္တာအဲ့ဒီမှာရှိတယ်ဆိုတာ ကိုဖော်ပြနေတယ်။ ရှေ့မှာထာဝရအသက်ကိုရရှိဖို့ ငါတို့အတွက်ပြင်ဆင်ပေးနေတယ်ဆိုတာ ငါတို့ရဲ့ မျှော်လင့်ခြင်းကသတိပေးနေတယ်။ ဟူသောအချက်အားဖြင့်ဒီတပါးအတွက် ဘာသာတရားသွန်သင် ခြင်းကို အဆုံးသတ်ထားပါသည်။။

ဘာသာပြန်- Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *