
အမေရိကန် နိုင်ငံရှိ ကက်သလစ် စာသင်ကျာင်း တစ်ကျောင်းတွင် ကလေးသူငယ်များ သေနတ်ဖြင့်ပြစ်ခတ်ခံရမှု့အတွက် ပုတ်ရဟန်းမင်းကြီး ဝမ်းနည်းကြောင်းထုတ်ဖော်။

ပြီးခဲ့သည့် သြဂုတ်လ၂၇ရက်နေ့ မနက် ၈:၃၀ နာရီခန့်က အမေရိကန် နိုင်ငံ Minnesota ပြည်နယ် Minneapolis မြို့ရှိ Annunciation ကက်သလစ် ဘုရားကျာင်းနှင့် စာသင်ကျောင်းဝင်းအတွင်းရှိ ဘုရားကျောင်းတွင် စာသင်ကျောင်းများပြန်ဖွင့်ခြင်းအတွက် ဘုရားဝတ်ပြုခြင်းနဲ့စတင်ဖို့ ရောက်ရှိစုရုံးနေကြသော မူကြိုမှအလယ်တန်းထိ ကလေးသူငယ်ကျောင်းသူကျောင်းသားများ နှင့် ဘာသာဝင်များကို ဘုရားကျောင်း ပြတင်းပေါက်မှ သေနတ်သမားတစ်ဦးက ပြစ်ခတ်ခဲ့ခြင်းကြောင့် အသက် ၈ နှစ်နှင့် ၁၀ နှစ် အရွယ်ကလေးငယ်နှစ်ဦးသေဆုံးခဲ့ပြီး ၁၇ဦးဒဏ်ရာရခဲ့ကြောင်း၊ ထိုဒဏ်ရာရသူများထဲ တွင်ကလေး ငယ် ၁၄ ဦးပါဝင်ကြောင်း၊ ကလေးငယ် ၇ နစ်ဦးမှာစိုးရိမ်ရသောအခြေအနေတွင်ရှိနေကြောင်း၊ ပစ်ခတ် သူသေနတ်သမားမှာလည်း ပစ်ခတ်မှုအပြီး မိမိကိုယ်ကိုယ်အဆုံးစီရင်သွားသည်ဟုယုံကြည်ရကြောင်း ဗာတီကန် သတင်းဌာနမှဖော်ပြထားပါသည်။
ထိုပစ်ခတ်မှုကြောင့်သေဆုံးသွားကြသောကလေးသူငယ်များ၊ ဒဏ်ရာရရှိကြသူများ၊ ဝမ်းနည်းပူဆွေးနေကြသော မိဘဆွေမျိုးများအတွက် ဝမ်းနည်းကြာင်းထုတ်ဖော်ခြင်းနှင့် ဒီအနိဋ္ဌာရုံကြုံတွေ့ကြရသော သူများအတွက် ဆုတောင်းပေးခြင်းနှင့်အတူရှိနေကြောင်း၊ သေဆုံးသွားကြသောကလေးသူငယ်များကို ဘုရားရှင်၏ချစ်ခြင်းမေတ္တာမှာ ဆုတောင်းပူဇော်ပေးထားကြောင်းနှင့် ဒဏ်ရာရသူကလေးသူငယ်များကို ကုသပေးနေသောဆရာဝန်များ၊ တာဝန်ယူကာကွယ်စောင့်ရှောက်ရသောဘုန်းတော်ကြီးနှင့် ဝမ်းနည်းပူဆွေးနေကြသောသူများအားလုံးအတွက်ဆုတောင်းပေးနေကြောင်း ပုတ်ရဟန်းမင်းကြီးလီယို ၁၄ က ဖော်ပြထားကြောင်းဗာတီကန်သတင်းဌာနက ထုတ်ပြန်ထားပါသည်။။
ဘာသာပြန်- Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org

